* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 11, 2009

မုန်းနေသူကို ချစ်စေလိုလျှင်............


အရှင်ဘုရား

တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊ နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

ဒါက ရန်ကုန်က ဒါယကာမ တစ်ယောက်က ပြောပြအကူအညီ တောင်းတဲ့ စကားလေးပါ၊

လောကမှာ လူတိုင်းလူတိုင်းအတွက်ကိုယ့်ကို မုန်းတဲ့ရန်သူတွေ၊ ချစ်ခင်ပြီးမှ စိမ်းကားရက်စက်သွားသူတွေ၊ ကိုယ်ကြီးပွားအောင်မြင်ကျော်ကြားနေတာကို မနာလိုသူတွေ နဲ့ စီးပွားပြိုင်ဘက်အချင်းချင်း ပြိုင်ဘက်ကို မကောင်းကြံပြီး အနိုင်ယူတာတွေ အားလုံးဟာ မကြုံချင်လည်း ကြုံရ၊ မဆုံချင်လည်း ဆုံရတဲ့ လူ့ဘ၀ထဲက အဖြစ်အပျက်တွေပဲ မဟုတ်လား၊

ဒါကြောင့်လဲ လူ့ဘ၀က တိုတောင်းပေမယ့် စိတ်ကြည်နူးစရာက နည်းနည်း- စိတ်ဆင်းရဲစရာတွေက တနေ့တနေ့မှာ ကြုံရတာ များလွန်းလို့ လူတခု ပူမှု့ရယ်က ဆယ်ကုဋေ လို့တောင် ရှေးလူကြီးတွေက ငြီးတွားခဲ့ကြတယ် ---

စာရေးသူက ဖြေလိုက်တယ် - အော် ရှိပါတယ်၊ ဗေဒင် ယတြာတွေ အင်းအိုင် ခလှဲ့တွေတော့ မတတ်ပါဘူး၊ ဒါပေမယ့် ဘုရားဟောထားတဲ့ နည်းလမ်း ကို ပြောပြပါ့မယ်၊

လူတော်တော်များများ အဆင်ပြေသွားကြတာ ဆိုတော့ ဒကာမလေးလဲ ပြေလည်နိုင်မယ် လို့ ထင်တယ်၊ ယုံယုံကြည်ကြည်နဲ့ ပြောပြထားတဲ့ အစီအစဉ်အတိုင်း လုပ်ရင် တကယ်ပဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဒကာမလေး ကို အကြောင်းပြုပြီး အားလုံးကို သိစေချင်လို့ ဒီကနေပဲ ဖြေပေးလိုက်ပါမယ်၊

ဘာဖြစ်လို့လဲ ဆိုတော့ ဒီနည်းလမ်းကို နှလုံးသားအတွက် သက်သက်သာ မဟုတ်ပဲ ကျန်တဲ့ စီးပွားရေး လူမှု့ရေး ဘာသာရေး စတာတွေမှာ နားလည်မှု့လွဲပြီး စိတ်ဝမ်းကွဲနေရင်ဖြစ်စေ ရန်သူတွေလို ဆက်ဆံနေရရင် ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းအချင်းချင်း မညီညွတ်ပဲ စိတ်ညစ် သောက ရောက်နေရင် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ကဲ ကောင်းပါပြီ၊ အောက်မှာ ဖော်ပြမယ့် နည်းလမ်းလေးကို ပေးလိုက်တာ ၁၅ ရက်တောင် မကြာလိုက်ဘူး၊ အဲဒီ ဒကာမလေးဆီက ဖုန်းဆက်ပြောပြပါတယ်၊

အရှင်ဘုရား အဆင်ပြေသွားပါပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်၊ တပည့်တော် ပြောတဲ့ လူတယောက်ဆိုတာ အရှင်ဘုရား ဒကာကြီးပါ။ သူက အိမ်ကို ပြန်မလာတော့လို့ အကူအညီတောင်း၇တာပါတဲ့၊


တကယ်တော့ ဒီနည်းလမ်းကို အသုံ့းပြုရင် ကိုယ့်အပေါ် မကောင်းကြံထားသူတွေတောင် လာပြီး ဒူးထောက်တောင်းပန်တာမျိုးတွေ ရှိခဲ့ဖူးတယ် လို့ ဆိုပါတယ်၊ ဒါကြောင့် စာဖတ် ပရိသတ်များ သေသေချာချာ မှတ်သားပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်၊

