* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 29, 2009

ဦးနှောက်ကို ပျက်စီးစေသော အလေ့အထများ...


(၁) နံနက်စာ မစားခြင်း
နံနက်စာ မစားသော လူများသည် သွေးထဲတွင် ရှိသော သကြားဓာတ်ပမာဏကို လျော့နည်းစေပါသည်။ ၄င်းသည် အဟာရကို ထောက်ပံ့ဖို့ မလုံမလောက် ဖြစ်လာပြီး ဦနှောက်ပျက်စီးခြင်း၊ ဦးနှောက် ယိုယွင်းလာခြင်းကို ဦးတည်စေပါသည်။
(၂) အစားကို အလွန်အကျွံ စားခြင်း
၎င်းသည် ဦးနှောက် သွေးလွှတ်ကြောများကို မာကြောလာစေပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကို လျော့နည်းလာစေပါသည်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းသည် များစွာသော ဦးနှောက် အစိတ်အပိုင်းများကို ကျုံ့လာစေပြီး Alzheimer ရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။
(၄) သကြားကို များစွာ စားသုံးခြင်း
သကြားများစွာကို စားသုံးခြင်းသည် အာဟာရ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်သော ပရိုတိန်းနှင့် အာဟာရများ စုပ်ယူခြင်းကို အနှောက်အယှက် ဖြစ်စေလိမ့်မည်။ ထို့နောက် ဦးနှောက် ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေလိမ့်မည်။
(၅) လေထု ညစ်ညမ်းခြင်း
ခန္ဓာကိုယ် အစိတ်အပိုင်း (၂၀) ထဲတွင် ဦးနှောက်သည် အောက်ဆီဂျင်ကို အများဆုံး အသုံးပြုသော အစိတ်အပိုင်း ဖြစ်သည်။ မသန့်ရှင်းသော လေများကို ရူခြင်းသည် ဦးနှောက်ကို အောက်ဆီဂျင် ထောက်ပံ့မှု လျော့နည်းလာစေပြီး ဦးနှောက်၏ အကျိုးများမှုကို နည်းပါးလာစေပါသည်။
(၆) အိပ်ရေး မ၀ခြင်း
အိပ်စက်ခြင်းသည် ဦးနှောက်ကို အနားပေးခြင်း ဖြစ်သည်။ သို့သော် အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းသည် ဦးနှောက်၏ ဆဲလ်များကို ပျက်စီးစေလိမ့်မည်။
(၇) အိပ်ပျော်စဉ် ဦးနှောက်ကို ဖုံးအုပ်ထားခြင်း
ဦးနှောက်ကို ဖုံးအုပ်ထားပြီး အိပ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် စုစည်းမှုကို တိုးပွားစေလာပြီး ဦးနှောက်ကို ပျက်စီးစေနိုင်သော အကျိုးသက်ရောက်မှုကို ဖြစ်စေသည့် အောက်ဆီဂျင် နည်းပါးမှုကို ဖြစ်ပွားစေပါသည်။
(၈) မကျန်းမာစဉ် ဦးနှောက်ကို အလုပ်လုပ်ခြင်း
ဖျားနာနေစဉ်တွင် အလုပ်လုပ်ခြင်း၊ စာလေ့လာခြင်းများသည် ဦးနှောက်၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေပြီး ဦးနှောက် ပျက်စီးစေပါသည်။
(၉) စိတ်ကို လန်းဆန်းစေသော အတွေးများ နည်းပါးခြင်း
တွေးတောခြင်းသည် ဦးနှောက်ကို လေ့ကျင့်ပေးသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်။ စိတ်ကို လန်းဆန်းစေသော အတွေးများ မရှိခြင်း၊ နည်းပါးခြင်းသည် ဦးနှောက်ကို ကျုံ့စေနိုင်ပါသည်။
(၁၀) တစ်ခါတစ်ရံ စကားပြောခြင်း
ဉာဏ်ရည် ဉာဏ်သွေးကို ထက်မြက်စေသော စကားပြောခြင်းသည် ဦးနှောက်၏ အကျိုးသက်ရောက်မှုကို တိုးတက်စေလာပါလိမ့်မည်။
(ဒကာတစ်ဦးမှ ပေးပို့လိုက်သော အင်္ဂလိပ်ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါသည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP