* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 11, 2009

အမြင့်မြတ်ဆုံး သီလ

အခါတစ်ပါးမှာမြတ်စွာဘုရားရှင်ကရဟန်းတော်တွေကိုမေးတော်မူပါတယ်။“ချစ်သားတို့လောကမှာ
အကြီးကျယ်ဆုံး၊အမြင့်မြတ်ဆုံးဖြစ်တဲ့လူ့စည်းစိမ်ဟာဘာလဲ”လို့မေးတော်မူပါတယ်။ရဟန်းတို့က
“မှန်လှပါမြတ်စွာဘုရား၊ လောကမှာလေးကျွန်းလုံးကိုအစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာလူ့
လောကထဲမှာအကြီးကျယ်ဆုံး၊အမြတ်ဆုံးပါဘဲဘုရား...”လို့ပြန်လျှောက်ကြတယ်။ဒီအခါမှာမြတ်စွာ
ဘုရားကခဲလုံးလေးတစ်လုံးကိုကောက်ယူတော်မူပြီး“ချစ်သားတို့လေးကျွန်းလုံးကိုအစိုးရတဲ့စကြာ
မင်းတို့ရဲ့စည်းစိမ်ဟာဟောဒီခဲလုံးလောက်သာရှိတယ်။ ငါးပါးသီလခေါ်တဲ့ကိုယ်ကျင့်သီလမဟာ
ဒါနပြုနေသူရဲ့ခံစားရမယ့်စည်းစိမ်ကတော့ဟိမ၀န္တာတောင်လုံးလောက်ကြီးတယ်”လို့ရှင်းပြတော်
မူပါတယ်။
“လူမိုက်တစ်သောင်း၊ကဲ့ရဲ့ရှောင်းလဲ၊လူကောင်းတစ်ယောက်၊ကဲ့ရဲ့ကြောက်လို့”ဆိုတဲ့အတိုင်းအ
ရိယာသူတော်ကောင်းတို့နှစ်သက်တဲ့၊သူတော်ကောင်းတွေအကဲ့ရဲ့ကိုမခံရအောင်ချီးမွမ်းမူကိုခံ
ရအောင်ငါးပါးသီလကိုစောင့်ထိန်းရမှာဖြစ်ပါတယ်။မိမိစောင့်ထိန်းတဲ့ငါးပါးသီလကိုအစွန်းအထေး
မရှိအောင်၊သီလရဲ့အရည်အသွေးတွေကိုနားလည်သဘောပေါက်အောင်အင်္ဂုတ္တိုရ်ပါဠိတော်မှာလာ
တဲ့အတိုင်း ငါးပါးသီလခွဲခြားထားတာကိုဖော်ပြလိုက်ပါတယ်။ ငါးပါးသီလကိုလွန်ကူးသူအတွက်အ
ချက်(၂၀)နှင့် စောင့်ရှောက်သူအတွက်အချက်(၂၀) စုစုပေါင်းအချက်(၄၀)ရှိပါတယ်။ အဲဒီအချက်
လေးဆယ်ကိုသိက္ခာပုဒ်တစ်ပုဒ်ချင်းစီလွန်ကူးသူနဲ့စောင့်ထိန်းသူအတွက်ကိုဖော်ပြလိုက်ပါတယ်။
(၁)ပါဏာတိပါတသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။ကိုယ်တိုင်သူ့အသက်ကိုသတ်သူ၊
၂။သူအသတ်ကိုသတ်ရန်စေခိုင်းသူ၊
၃။သူအသတ်ကိုသတ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆိုသူ၊
၎။သူ့အသက်သတ်မှုမှာနှစ်သက်သဘောတူသူ၊
စောင့်ထိန်းသူအတွက်-
၁။ကိုယ်တိုင်သူ့အသက်သတ်မှုမှရှောင်ကြဉ်သူ၊
၂။သူ့ကိုအသက်သတ်မှုမှရှောင်ကြဉ်စေသူ၊
၃။သူအသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။သူ့အသက်ကိုသတ်ခြင်းမှရှောင်ကြဉ်မှုကိုနှစ်သက်သဘောတူသူ၊
(၂)အဒိန္နာဒါနသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။ကိုယ်တိုင်သူ့ဥစ္စာကိုခိုးယူသူ၊
၂။သူ့ဥစ္စာကိုခိုးယူစေသူ၊
၃။ခိုးယူခြင်းရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းပြောဆိုသူ၊
၎။ခိုးယူခြင်းကိုနှစ်သက်သဘောတူသူ၊
စောင့်ထိန်းသူအတွက်-
၁။သူ့ဥစ္စာကိုခိုးယူခြင်းမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။သူ့ကိုခိုးယူခြင်းမှရှောင်ကြဉ်စေသူ၊
၃။ခိုးယူခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။ခိုးယူခြင်းမှရှောင်ကြဉ်မှုမှာနှစ်သက်သဘောတူသူ၊
(၃)ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မိစ္ဆာစာရကိုကိုယ်တိုင်ကျင့်သူ၊
၂။မိစ္ဆာစာရကိုသူ့ကိုပြုကျင့်စေသူ၊
၃။မိစ္ဆာစာရကိုပြုကျင့်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မိစ္ဆာစာရကိုပြုကျင့်ရာမှစိတ်တူသဘောတူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မိစ္ဆာစာရမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။မိစ္ဆာစာရမှသူကိုရှောင်ကြဉ်စေသူ၊
