* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 15, 2009

ဝိပဿနာဟူသည်–

ဤ နေရာ၌ (ဝိပဿနာ)ဟူသော ပါဠိ ၏ အဓိပ္ပါယ် ကို ပီပြင်စွာသိမြင်ရန်လိုအပ်ပါတယ်။ဝိပဿနာ၏ ဝိဂြိုလ်မှာ (ပညတ္တိဓမ္မံ ဝိနာထပေတွာ ပဿတီတိ ဝိပဿနာ= အဝိဇ္ဇမာန ပညတ် (၂)မျိုးကိုကင်းကွာထား၍ ရှုမြင်ခြင်းသည် ဝိပဿနာမည်၏။) ဟူသည်နှင့် အညီ ပညတ် (၂)မျိုးနယ်မှာ လွတ်သော သဘောနယ် သုညနယ်ကို ရှုနိုင်မှ ဝိပဿနာ ဖြစ်ပါတယ်။

သဘောနယ်မှာ သိရသော ဖြစ်ပျက်သဘောလေးကို အနှစ်သာရရှိတယ်ထင်နေမှာ ကြောင့် နောက်ဝိဂြိုလ် တစ်ခုက (အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ပဿတီတိ ဝိပဿနာ= အနိစ္စ ဒုက္ခ အနတ္တ တို့၏ အစွမ်းဖြင့် အထူးထူးသော အချင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာမည်၏ ) ဟုဆိုပြန်ပါတယ်။ ဖြစ်ပျက်သဘောလေးကို အကြောင်းမပါရင် ဖြစ်နိုင် ပျက်နိုင်ခြင်း စွမ်းအားမှ ပျက်နေသောမူလပျက်သဘောကို မြင်အောင်ရှုရမည် လို့ ဆိုလိုပါတယ်။
လက္ခဏာ (၃)ပါးတို့၏ အဓိပ္ပါယ်မှာ အနိစ္စံ ခယဋ္ဌေန=ဖြစ်ပျက်သဘောတစ်ခု၏ ကိုယ်ပိုင်စွမ်းအား အနှစ်သာရ များမှ ကုန်နေသာကြောင့် (အနိစ္စ)မည်၏။
ဒုက္ခံ ဘယဋ္ဌေန= အကြောင်းရှိတိုင်း ဖြစ်ပျက်ရသော ဘေးအမြဲတမ်းတွေ့ ရသောကြောင့် (ဒုက္ခ)မည်၏။
အနတ္တ အသာရ ကဋ္ဌေန= ကိုယ်ပိုင်စွမ်းအား အနှစ်သာရများ မရှိသောကြောင့် (အနတ္တ)မည်၏။

ဤ အဓိပ္ပါယ် အားလုံးသည် (သုညနယ်)၏ သိစရာကိုပင်ပြောသွားကြောင်း ထင်ရှားပါတယ်။ ဝိပဿနာကို ကာယကံ၊ ဝစီကံ၊မနော ကံ ဖြင့်ကြံတွေးလို့ရသော တရားများဟု ထင်နေမှာကြောင့်မို့ (ပညာဝေသာ အတ္ထတော=ဤ ဝိပဿနာ ဆိုသည် အဓိပ္ပါယ်အားဖြင့် ဘဝကို အသေးစိတ်သိတတ်သော ပညာသာဖြစ်၏)ဟု အဓိပ္ပါယ် ဖွင့် သွားပါတယ်။ ပညာကိုဖွင့်သော ဝိဂြိုလ်မှာလည်း -ပကာရေန ဇာနာတိ အနိစ္စာဒိ ဝသေန အယဗုဇ္ဈ တီတိပညာ= အနိစ္စ အစရှိသည် တို့ ၏ အစွမ်းဖြင့် အများအားဖြင့် (ပညတ် (၂)မျိုး နယ်ကို)ထိုးထွင်း သိတတ်သောကြောင့်(ပညာ)မည်၏— ဟုလာသောကြောင့် (ဝိပဿနာ) ဟူသောစကား ၏ အဓိပ္ပါယ်နှင့် ပညာ ဟူသောစကား၏ အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါတယ်။

ဤ နေရာ၌ ပညာနှ င့်ပတ်သက်၍ မှတ်သားရန်မှာ
(၁) ဓမ္မပဋိဝေဓလက္ခဏာ ပညာ= ပညာသည် သဘောနယ် သုညနယ် မှာရှိသော သဘောအထိ ပညတ်(၂) မျိုးကို ထိုးထွင်း၍ သိခြင်း အမှတ်အသား လက္ခဏာရှိ၏။
(၂) ဓမ္မနံ သဘာဝပဋိစ္ဆာဒက မောဟန္ဓကာရ ဝိဒ္ဓံသနရသာ= (၃၁)ဘုံမှာရှိသော တရားတို့၏ သဘော (၂)ခုကို (မမြင်နိုင်အောင်) ပညတ် (၂)မျိုးဖြင့် ဖုံးလွှမ်းတတ်သော မောဟအမိုက်မှောင်ကို ဖျက်ဆီးခြင်းကိစ္စရှိ၏။
(၃) အသမ္မောဟပစ္စုပ္ပဋ္ဌာနံ= အာရုံတွေမှာ မတွေဝေသောအားဖြင့် ထင်ရှားသော အချင်းအရာရှိ၏။
(၄) သမာဓိပဒဋ္ဌာနံ=(လိုချင်ဖြစ်ချင် ရချင်မှု၊ငြိမ်းအေးမှု) သမာဓိလျှင် နီးစွာသော အကြောင်းရှိ၏။

ဤလေးချက်ကို နားလည်အောင် စဉ်းစားကြည့် ပါဘုရား။ ဝိပဿနာ (၃)မျိုး (၁) သညာသိဝိပဿနာ= အဝိဇ္ဇမာန ပညတ်နယ်မှာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ဟုရှုပွားခြင်း။ (၂) ဝိဉာဏ်သိဝိပဿနာ= ဝိဇ္ဇာမာန ပညတ်နယ်မှာ (အနိစ္စ၊ ဒုက္ခ၊အနတ္တ) ဟုရှုပွားခြင်း။ (၃) ပညာသိဝိပဿနာ= သဘောနယ်ကို သုညနယ်အထိ ရှုပွားခြင်းအားဖြင့် သုံးပါးရှိနိုင်ပါတယ်။ တစ်နှင့် နှစ်သည် (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ကုသိုလ်ရအောင် ရှုပွားလျှင် ဝိပဿနာ အတု ဖြစ်ပါတယ်။ ကုသိုလ်ရအောင် မရှုပွားနိုင်လျှင် ဝိပဿနာ အတုပင် မဖြစ်ပါ။ ပညာသိဝိပဿနာ သည်ပင် ဝိပဿနာ အစစ် ဖြစ်ပါတယ် ဘုရား။ သာသနာနဲ့ တွေ့တယ် ခေါ်ပါတယ်ဘုရား။

ဓမ္မဓရ==ဝိပဿနာကို ကျယ် ကျယ် ပြန့်ပြန့် နားလည်ရသောကြောင့် တပည့်တော် ဝမ်းသာလှပါတယ် ဘုရား။ စိတ်ထဲမှာလည်း အလွနှ်ရှင်းလင်းပေါ့ ပါး သွားပါတယ်။ယခုခေတ် တရားအခြေအနေ ကို ကြည့်ကြမယ်ဆိုရင် အဝိဇ္ဇနာမ ပညတ်နယ်မှ လွန်မြောက်အောင် အတော်ကြိုးစားကြရ အုန်းမှာပါဘုရား။နှစ်ထမ်းကြာလေ (မသိစွဲ၊ အကောင်းစွဲ၊ အဆိုးစွဲ)တွေက အားကောင်းလေ ဖြစ်နေပါတယ်။ တပည့်တော် အနည်းငယ် အသိဉာဏ်လေး မြင့်လာတာကိုပဲ အဝိဇ္ဇနာမ ပညတ်နယ် က တရားသမားခေါ် အစွဲသမားတွေကို ထင်ထင်ရှားရှား တွေ့နေရတော့ (ပလတ်စတစ် လူရုပ် ကို တကယ့်လူထင်ပြီး ဆော့နေသော ကလေးတစ်ယောက်လို )မြင်နေသိနေရပါတယ်။ သနားစရာလည်းကောင်းပါတယ်။ သိစေချင်သော်လည်း (အမေချော့ သိပ်သော်လည်း ငါအိပ်မှပျော်မည်) ဟူသောစကားပုံ ကဲ့ သို့ဖြစ်နေပါတယ်ဘုရား။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ငြိမ်းမှ တွေ့နိုင်မဲ့တရားကို အဟုတ်ထင်ခြင်းခိုင်းသမျှ လုပ်နေလျှင် အမှန်နှင့် မတွေ့ဘဲ အမှားတွေသာ တွေ့ဘို့ များပါတယ်ဘုရား။ Posted in မသိသရွေ့၊ဒုက္ခတွေ့မည်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP