ဆွမ်းတော်တင်ကို စွန့်၍ စားသင့်မစားသင့်
Posted on 9:26 PM by peacefulness
အရှင်ဘုရားတပည့်တော်ရိုသေစွာစာရေးလျှောက်ထားအပ်ပါသည်ဘုရား....အရှင်ဘုရားရဲ့ ဘလော့ထဲမှာ ပါတဲ့အကြောင်းအရာတွေကို မလွတ်တမ်းဖတ်ရှုနေ တဲ့သူတစ်ယောက်ပါဘုရား၊ အရှင်ဘုရားရဲ့ ဘလော့မှာ အမေးအဖြေလေးတွေ တွေ့လိုက်ရတော့ တပည့်တော် သိချင်တာလေး ကို အရှင်ဘုရားအားမေးလျှောက်ဖို့ စိတ်ကူးပေါ်လာပါတယ်... ဘုရားဆွမ်းတော်တင်ထားတဲ့ ဆွမ်းဟင်းတွေ ကို စွန့်ပြီးစားသုံးသင့် ၊မသင့်နဲ့ ပတ်သက်ပြီးစာအုပ်တွေထဲမှာရေးထားတာ ကွဲလွဲနေတာ ကိုဖတ်ရှုရပါတယ်ဘုရား၊ ဘုရားဆွမ်းတော်တင်ထားတဲ့ဆွမ်းဟင်းတွေ ကို စွန့်ပြီးစားသုံးလျှင် အန္တရာကင်းပါတယ်လို့ ရေးထားပါတယ် ဘုရား ..ဒါပေမယ့် တချို့စာအုပ်တွေမှာ ဘုရားဆွမ်းတော်ကို စေတနာသုံးတန် ပြတ်သားစွာနဲ့ လှူဒါန်းထားတာ ဖြစ်တဲ့ အတွက် ပြန်၍မစားသုံးကောင်းဘူး လို့ရေးထားပါတယ်ဘုရား ...ဘယ်စာက အမှန်လည်းဆိုတာကို မေတ္တာကရုဏာတော် ရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
သိန်းမင်းအောင်(မောင်လေပြေ)
Russian federation
ဖြေ- မောင်လေပြေ မေးတဲ့မေးခွန်းက သိပ်ကောင်းပါတယ် အားလုံးလည်း သိသင့်သိထိုက်ပါတယ်.
မောင်လေပြေ ပြောသလို စာအုပ်တွေထဲ မှာလည်း အမျိုးမျိုး ရေးသားထားတာကို ဖတ်ခဲ့ဘူးပါတယ်။ ဒါပေမယ့် စာအုပ်တိုင်းမှာ လည်း ဒီကိစ္စနဲ့ပါတ်သတ်ပြီး အတိအကျ ညွန်းကြားပြသ ထားတာမတွေ့ရပါဘူး။ ဆွမ်းတော်တင်ကို ဘုရား ဝေယျာဝစ္စ လုပ်သူများ စွန် ပြီး စားကောင်းပါတယ်လို့ ဖော်ပြထားပါတယ်။ ဆွမ်းတော်တင်ကို စွန့်ပြီး စားရင် အန္တရာယ်ကင်းတယ် ။၊စေတနာသုံးတန် ဖြင့် လှုဒါန်းပြီးသော ဆွမ်တော် များကို မစားကောင်းဟု ရေးသားထားသည် များမှာ စာရေးဆရာတို့ စာဖတ်သူတို့ အပေါ် ကောင်းသောစေတနာ အာဘော်သာဖြစ်ပါလိမ့်မယ်။
စာရေးသူ ဟိုတုန်းက ဆရာတော်များများ ကိုမေး လျှောက်ထားခဲ့ဘူးပါတယ်။ ထိုဆရာတော်များသည်လည်း မြတ်စွာဘုရားလက်ထက်တော်မှာ ဒီလိုမျိုး ဆွမ်တော်တင်ကို စွန့်စားရင် အန္တရာယ်ကင်းတယ် ၊ စေတနာသုံးတန် ဖြင့် လှုးဒါန်းပြီးသော ဆွမ်တော်များကို စွန်၍့ မစားကောင်း စားလျှင်ဘာဖြစ်တယ်စသည်ဖြင့် ရေးသားထားသော စာများ နှင့် ဟောပြောချက်များကို မတွေ့ခဲ့မိပါဟု ပြန်လည် ဖြေကြားတော်မူခဲ့ပါတယ်။ ဒါကြောင့် မေးခွန်းကိုမေးလာသော မောင်လေပြေ သိသင့်သည်မှာက ဆွမ်တော်တင်ကို စွန့်ပြီး စားကောင်းပါတယ်ဆိုတာကို မှတ်ပေးပါ။ု ဆွမ်တော်တင် ပြီး လူတွေ စွန့်ပြီး မစားသင့်ဘူးဆိုရင် တိရစ္ဆာန်တွေ ပဲစားကောင်းတာလား။ တန်ဖိုးမြင့်မြတ်တဲ့ ဘုရားဆွမ်းတော်ကိုစွန့်ပြီး တိရစ္တာန်တွေတောင် စားလို့ ရသေးရင် အသိညဏ်ရှိတဲ့ လူတွေက ဘာကြောင့်မစားကောင်းပါသလဲ။
လူအတော်များများ ဆွမ်းတော်တင်ကို စွန့်ပြီး မြေပြင်ပေါ်ကို ပုံတာသိုမဟုတ် မြေပေါ်ကို ကြဲချ ပြီး ကျွေးမွေးနေတာတွေ၊ တစ်ချို့ဆို တက်တောင်နင်းသွားကြတာတွေကို နေရာတိုင်းလိုလိုမှာ တွေ မြင်နေရပါတယ် ။ ဒါလေးတွေကို မေးလျှောက်သူ မောင်လေပြေနှင့် စာဖတ်သူတို့ဘယ်လိုမြင်ပါသလဲ မိမိတို့ကိုယ်ပိုင်ညဏ်လေးနှင့်လည်း ဝေဖန်သုံးသပ်ပေးပါ ။ ဘုရားဆွမ်းတော်တင်ကို ဒီလိုမလေးမစား ပြုလုပ်လိုက်တာသည် ဘုရားကိုမလေးစားတာနဲ့တူပါတယ်။ ဒါမျိုးကြတော့ အန္တရာယ်ရှိတယ်လို့ မလုပ်ကောင်းဘူးလို့မမြင်ကြဘူး။ ဆွမ်တော်တင် ကိုစွန့်ပြီး စားသုံတာကိုတော့ မကောင်းဘူးလို့မြင်ကြတယ်။ ဆွမ်တော်တင်ကို ခုလိုမရိုမသေ စွန့်ကြဲသူနဲ့ ရိုရိုသေနဲ့ စွန့်ပြီးစားတဲ့သူ နှစ်ယောက်မှာ ဘယ်ပုဂ္ဂိုလ်မှာ ပိုပြီး အကုသိုလ်ဖြစ်နိုင်ပါသလဲဆိုတာကိုတော့ စဉ်စားနိုင်ကြပါတယ်။
"မြတ်စွာဘုရားဟောခဲ့တာ တစ်ခုရှိတယ်။ ငါဘုရားဟောပြောတဲ့စကားတွေကို ငါဘုရားစကားတော်ဆိုပြီး မယုံကြည်လိုက်ပါနဲ့ မှန်တယ်ဆိုပြီး တန်းပြီးမဆုံးဖြတ်ပါနဲ့ ။ ငါဘုရားဟောခဲ့တာတွေကို သေချာစဉ်စားပါ ဝေဖန်ပါ ပိုင်းခြားပြီးမှ မှန်တယ်သင့်တယ်ဆိုရင် လက်ခံပါ။ ဘုရားရှင် ကိုယ်တော်တိုင်ဟောခဲ့တဲ့ တရားပါ"
မေးခွန်းမေးလာသူမောင်လေပြေနှင့် စာဖတ်သူတွေ အားလုံးလည်း အတွေးအမြင်လေးတွေ ရှင်းသွားပြီးလိုထင်ပါတယ်။ အားလုံးကျမ်းမာချမ်းသာကြပါစေ....


0 comments:
Post a Comment