၃။မိစ္ဆာစာရမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မိစ္ဆာစာရမှရှောင်ကြဉ်မှုမှနှစ်သက်သဘောတူသူ။
(၄)မုသာဝါဒသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မဟုတ်မမှန်ကိုယ်တိုင်ပြောသူ၊
၂။မဟုတ်မမှန်သူ့ကိုပြောဆိုစေသူ၊
၃။မဟုတ်မမှန်ပြောဆိုခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မဟုတ်မမှန်ပြောဆိုရာမှာစိတ်တူကိုယ်တူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်သူ၊
၂။မဟုတ်မမှန်ပြောဆိုခြင်းမှသူ့ကိုရှောင်ကြဉ်စေသူ၊
၃။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မဟုတ်မမှန်ပြောဆိုခြင်းမှရှောင်ကြဉ်ရာမှာနှစ်သက်သဘောတူသူ၊
(၅)သုရာမေရယသိက္ခာပုဒ်အတွက်
လွန်ကူးသူအတွက်-
၁။မူးယစ်စေတတ်သောအရာကိုကိုယ်တိုင်သုံးစွဲသူ၊
၂။မူးယစ်စေတတ်သောအရာကိုသူ့ကိုသုံးစွဲစေသူ၊
၃။မူးယစ်စေတတ်သောအရာကိုသုံးစွဲခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှာစိတ်တူသဘောတူပါဝင်သူ၊
စောင့်ထိန်းသူအတွက်-
၁။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှကိုယ်တိုင်ရှောင်ကြဉ်သူ၊
၂။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှသူ့ကိုရှောင်ကြဉ်စေသူ၊
၃။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှရှောင်ကြဉ်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုပြောဆိုသူ၊
၎။မူးယစ်စေတတ်သောအရာကိုသုံးစွဲမှုမှရှောင်ကြဉ်ရာမှာစိတ်တူသဘောတူပါဝင်သူ၊
လွန်ကူးသူအတွက်အချက်(၂၀)ကိုကူးလွန်ရင်တော့ငရဲကိုရောက်ကြရမှာဖြစ်ပြီး၊ စောင့်ထိန်းသူ
ဘက်ကတော့နတ်ပြည်နတ်ရွာကိုရောက်ကြရမှာဖြစ်ပါတယ်။ စောင့်ထိန်းသူအတွက်အချက်(၂၀)ကိုလိုက်နာကျင့်ကြံအားထုတ်မှသာလျှင်သူတော်ကောင်းတို့နှစ်သက်တဲ့အရည်အသွေးပြည့်ဝတဲ့
ငါးပါးသီလဖြစ်မှာဖြစ်ပါတယ်။ငါးပါးသီလနဲ့ပက်သက်ပြီးလူတန်းစားလေးဆယ်ကိုအုပ်စုလေးမျိုးထပ်
ခွဲရင်တော့-
၁။ယုတ်ညံ့သူ၊
၂။ယုတ်ညံ့သူထက်ပိုပြီးယုတ်ညံ့သူ၊
၃။သူတော်ကောင်း၊
၎။သူတော်ကောင်းထက်ပိုပြီးကောင်းသူ၊ ဟူ၍လေးမျိုးခွဲခြားနိုင်ပါတယ်။
ငါးပါးသီလကိုကိုယ်တိုင်လွန်ကူးသူဟာ“ယုတ်ညံ့သူ”လို့သတ်မှတ်ရပါတယ်။
ကိုယ်တိုင်လွန်ကူးတဲ့အပြင်သူတစ်ပါးကိုပါလွန်ကူးစေတဲ့သူတွေကျတော့“ယုတ်ညံ့သူထက်ပိုပြီး
ယုတ်ညံ့သူ”လို့သတ်မှတ်ပါတယ်။
ကိုယ်တိုင်ငါးပါးသီလကိုရှောင်ကြဉ်သူမျိုးကို“သူတော်ကောင်း”လို့သတ်မှတ်ပြီး၊ကိုယ်တိုင်ရှောင်ကြဉ်
ပြီးသူတစ်ပါးကိုပါရှောင်ကြဉ်ဖို့ပါဆောင်ရွက်သူမျိုးကိုတော့“သူတော်ကောင်းထက်ပိုပြီးကောင်းတဲ့
သူ”လို့သတ်မှတ်ပါတယ်။
လောကမှာသူတော်ကောင်းဆိုတဲ့ဂုဏ်ပုဒ်ကိုရဖို့ဆိုတာမလွယ်ပါဘူး။ ရွေ၊ ငွေ၊ စည်းစိမ်တွေပေးပြီး
ဝယ်လို့လည်းမရပါဘူး။ ခိုးယူလို့လည်းမရပါဘူး။ ဘယ်လိုနည်းနဲ့မှမရနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်မှရ
နိုင်တာပါ။
သတ္တ၀ါအားလုံး သူတော်ကောင်းဆိုတဲ့ဂုဏ်၊ သူတော်ကောင်းထက်ပိုပြီးကောင်းတဲ့ဂုဏ် ကိုရယူနိုင်
ကြပါစေ။
စာရေးသူ futurelife at 1:19 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP