* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, September 7, 2009

ဥဒ္ဒိဿစေတီအကြောင်း

မေး။ ။ ဥဒ္ဒိဿစေတီရဲ့ အဓိပ္ပါယ်ကို တပည့်တော်မသား နားလည်အောင် ဖြေကြားပေးတော်မူပါဘုရား။
မငယ်
ဆစ္ဒနီ၊သြစတေးလျား

ဥဒ္ဒိဿ ဆိုတဲ့ပါဠိဟာ-
ရည်စူးအပ် ရည်ညွန်းအပ်တဲ့ အရာဝတ္ထုကို ဟောပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ ပုံတော်ကို အတုပြုလုပ် ထားတဲ့ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူပုံကို ဥိဒ္ဒိဿစေတီ လို့ခေါ်ပါတယ်။ ရုပ်ပုံတော်ကို အတုပွားထားတဲ့အတွက် ရုပ်ပွားတော် လို့ အမည်ပေးပြီး ဘုရားရှင်ရဲ့ အဆင်းပုံသဏ္ဍာန်ကို အတုလုပ်ထားသောကြောင့် ဆင်းတုတော် လို့ အမည်ပေး ထားခြင်း ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတုတော် မပါလည်း စိတ်ထဲကနေ အာရုံပြုအပ်တဲ့ ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီ လို့ ခေါ် နိုင်ပါတယ်။

ဥဒ္ဒိဿ- ရည်စူးအပ်တဲ့၊ ရည်ညွန်းအပ်တဲ့ အရာဝတ္ထု။ စေတီ = ပူဇော်သင့် ပူဇော်ထိုက်တာ။
ဒါဖြင့်ရင် ရည်ညွန်းတဲ့ ဆင်းတုတော်များမှာလည်း အုတ်ကျောက်တို့နဲ့ လုပ်ထားတယ်။ အိမ်တွေမှာလည်း အုတ်ကျောက်တို့နဲ့လုပ်ထားတာအတူတူဆိုတော့ ဆင်းတုတော်ကို ပူဇော်ရင် အိမ်ကိုလည်း ပူဇော်ရမှာပေါ့။ ဘာ့ကြောင့် ဆင်းတုတော် ဆိုတဲ့ ဥဒ္ဒိဿ စေတီကို ပူဇော်ရတာလဲ လို့ မေးလာခဲ့ရင်….
တစ်ခါက ရွှေဟင်္သာဆရာတော်ကြီးကို နိုင်ငံခြားသားတစ်ဦးက အထက်ပါ အမေးမျိုးတစ်ခုကို မေးလာတယ်။ ဆရာတော်ဘုရာကြီးက ထိုသူရဲ့ အမေးကို ပြန်မဖြေသေးပဲ ပြန်မေးလိုက်ပါတယ်။
ဆရာတော်။ ။ မင်းမှာ အမေရှိလား။
လူ။ ။ ရှိပါတယ်။
ဆရာတော်။ ။ ဇနီးကော ရှိလား။
လူ။ ။ ရှိပါတယ်
ဆရာတော်။ ။ ဒါဖြင့် မင်းရဲ့ အမေနဲ့ ဇနီးဟာ မိန်းမချင်းတူတဲ့အတွက် အမေကို ဇနီးအရာမှာထားနိုင်မလား။
လူ။ ။ မထားနိုင်ပါဘူး။ တပည့်တော် နားလည်သပေါက်ပါပြီ၊
ထိုဖြစ်ရပ်လေးမှာ ရုပ်ဝတ္ထုကို အဓိကထားမကြည့်ဘဲ စိတ်နဲ့ ဘုရားရဲ့ဂုဏ်ထူးဝိသေသကို အာရုံပြုပြီး ပူဇော်ရှိခိုးတာပါ။
နောက်တစ်ခု ဥဒ္ဒိဿ စေတီနဲ့ ပတ်သက်ပြီး ….
ဆိုပါစို့ လူတိုင်းမှာ အမေအဖေ ဆိုတာရှိတယ်။ ထိုအမေအဖေ တို့ ဆုံးပါးသွားပီးတဲ့နောက် ကျန်ရစ်တဲ့သားသမီးများက အမေ အဖေတို့ရဲ့ ဓါတ်ပုံကို ရိုသေစွာ နဲ့ “ ဒီဓါတ်ပုံများဟာ အမေ့ပုံ အဖေ့ပုံများပဲ” လို့ အမေအဖေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ကာ ပူဇော်ကြပါတယ်။ ထို့အတူ ဘုရားဆင်းတုတော်ဆိုတဲ့ ဥဒ္ဒိဿစေတီကိုလည်း ဘုရားရှင်မရှိတဲ့နောက် ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပီး ပူဇော်ကြတာပါ။
ဒါဆိုရင် ဥဒ္ဒိဿစေတီ ရဲ့သဘော နားလည်လောက်ပီလို့ထင်ပတယ်။ ဒါက ကလေးများ နားလည်အောင် ပြောပေးထားခြင်း ဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP