* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 27, 2009

နိဗ္ဗာန်ရောက်ကြောင်း ဉာဏ် (၁၆) ပါး...


(၁) နာမရူပ ပရိစ္ဆေဒဉာဏ် - ဘုံးသုံးပါး၌ ရုပ်နာမ် နှစ်ပါးကို ပိုင်းခြား၍ သိသောဉာဏ်။
(၂) ပစ္စယပရိဂ္ဂဟဉာဏ် - ရုပ်နာမ် နှစ်ပါး၏ ဖြစ်ကြောင်းတရားကို သိမ်းဆည်းသောဉာဏ်။
(၃) သမ္မသနဉာဏ် - ရုပ်နာမ် နှစ်ပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု သုံးသပ်သောဉာဏ်။
(၄) ဥဒယဗ္ဗယဉာဏ် - ရုပ်နာမ် နှစ်ပါး ဖြစ်ပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဉာဏ်။
(၅) ဘင်္ဂဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၆) ဘယဉာဏ် - ရုပ်နာမ် နှစ်ပါး ပျက်စီးခြင်းကို ဘေးဟူ၍ ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဉာဏ်။
(၇) အာဒီန၀ဉာဏ် - ထိုဘေးကို ဆင်းရဲခြင်း အပြစ်ဟု ရှုသည်၏ အစွမ်းဖြင့် ဖြစ်သောဉာဏ်။
(၈) နိဗ္ဗိန္ဒဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ပုံ အလုံးစုံကို စက်ဆုပ်ရွံရှာ ငြီးငွေ့ဖွယ် ဟု မြင်သောဉာဏ်။
(၉) မုဉ္စိတုကမျတာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရ ဖြစ်ပျက်ခြင်းမှ လွတ်ထွက်ရာ နိဗ္ဗာန်သို့ ညွှတ်သောဉာဏ်။
(၁၀) ပဋိသင်္ခါဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ထွက်ကြောင်း ဖြစ်ရန် ဆင်ခြင်သောဉာဏ်။
(၁၁) သင်္ခါရုပေက္ခာဉာဏ် - ရုပ်နာမ်ခန္ဓာ သင်္ခါရတို့၌ ချစ်ခြင်း၊ မုန်းခြင်း တို့မှ ကြဉ်ရှောင်၍ လျစ်လျူပြုသောဉာဏ်။
(၁၂) အနုလောမဉာဏ် - ရှေးဉာဏ်များ ဖြစ်ပေါ်ပြီးမြောက်သဖြင့် သတိပဋ္ဌာန် စသော ဗောဓိပက္ခိယတရား ၃၇ ပါးတို့အားလျော်စွာ ဖြစ်ပေါ်သောဉာဏ်။
(၁၃) ဂေါတြဘူဉာဏ် - ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဉာဏ်။
(၁၄) မဂ္ဂဉာဏ် - နိဗ္ဗာန်ကို သိမြင်သောမဂ်ဉာဏ်။
(၁၅) ဖလဉာဏ် - နိဗ္ဗာန်ကို သိမြင်သော ဖိုလ်ဉာဏ်။
(၁၆) ပစ္စဝေက္ခဏာဉာဏ် - မဂ်ဖိုလ် နိဗ္ဗာန်ပယ်ပြီး မပယ်ပြီးသော တရားငါးပါးတို့ကို ဆင်ခြင်သောဉာဏ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP