* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 26, 2009

ရူပသုတ်

ရူပသုတ်

သာဝတ္ထိနိဒါန်း။

အဆင်းတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အသံတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အနံ့တို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အရသာတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

အတွေ့တို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

သဘောတရားတို့၏...
စ၍ ဖြစ်မှု၊ တည်တံ့မှု၊ အသစ်ဖြစ်ပေါ်မှု၊ ထင်ရှားဖြစ်ပေါ်မှုသည် ဆင်းရဲ၏ စ၍ ဖြစ်မှု၊ ရောဂါတို့၏ တည်တံ့မှု၊ အိုခြင်း သေခြင်း၏ ထင်ရှားဖြစ်ပေါ်မှု မည်၏။

ရဟန်းတို့ အဆင်းတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု၊ အိုခြင်း သေခြင်း၏ ကွယ်ပျောက်မှု မည်၏။ အသံတို့၏။ အနံ့တို့၏။ အရသာတို့၏။ အတွေ့တို့၏။ သဘောတရားတို့၏ ချုပ်မှု ငြိမ်းမှု ကွယ်ပျောက်မှုသည် ဆင်းရဲ၏ ချုပ်မှု၊ ရောဂါတို့၏ ငြိမ်းမှု၊ အိုခြင်းသေခြင်း၏ ကွယ်ပျောက်မှု မည်၏ ဟု ဟောတော် မူ၏။ 313

၂ - ရူပသုတ်၊ ဥပ္ပါဒသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အဆင်းကို တပ်မက်မှု၌ ...

တဏှာသုတ်

သာဝတ္ထိနိဒါန်း... ရဟန်းတို့...

အဆင်းကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အသံကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အနံ့ကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အရသာကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

အတွေ့ကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

သဘော တရားကို တပ်မက်မှု၌ ...
လိုချင် တပ်မက်မှု 'ဆန္ဒရာဂ' သည် စိတ်၏ ညစ်ညူးမှု မည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည် ဤခြောက်ဌာနတို့၌ စိတ်ညစ်ညူးမှုကို ပယ်အပ်ပြီး ဖြစ်၏၊ ထိုအခါ ထိုရဟန်း၏ စိတ်သည် ထွက်မြောက်ခြင်းသို့ ညွတ်၏၊ ထွက်မြောက်ခြင်း၌ အထုံရပြီးသောစိတ်သည် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက် ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု ဟောတော်မူ၏။ 329

၈ - တဏှာသုတ်၊ ဥပ္ပါဒသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP