(၁၂)ကြိမ်မြောက် အလှူလိုက်ခဲ့တဲ့ အတွေ့အကြုံလေးတွေ
ကဲသွားခဲ့ပြန်ပြီတစ်ခေါက် ရောက်ခဲ့တာကလှိုင်သာယာကို..........
ဒီတစ်ခေါက်တော့ လိုက်တဲ့သူကနည်းလှပါတကား.........
အတွေ့များတာက ပြင်ညာရေး (အာ ပညာရေးပါ) မှားသွားတာဗွေမယူပါနဲ့နော
တွေ့နေကျလူတွေပါဘဲလေ....တော်တော်လေးကို စေတနာကောင်းတဲ့ မမတွေဘဲ.... ဟိုတစ်ခေါက် မင်းကုန်းကျောင်းကိုသွားတုန်းက ဘိုဘီရှောင်းနဲ့ မမက ထမီစကပ်နဲ့ပါလား အကျီ င်္က အ၀ါလေးနဲ့ ဟိဟိ.....
ပြင်ညာရေးက မမတွေက တစ်ခေါက်ကို တစ်ယောက်ပြောင်းတယ်နော်......ပေါတာပြောပါတယ်....ဒီတစ်ခေါက်ပေါတာက နံမည်စုံစမ်းကြည့်တော့ လပြည့်ဆိုလား လကွယ်ဆိုလားပဲ သေချာတော့မသိ စကားအရပြောရမယ်ဆိုရင်တော့ ပေါချက်က 9 လောက်ရှိတယ်...ပေါ့ဗျာ...ဟိဟိ တော်တာကတော့ တော်ပါတယ်...ဒါပေ့မယ်ချာနေတာကခက်တယ်....(ချာ=ပေါချာချာ)....ရောက်တော့ ကားက၀င်လို့မရဘူးဆိုတော့ သေပြီထင်တာ ဆန်အိတ်တွေက အများကြီးပဲလေ.....သယ်ရရင်တော့ ခက်ပြီလို့တွေးနေတုန်း ကျောင်းထဲက ကားသေးလေးထွက်လာပြီး ဆန်အိတ်တွေ သယ်ပေးလို့ တော်သေးနော....ဒါနဲ့ကျောင်းပေါ်ကိုရောက်တယ်ပဲ ပြောကြပါဆို့လေ....ကျောင်းပေါ်ရောက်တော့ ဆရာလေးများကို ဆွမ်းကပ်တယ်ပေါ့လေ....အဲပြောရဦးမယ် ကျောင်းကိုရောက်တော့ အလုပ်ရှုပ်နေတာ တစ်ဖွဲ့ရှိသေးသဗျ...အဲဒါက စာရင်းလုပ်တဲ့အဖွဲ့ ပဲ...။ရေးလိုက်ကြ တွက်လိုက်ကြတာများဗျာ...ကိုယ်တွေဝါးတီးရောက်မှာပဲ နားတော့တယ် ...။အေးပေါ့ လေ အလုပ်ဆိုတဲအမျိုးကိုက များချင်ရင်လုပ်လို့မှ မဆုံးဘူးမို့လား...။နားလည်ပါတယ်လေ....။ယူထားတဲ့တာဝန်တွေ အရသိရတာတော့ လုပ်နေကြတဲ့ကောင်မလေးတွေက ပြင်ညာရေးက ဟေလွင်ဥ နဲ့ဝိုင်းလေးဆိုပဲ...။ဒါပေ့မဲ့ ကောင်မလေးတွေနာမည်တွေက တစ်မျိုးပဲ ဟေလွင်ဥတော့ မဖြစ်တန်ရာ ဟေလွင်ဦးပဲထင်ပါတယ်...နောက်တစ်ယောက်ကကြတော့ ၀ိုင်းလေး တဲ့ ကောင်လေးတွေများ ၀ိုင်းနေလို့ခေါ်တာများလားမသိ.....ဒါပေ့မယ် နာမည်သိသောကိုကို မမများကို စုံစမ်းကြည့်တော့ မဟုတ်ပါဘူးတဲ့ နာမည်တွေက ဟေလွင်ဦးနဲ့ ခင်ခင်ဝိုင်းပါတဲ့ဗျာ......။နောက်ပါလာသေးတယ် နှာစင်းက မမတွေတဲ့ တွေ့ရတာတော့ မမတွေကို သူနာပြုလို့ကို မထင်ရဘူး (အဲထက်ပိုခန့်နေလို့) တွေ့နေကျမြင်နေကျ ဆေးရုံက သူနာပြုမမတွေထက် စိတ်ရင်းစေတနာကောင်းလွန်းလို့လေ.....။ဒါနဲ့ပဲဝါးတီးပေးပြီးတော့ တရားနာကြတယ်လေ.....။ဒီ စာသင်ကျောင်းကို ဦးစီးဦးဆောင်ပြုနေတဲ့ သီလရှင်ဆရာကြီးကို တော်တော်လေးကို လေးစားကောင်းတယ်ဗျ...။အဲဒီသီလရှင်ဆရာကြီးက နေမကောင်းရှာဘူးလို့ သိရတယ်ဗျာ...။ဒါပေ့မယ်ကြီးမားတဲ့ ပါရမီရှင်ဆိုတော့လဲ ကျောင်းရဲ့ လိုအပ်ချက်တွေကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတာတွေ့ရတော့ မျက်ရည်လေးတောင်လည်မိသေးသဗျ...။အခုတစ်ခေါက်ရောက်တဲ့ကျောင်းကတော့ တော်တော်လေးကို နွမ်းပါတာကိုတွေ့ရတယ်ဗျာ....ကျောင်းကပြီးတယ်လို့ကိုမဆိုနိုင်ဘူး ကျောင်းဖြစ်ရုံပဲဗျာ....။ပြီးတော့မှဆက်ရေးမယ်ဗျာ..ရေးရင်းနဲ့မျက်ရည်လည်လာပြီ...
.ကွန်ပျူတာကြည့်တာများသွားလို့....ဟိ
လာမည်မျှော်ပေါ့ဗျာ.....

0 comments:
Post a Comment