အစီအစဉ် များ - -

၁၊ ဘုရားစင်ရှေ့မှာ သန့်စင်တဲ့ ဖန်ခွက်တစ်ခွက်ထဲကို သောက်ရေသန့်သန့် အပြည့်နီးပါး ထည့်ပါ၊

၂ ။ ပြီးတာနဲ့ ကျောက်ခဲသေးသေးတလုံးကို ဆေးကြောပြီး ဖန်ခွက်ထဲ ထည့်၇ပါမည်၊

၃ ။ ကိုယ့်ကို မုန်းနေသူ မချစ်မနှစ်သက်သူ ကို ဓာတ်ပုံရှိက ဓာတ်ပုံကို ဖန်ခွက်ဘေးမှာ ထောင်ထားရပါမယ်၊

ဓာတ်ပုံမရှိလဲ သူ့ပုံရိပ်ကို အာရုံပြုပြီး ပွားများနိုင်ပါတယ်၊ တခါမှ မမြင်ဘူးသူ တစ်ယောက်ကို ပို့လိုရင်တော့ သူ့ နာမည်ကို ပါးစပ်က ရွတ်ဆိုပြီး ပို့နိုင်ပါတယ်။

- -ဆိုကြပါစို့ မောင်ကျော်ကို ဥပမာ အနေနဲ့ ပို့ကြည့်ရအောင် - -

ကဲ မောင်ကျော်၊ မင်းက ငါ့အပေါ် မုန်းတီးနေပေမယ့် ငါကတော့ မေတ္တာမပျက် ချစ်ခင်နေလျက်ပါ၊ ဒါကြောင့် မင်း အမုန်းတွေပြေပျောက်ပြီး ငါ့အပေါ် ချစ်ခင်စေချင်ပါတယ်၊

ရေထဲမှာ ရှိတဲ့ ကျောက်ခဲလေးဟာ အေးမြနေသလို အခု မင်းကို အေးမြတဲ့ ရေထဲမှာ စိမ်ထားလိုက်ပြီ၊ မင်းရဲ့ ဒေါသတွေ ပြေပျောက်ပြီး စိတ်ေ၇ာ လူရော အေးချမ်းလာပြီး ငါ့အပေါ် မေတ္တာသက်ဝင်လာပါစေ၊ ငါကတော့ မင်းကို အပြစ်မမြင်ပါဘူး၊ ဆက်လက် ချစ်ခင်နေမှာပါ၊ လက်ထပ်ထားသူ ဖြစ်က အရင်လို ချစ်ခင်ပါစေ - စသည်ဖြင့် ပါးစပ်က ရွတ်ဆို၇ပါမယ်၊ -

ကျောက်ခဲလေးကို လူအမှတ်နဲ့ အာရုံပြုနိုင်အောင် ကြိုးစားပြီး တနေ့ ၂ ကြိမ် ၃ ကြိမ်လောက် ပို့ရပါမယ်၊ အကြိမ်များစွာ ဆို၇င်တော့ အကောင်းဆုံးပေါ့၊

၎ ။ တစ်ဦးတယောက်အပေါ် ရည်စူးမေတ္တာပို့ပြီးရင်တော့ သတ္တ၀ါအားလုံးနဲ့ နတ်ဗြဟ္မာတွေကို တိုင်တည်ပြီး မေတ္တာပို့ အမျှဝေ ရပါမယ်၊

နည်းလမ်းလေးကတော့ ဒီလောက်ပါပဲ။ မြန်မာနိုင်ငံ သာသနာ့ သမိုင်းမှာ မေတ္တာအရာမှာ ထင်ရှားကျော်ကြားတဲ့ တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမ သာရ ကိုယ်တော်တိုင် ပေးသနားထားခဲ့တဲ့အတွက်ယုံယုံကြည်ကြည် အသုံးပြုပြီး မုန်းသူ မနာလိုသူ ရန်သူအားလုံးကို ချစ်ခင်ကြင်နာနိုင်ပါစေ၊

မှတ်ချက်၊ ကိုယ်က အမုန်းခံနေရမှ အသုံးပြုသင့်ပါတယ်၊ ကိုယ်က မုန်းနေသူဆိုရင်တော့ အချိန်ယူပြီး ပွားများမှ သက်ရောက်ပါလိမ့်မယ်၊

မေတ္တာဖြင့် လူအားလုံး ငြိမ်းအေးနိုင်ကြပါစေ

| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP