* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 11, 2009

မူလဘူတ ပဓာနကျသော ပရိယတ္တိသာသနာတော်

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်တွင် ကမ္ဘာသူကမ္ဘာသားတို့၏ စီးပွားချမ်းသာအလို့ငှါ ကျင့်ဆောင်ရေးနည်းအမျိုးမျိုးကို မြတ်စွာဘုရား ဟောကြားထားတော်မူခဲ့ပါသည်။ ယင်းအဆုံးအမကို သဒ္ဓမ္မသုံးဖြာ သာသနာဟူ၍ အများပင် သိရှိကြ၏။ အမြွက်မျှ ဖော်ပြရသော်-

၁။ ပရိယတ္တိသာသနာ-စာပေကျမ်းဂန် အရပ်ရပ် ပိဋကတ်သင်ကြားမှု။
၂။ ပဋိပတ္တိသာသနာ-ဈာန်မဂ်ဖိုရကြောင်း အကျင့်ကောင်းဖြစ်သော သမထ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ရှုမှတ်ပွားများ အားထုတ်မှု။
၃။ ပဋိဝေဓသာသနာ-မဂ်ဖိုလ်နိဗ္ဗာန်ဟူသော တရားမှန်ကို သိမှု။

ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမများကို ကျင့်သုံးရာ၌ သာသနာတော်သုံးရပ်တွင် ပရိယတ်သည် အရင်းမူလ ဖြစ်ပါသလော။ ပဋိပတ်သည် အရင်းမူလ ဖြစ်ပါသလော-ဟူသော ပြဿနာသည် အလွန်ရှေးကျသည့် ကာလကပင် ပေါက်ခဲ့သည်။ ထိုဘေးကြီး အေးငြိမ်းပြီးနောက် သံဃာ့အစည်းအဝေးကြီးတွင် အဆိုပါ ပြဿနာပေါ်ပေါက်လာခဲ့သည်။

ပရိယတ္တိသာသနာတော် မပျောက်ပျက်စေရန် ပင်ပန်းကြီးစွာ စောင့်ရှောက်ထိန်းသိမ်းခဲ့သော သံဃာများနှင့် ပံသုကူလိက (ပံ့သကူဆောင်) အရင်မြတ်တို့ တဖက်နှင့်တဖက် အပြန်အလှန် ငြင်းခုံတော်မူကြသည်ဟု ကျန်းဂန်မှတ်တမ်းများတွင် ဖော်ပြထားသည်။ နောက်ဆုံးတွင် ပရိယတ္တိဆောင် အရှင်မြတ်တို့က ယာဝ တိဋ္ဌန္တိ သုတ္တန္တာ၊ ၀ိနယော ယာဝ ဒိပ္ပတိ-အစချီသော ဘုရားရှင်ဟောတော်မူခဲ့သည့် သုံးဂါထာကို ကိုးကားရွတ်ဆိုပြရာ ပဋိပတ္တိ အရှင်သူမြတ်များက သဘောတူ လက်ခံကြရလေသည်။ အကျဉ်းချုပ်အဓိပ္ပါယ်မှာ-နေထွန်းတောက်သဖြင့် အလင်းရောင်ရကြသကဲ့သို့ တရားတော်များ တည်တံ့နေမှသာ သာသနာထွန်းလင်းသည်။ နေကွယ်လျှင် လောက၌ အမိုက်မှောင် ဖုံးလွှမ်းသကဲ့သို့ ပရိယတ္တိ ကွယ်ပျောက်အားနည်းလျှင် သာသနာကွယ်၍ အမိုက်မှောင်ကျမည်သာတည်း။ (အင်္ဂုတ္တ-အဋ္ဌကထာ)

သုတ်ပါထေယျအဋ္ဌကထာတွင်လည်း သာသနာဌိတာယ ပန ပရိယတ္တိ ပမာဏံ-သာသနာတည်တံ့ရေးသည် ပရိယတ္တိသာ ပဓာနဖြစ်သည်ဟု ဆိုထားပေသည်။ ထို့ကြောင့် ပရိယတ်ကို သင်ကြားရာ၌-
၁။ ၀ိနည်းပိဋကတ်သည် အပြစ်ရှိသူကို အပြစ်အားလျော်စွာ ဆုံးမချက်များဖြစ်ရာ ၀ိနည်းပိဋကတ်ကို သင်ကြားခြင်းသည် အဓိသီလ သိက္ခာအတွက် အခြေခံ ဖြစ်လေသည်။
၂။ သုတ္တန်ပိဋကတ်ကို သင်ကြားခြင်းသည် သတ္တ၀ါတို့၏ အလိုအဇ္ဈာသယအလျောက် ဟောကြားဆုံးမချက်များ ဖြစ်သဖြင့် အဓိစိတ္တသိက္ခာအတွက် အခြေခံ ဖြစ်လေသည်။
၃။ အဘိဓမ္မာပိဋကတ်ကို သင်ကြားခြင်းသည် ရုပ်နာမ်ဓမ္မသဘာဝတို့၏ ဖြစ်ပျက်ပုံ ဟောကြားချက်များကို သင်ကြားရခြင်းဖြစ်သဖြင့် အဓိပညာသိက္ခာအတွက် အခြေခံ ဖြစ်လေသည်။

မင်္ဂလာဗျူဟာအသင်းသည် ဤအခြေံများ တည်တံ့ခိုင်မြဲစေရန် နှစ်စဉ် သာမဏေ၊ သီလရှင်များကို စာမေးပွဲကျင်းပ၍ အားပေးချီးမြှောက်နေပါသည်။ ထို့ကြောင့် သာသနာတော်ကို အရှည်ခံ့၍ တည်တံ့ခိုင်မြဲစေရန် ထောက်ပံ့လှူဒါန်းမည့် ပုဂ္ဂိုလ်များကို ကြိုဆိုလျက် ရှိနေပါကြောင်း နှိုးဆော်လိုက်ရပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP