* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, September 26, 2009

မုဒြာအကြောင်း သိကောင်းစရာ ( ၄ )

ဘူဖဿ မုဒြာ မြေကို သက်သေညွှန်းဟန် ( ဘူမိဖဿ ဟူ၍လည်း ရှိပါသည်၊ ဘူမိ မြေကြီးကို ၊ ဖဿ - ထိတွေ့၍ သက်သေတည်တော်မူဟန်၊


မြန်မာတို့ ကြားဖူးသော ဇာတ်လမ်း၌ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ကာနီး မာနတ် လာရောက် နှောက်ယှက်လေသောအခါ

ဤ အပရာဇိတ ပလ္လင်ကား ငါဘုရားကိုယ်တိုင် လေးသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီ ဖြည့်ဆည်းပြီးမှ ရရှိခြင်း ဖြစ်ပေတယ်၊ သင်မာနတ်နှင့် လုံးဝ မဆိုင်၊ ငါဘုရား သည်သုမေဓာ ရသေ့ဘ၀မှ စ၍ ဝေဿန္တရာ မင်းဘ၀တိုင်အောင် ဒါန ပါရမီ ကို ဖြည့်ဆည်းခဲ့ပြီး ဤမြေကြီးပေါ်မှာ ရေစက်ချ သက်သေညွန်းခဲ့သည်၊

ယခု အချိန်ဝယ် သက်၇ှိသတ္တ၀ါတွေကို ငါဘုရား မတိုင်တည်လိုပေ၊ သက်မဲ့ ဖြစ်သော ဤ ကမ္ဘာမြေကြီးသည် မသိလေရော့သလား- ဟု မိန့်တော်မူပြီး လက်တော်ဖြင့် မဟာ ပထ၀ီ မြေကြီးကို ညွန်ပြတော်မူရာ မဟာပထ၀ီ မြေကြီးသည် အိုးထိန်းစက်သဖွယ် သွက်သွက်ခါအောင် တုန်လှုပ်သဖြင့် မာနတ်စစ်တပ်လဲ လန့်ဖြန့်ကာ ထွက်ပြေးသော ဟူ၏၊


ထို့ကြောင့်ပင် ယခု အခါဝယ် အလှူဒါန ပြုပြီး ရေစက်ချ အမျှဝေရာ၌ မြေပေါ်သို့ သွန်းလောင်းခြင်း တနည်းအားဖြင့် သက်သေထားခြင်း ဖြစ်ပေသည်။ မေးစရာကား ရေစက်မချရင်ကော ဒါန မမြောက်ဘူးလား ဟု မေးခဲ့သော် မြောက်ပါသည်၊ ရေစက်ချခြင်းကား သက်သေ တည်ခြင်း သက်သက်သာ ဖြစ်ပေသည်၊ အကယ်၍ အခဲအခဲ တစုံတရာ ကြုံတွေ့ရချိန်ဝယ် ဖြေရှင်းဖို့အတွက် သက်သေပြု သစ္စာ ဆိုက ပြေပျောက်နိုင်သောကြောင့် ပြုလုပ်သင့်ပါသည်၊




ဒါကတော့ အဉ္ဇလီကရ - လက်အုပ်ချီဟန် မုဒြာ




ဈာန မုဒြာ- ဈာန်သမာပတ် ၀င်စားနေတော်မူဟန်၊ ( ဓျာန မုဒြာ ၊ သမာဓိ မုဒြာ ဟူ၍လည်း ခေါ်ဆိုနေကြပေသည်၊

လက်နှဖက်ယှက်ကာ လက်မ ထိပ်နှစ်ခု ထိထားသော ရုပ်ပုံတော်၊


လလိတ မုဒြာ- တင့်တယ် စံပယ်ဟန်၊

ဘယ်ခြေကို တင်ပလ္လင်ချိတ်ပြီး ညာခြေကို အောက်သို့ တွဲလောင်းချထားသောကြောင့် အထူးအားဖြင့် ခုံအမြင့်မှာ

ထိုင်သောအခါ သီတင်းသုံးဟန် ဖြစ်ပါသည်၊ လလိတ ပုံတော်ကို ရှာဖွေသော်လည်း မတွေ့ရသေးပါ၊

အခြားသော မုဒြာ အမျိုးပေါင်း ၂၀၀ ကျော်ရှိသည် ဟု ပဋိမာသိက္ခာဝလိ ကျမ်းက ဆိုပေသည်၊ အင်းလေးဖောင်တော်ဦးဘုရား ကို အသွား အသောကမင်း ကောင်းမှု့တော်ဖြစ်သော အလိုတော်ပေါက် ဘုရား အတွင်းက ရှေးခတ် အနုပညာ လက်ရာလေးကို သဘောကျလို့ မှတ်တမ်းတင် ထားတာပါ၊
ဖောင်တော်ဦး ဘုရားကို ရောက်ဖူးသူ တိုင်း က စိမ်းမြ ကြည်လင်နေတဲ့ ရေပြင်ကျယ်ကြီးမှာ အေးမြ သန့်ရှင်း လတ်ဆတ်တဲ့ သဘာဝ လေအေးအေးလေးတွေ ရှူရှိုက်ရင်း သွားခဲ့ရသမျှ ခရီး ရဲ့ ပင်ပန်းမှု့တွေကို ဖြေဖျောက်ပေးတယ် ဆိုပြီး လွမ်းတတ်ကြပါတယ်၊ ဇင်ယော်ငှက်လေးတွေရဲ့ အစာ စားဖို့ လိုက်လံ နေတဲ့ မြင်ကွင်းလေးတွေကလဲ မေ့လို့ မရနိုင်ပါဘူး။ အံ့သြစရာက ဘုရားကို အသွားမှာ သူတို့အတွက် အစာ ၀ယ်လာတတ်ကြတယ် ဆိုတာ သိလို့ လိုက်လာကြပေမယ့် အပြန်ခရီးမှာတော့ လှည့်တောင် မကြည့်ကြတော့ပါ၊
ဆိုရိုးလေးတော့ ရှိသား သူသေ ကိုယ်စား ကိုယ်သေ သူစား ဆိုလား - ဆိုလိုတာက အင်းသူ အင်းသားတွေသေရင် တချို့က အင်းထဲမှာပဲ အလောင်းကို ကျောက်ခဲဆွဲပြီး မြှုပ်ကြတယ်၊ အလောင်းကို အင်းထဲက ငါးတွေက စားမှာပေါ့။ ပြီးနောက် အဲဒီ ငါးတွေကိုပဲ လူတွေက ပြန်စားနေကြတာလေ ။ အားလုံးကို ကျေးဇူးတင်လျက် -




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP