* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 26, 2009

အထင်ခန္ဓာကို အမြင် ဉာဏ်ရောက်ခြင်း၊

ဓမ္မဓရ=== တရားသဘောတွေဟာ အလွန် သိမ်မွေ့ပါတယ်ဘုရား။အသေးစိတ် အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကို မြင်နိုင်ဘို့ရာ အလွန်ခက်ခဲပါတယ်။ဆရာသမားကဘေးနားမှာ အနီးကပ် လမ်းညွှန်ချက် ပေးနေဘို့ လိုအပ်ပါတယ်ဘုရား။

တရားအားထုတ်ရတာ ကိုယ် မရောက်ဘူးတဲ့ လမ်းကိုလျှောက်နေရသလိုပဲ ကျေနပ်စရာတွေမျိုးစုံ ၊အဟုတ်ထင်စရာတွေမျိုးစုံနဲ့ ပြည့်ကြပ်နေပါတယ်။

ကုယ်တိုင် အဟုတ်ထင်ခြင်း အဝိဇ္ဇာဖြစ်နေတာကို ဖြစ်နေတာမှန်းမသိပဲ ကုယ်ထင်ရာ ကိုယ်လုပ်မိတာတွေ များလှပါတယ်ဘုရား။

(ပျက်နေတယ်)လို့ရွတ်ရင်း ကိုယ့်ကိုကို သိပြီး ဘာမှ မဟုတ်ကြောင်း နားလည်ပေး နေရတာကို (ချမ်းသာတယ်)ဟုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်ပြီး သတိမြဲလိုခြင်း၊ တဏှာဖြစ်နေပါတယ်။ တဏှာဖြစ်နေတာကိုပဲ (ကောင်းတယ်)ဟုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ် နေပြန်ပါတယ်။

သတိကပ်ပြီး အားထုတ်နေရသော သင်္ခါရ ဒုက္ခ အစစ်ကိုပင် ၊ (မဂ္ဂသစ္စာ ဖြစ်နေတယ်) ဟု အကောင်းထင် ခြင်း၊သမုဒယသစ္စာဖြစ်နေပြန်ပါတယ်။

ဒုက္ခသစ္စာ ကို ဆုံးအောင်မြင်နိုင်ရန်နှင့် သမုဒယသစ္စာကို ဆုံးအောင် ပယ်နိုင်ရန်မှာ ပညာ ဉာဏ် အလွန်ထက်မှ ဖြစ်နိုင်မှာပါဘုရား။ (ခန္ဓာဉာဏ်ရောက်) ဟူသောစကားကို ကြားဘူးနေတာ ကြာပါပြီ။

ယခုမှပဲ (အထင်ခန္ဓာကို အမြင် ဉာဏ်ရောက်ခြင်း၊ )ဟုနားလည်ပါတယ်။

အဟုတ်ထင်ခြင်း၊ အကောင်းထင်ခြင်း၊ ဒုက္ခ၊သမုဒယ ခန္ဓာများကို (ဘာမှ မဟုတ်ဘူး) ဟုသိမြင်သော ဉာဏ်အမြင်ရောက်မှ (ခန္ဓာဉာဏ်ရောက်၏) အဓိပ္ပါယ်ကို နားလည်မှာ ဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP