* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 15, 2009

ကျွန်တော်ရောက်ခဲ့တဲ့ စနေထောင့်

ဂြိုဟ်တိုင်ကို ဒူးထောက်ခစားလို့
ကိုယ်တိုင်ကိုယ် ဆူးကျောက်ချထားလိုက်တယ်
ရောက်ခဲ့တယ် စနေ

အရက်မမူးဘဲ နတ်ဝင်ပူးလိုပူး
မြေပြင်လူးဆို လူးသူမို့
လူတချို့ စောင်းငမ်းငမ်း ကြည့်သွား
လူတချို့ ခေါင်းယမ်းယမ်း သွားခဲ့တယ်
သူတို့လည်း ကြောင်အန်းအန်း ဖြစ်ဖူးတယ်ထင်ရဲ့

စနေစန်းပြီး စနေစန်းတော့
ထပ်မလာဘူးပေါ့
ရှေ့တစ်လှမ်းပြီးတော့
နောက်တစ်လှမ်း ထပ်လာတာပဲလေ။

ဘယ်ဗျူဟာ ဘယ်စနစ်မှ မသုံးဘဲ
ငါ့ကို ဆွဲလှည့်သွားပုံများ
အိမ်ပေါင် ယာပေါင်
ခေါင်းမွှေးပါ ပြောင်တယ်

ဟေ့ စနေ
လက်ဖျောက်တစ်ချက်တီးပြီး
ဒီပွဲမှာ ငါနိုင်တယ်လို့
အရှက်မရှိတဲ့မျက်နှာနဲ့ 
ဒေါက်မြင့်ဖိနပ်စီးပြီး
အခြောက်တိုက် ဘ၀င်မမြင့်လိုက်ပါနဲ့
မင်းရဲ့အောင်မြင်ခြင်းဟာ
ရှေ့ကို ခုန်မယ့်ဖား
နောက်တစ်လှမ်း ဆုတ်တာမဟုတ်ဘူး
နောက်ကို ဆုတ်မယ့်ဖား
ရှေ့တစ်လှမ်း တိုးလိုက်တဲ့သဘောပဲ။

တိုးသလောက်တော့ မရောက်ပါဘူး
ရောက်သလောက် တိုးနေတာနေမှာ
အရင်လောက် မဆိုးပေမယ့်
ဆင်လောက် စကားမျိုးတွေကို
ဗိုလ်လိုပြောပြီး
ဒဏ်ရာရ ဆူးခင်းလမ်းမှာ
ငါကျိတ်ငိုနေမယ်များ ထင်သလား စနေ

ဒီမြေပေါ် မတ်မတ်ရပ်လို့
ငါ မကျေဇာတ်ခင်း ရပ်နိုင်သေးပါတယ်
ကျိန်စာတွေနင်းလို့ မင်းရယ်နိုင်ပါစေ။
မင်းနဲ့တကွ အပေါင်းအသင်းတွေ
ငါ့ဆုတောင်းမှာ
အကောင်းတသင်း ရှိနိုင်ပါစေတော့

စနေဟာ
သူထောင့်မှာသူ ရပ်စောင့်လို့
ငါဟာ သူ့ထောင့်ကို ဖြတ်လျှောက်လာခဲ့တယ်
ရောက်သလောက် ဖောက်ခဲ့ပေါ့။ ။

လေပြည် (၁၄-၉-၀၉


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP