ဝါဆိုလပြည့်နေ့အတွေးများ (၂)
7 months ago
ဓမ္မ အနှစ်သာရများ စုဝေးရာနေရာ
ရန်ဟူရာ၌ သူတစ်ပါးမှ မိမိအားကျေနပ်မှုမရှိအောင် ပြုလုပ်ခံရခြင်း၊ လက်တုန့်ပြန်ချင်စိတ် ပေါက်အောင် မိမိ၏ဒေါသစိတ်တို့ကို နှိုးဆွပေးခြင်း၊ လိုချင်တာမရလို့ မကျေမနပ်ဖြစ်ရခြင်း စသည့် လောကဓံတရားများပင်ဖြစ်ပေသည်။ထိုလောကဓံတရားများနှင့် ရင်ဆိုင်ရတိုင်း လောကဒဏ်ရာ ကိုယ်သာနာ၊ စိတ်မှာမနာနှင့် ဆိုသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမတော်အတိုင်း ဓမ္မကိုနှလုံးသွင်းခြင်းဖြင့် ရင်ဆိုင်ရာ၏။ တစ်နည်းအားဖြင့် ပြောရလျှင် အကုသိုလ်တရားများနှင့် ရင်ဆိုင်ရသည့်အခါ ဒေါသမဖြစ်လိုက်ပါနှင့်။ ၀မ်းမြောက်လိုက်ပါ။ ငါ့၌ အကုသိုလ်အကျိုးပေး အကြွေးများကျေပြီ ဟူ၍ ၀မ်းမြောက်ရာ၏။ သည်းခံခြင်းထက် ကြီးမားသောထုထည်သည်ကား လောက၌မရှိပေ။ မြတ်သောအကျင့်၊ ဂုဏ်ယူဝင့်အောင်၊ မလွင့်သတိ၊ မြဲစွာရှိစေ၊ မိမိကိုယ်သာ၊ အားကိုးရာ။
Posted by ထွန်းထွန်းလှိုင
© Blogger templates The Professional Template by Ourblogtemplates.com 2008
Back to TOP
0 comments:
Post a Comment