* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 26, 2009

ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၄ (ပိုင်းလော့ဆရာတော်)

တရားထိုင်ချိန် မှာ ဖြစ်တတ်တဲ့ ဥပါဒါန်ကံ
-----------------------------------------

ဒါကြောင့်မို့ ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချ တယ် မဟုတ်လား။ (တင်ပါ့ဘုရား။….) ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့ ။ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။

တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။ (မထင်ပါဘူး ဘုရား။) ဒါဖြင့်မသေသေးဘူးပေါ့။ မသေတဲ့ငါ တစ်နာရီ ပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။ (ပါ ပါတယ်ဘုရား။…)ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ် လမ်းဆုံးကို ရောက်ပါမလား။ (မရောက်ပါဘူးဘုရား။)သေချာတယ်နော်။ -ဟာ-တာကို ဖြည့်ကြနော်။

မိုးကုတ်ဆရာတော်ဘုရားကြီး ပြောခဲ့တဲ့စကားက ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ် ရှုတာတဲ့ ။ သေသေချာချာ မှတ်ပါ။မမေ့ပါနဲ့။ တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်း မှာသေမယ် မထင်ဘူး မဟုတ်လား။ ( မထင်ပါဘူး ဘုရား။…)

ဒီတော့မသေမဲ့ ငါဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။ (မဟုတ်ပါဘူးဘုရား….။) ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။ (လွဲနေပါတယ်ဘုရား)။ ဒီတော့ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့ သွားနေတာကိုး။

ဉာဏ်နဲ့ ငါနဲ့ ရော သွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ် လို့ မှတ်ရမယ်။သေသေချာချာ မှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး ၊ တစ်ချို့ ခရီးမရောက်တာသည် အဲဒါ ပါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။
ဟိုတုန်း ကဘုန်းဘုန်း ဒီလောက်မပြောဘူးနော်။ နောက်ပိုင်း အသက်ကလေးရလာတော့ သေဘို့လည်း နီးနေပြီဆိုတော့ မပြောလို့ မရတော့ဘူး။ မပြောလည်းသိမှာ မဟုတ်တော့ ပြောရတော့မယ်။

ဟိုတုန်းကပြောရင် ထိုင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးမှာ တော် တော် များများဟာ ဆန့်ကျင်မှာစိုးလို့ ဘုန်းဘုန်း ကရှောင်ရှောင်ပြီးဟောပေးရတယ်။ ခုတော့မရတော့ဘူး။ အချိန်က သိပ်မရှိတော့ဘူး။ လိုတာလေးတွေ ဖြည့်ရလိမ့်မယ်နော်။ ပြန်ပြောမယ်။ ကိုယ်လိုတာကိုယ် ဖြည့်ကြမယ်။ ကျမ်းနဲ့ ညှိ ရမယ်နော်။ တရားထိုင်တဲ့ အခါ မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တိုင်ပြောခဲ့တာ ။ ဘုရားဟောာနဲ့ အညီ ရဟန္တာ ဆရာတော် ဘုရားကြီးဟောခဲ့တာ ဝိပဿနာ ဆိုတာသည် ကိုယ့်အသေ ကိုယ်ရှုတာနော်။

အခု ကိုယ့် ဒကာတွေ ရှုနေတာက မသေတဲ့ ငါ။ တစ်နာရီပြည့်အောင်ရှုမယ်။ညနောက်မဂ်ရအောင် အားထုတ်မယ်လို့ ဆုံးဖြတ်ချက် မချဘူးလား။ဒီတော့တည့်ပါ့မလား။ (မတည့်ပါဘူးဘုရား။)
ဥပါဒါန်နေရာယူတာ သေချာ သွားပြီ။ အစကတည်း က ကပ်ချော်နေတယ် ဆိုရင် ပြင်ရသိပ်ခက်တယ်။ အားရှိတဲ့ ဝိပဿနာ မရောက်ဘူးနော်။ သဘောပေါက်ရဲ့လား။ ကောင်းပြီ-- သည်လို ဖြစ်ရတဲ့ အကြောင်းရင်းသည် ဒီ(ပဋိစ္စ သမုပ္ပါဒ် စက်ဝိုင်းဒေသနာ) ကို ကြည့်လိုက်ပါ။
ဘယ်က အခြေ ခံတာလဲ။ (တဏှာပါဘုရား)။ တဏှာရှိရင် ဥပါဒါန် ရှိတယ်လို့ပြတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP