*သီတဂူဓမ္မ၀ိဟာရကျောင်း (အမေရိက)က ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ*
စာတွေလည်း မရေးဖြစ်တာကြာပြီ။ အခြေအနေအရ ဘ၀တစ်ခုမှာ ရှင်နေရတယ်။ ဒါပေမယ့်လည်း အလွဲလေးတွေက ပေးတဲ့ ဒုက္ခဆိုတာလည်း တစ်ခါတစ်ရံ ချိုမြိန်လွန်းလှတယ်။ အကျပ်အတည်းထဲက ပေါက်ဖွားလာတဲ့ သုခဆိုတာလည်း ဂလိုပါပဲ။ ထားတော့ သူပြောချင်နေတာက ခရောင်းလမ်းက ပန်းတစ်ပွင့် အကြောင်းပါကိုပါ။ အဲဒါကတော့ ရေခြားမြေခြား သူများနိုင်ငံရဲ့ ဥပဒေအောက်ကနေ ကိုယ့်ယဉ်ကျေးမှု ပွဲလေးတစ်ခု ပြီးဆုံးအောင် လုပ်ခွင့်ရလိုက်တယ်။ ၀မ်းသာကြည်နူးမိပါတယ်။ အဲဒီ ပန်းတစ်ပွင့်ကတော့ အမေရိကားမှာ အလှူပွဲလေးတစ်ပွဲ အောင်မြင်စွာလုပ်ခဲ့ရတာကိုပါ။
ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှု မတူခြားနားတဲ့ နေရာတစ်ခုမှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တာလေးက ဘာရယ် မဟုတ် ဘ၀အလွဲတွေက အလွဲကောင်းလေး တစ်ခု ဖြစ်နေတော့မှာလေ။
ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှု မတူခြားနားတဲ့ နေရာတစ်ခုမှာ အောင်မြင်စွာ လုပ်နိုင်ခဲ့တာလေးက ဘာရယ် မဟုတ် ဘ၀အလွဲတွေက အလွဲကောင်းလေး တစ်ခု ဖြစ်နေတော့မှာလေ။
ဒီအလှူပွဲနဲ့ ပတ်သက်သူမှန်သမျှ ကျေးဇူးအနန္တပါလေ။
+++++++++++++++++++++++++++++++++++++++++++++++++++++++++
အရှင်နေမိန္ဒ (ငွေသာတွင်း) ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။
လေးစားရိုသေစွာဖြင့်
ဖိုးသား
29.08.2009, SAT:, 02:04:25 PM

0 comments:
Post a Comment