* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 29, 2009

မိဘကျေးဇူးဆပ်နည်း

လူရွှင်၊ လူနောက်တွေ ပြောလိုက်တဲ့ စကားတွေကြောင့် မြန်မာပြည်မှာ.. မစွပ်စွဲသင့်တာကို စွပ်စွဲမိသလို ဖြစ်နေတဲ့ စကားတွေအများကြီး ရှိပါတယ်။ အဲဒီအများကြီးထဲကမှ မိဘကျေးဇူးဆပ်နည်းနဲ့ပတ်သက်လို့ “ဘုရားရှင်တောင် နို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုတဲ့” စကားနဲ့ပတ်သက်လို့ မေမေ့လပြည့်ဝန်းလေး တင်ပြချင်ပါတယ်။ ဘုရားရှင်ဟောခဲ့တရားကို အကိုးသာဓကနှင့်တကွတင်ပြထားတဲ့ ရွှေပါရမီတောရဆရာတော် ဦးဆန္ဒာဓိကရဲ့ “နို့နှစ်လုံးဖိုး ကျေပါတယ်” (သို့မဟုတ်) “မိဘကျေးဇူးအကျေဆပ်နည်း”တရားတော်ဖြစ်ပါတယ်။ လူရွှင်၊ လူနောက်တွေရဲ့ စကားကို အတည်မှတ်နေတဲ့၊ ဒါမှမဟုတ် ဘုရားဟောဖော်တရားတော်အတိုင်း အကိုးသာဓကနှင့်တကွ အတိအကျ မသိသေးတဲ့တို့အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ အမှားကို အမှန်ထင်ပြီး ဘုရားရှင်ကို စွပ်စွဲသလိုမျိုး မဖြစ်စေချင်တဲ့ ဆန္ဒနဲ့ပါ။ ဆရာတော်ရဲ့ တရားကို နာရမှာ တရားဖြစ်လို့ သိပ်စိတ်မ၀င်စားဘူးဆိုရင်လည်း ဆရာတော်ရဲ့ အဲဒီ “နို့နှစ်လုံးဖိုးကျေပါတယ်” တရားကို နာပျော်စွာ မှတ်သားကြည့်ရှုနိုင်အောင် -Movie- အဖြစ်ရိုက်ပြီး ပါပြီ။ အခု အွန်လိုင်းမှာလည်း တင်ထားတယ်။ ဒါပေမယ့် ဇာတ်ကားထဲမှာတော့ သရုပ်ဆောင်တွေရဲ့ နဲနဲလေးဟာကွက်တော့ ရှိပါတယ်။ ဥပမာ-- နိုင်းနိုင်းရဲ့ အပြောထဲမှာ “ကိလေသာ (၁၀)ပါးရှိတာကို (၈)ပါးလို့ ပြောတဲ့နေရာ စသည်မှာပါ။ ဘာပဲဖြစ်ဖြစ် အဓိကကြည့်ရှုသူ မှတ်သားရမှာက အယူမှား/ကိုးကွယ်မှားနေတဲ့ မိခင်ကို သားသမီးက ဘုရားဟောဖော်တရားတော်ဖြင့် သားသမီးသိလောက် ပြောပြပြီး မိခင်ကျေးဇူး အကျေဆပ်တဲ့နည်းကို သရုပ်ဖော်ထားတဲ့ သဘောနားလည်စေချင်၊ မိဘကျေးဇူးဆပ်နည်းကို သိစေချင်တာပါ။
တရားတော်ကတော့ ဆရာတော်ကိုယ်တိုင် ဟောထားတာဆိုတော့ အမှား မရှိနိုင်ပါဘူး။ ဘုရားဟောဖော်အတိုင်း မိဘကျေးဇူး အကျေဆပ်နည်းကို သေသေချာချာ ဂဃနဏ သိချင်တယ်ဆိုရင်တော့ ဆရာတော်ရဲ့ မူရင်းတရားတော်ကို နာယူစေချင်ပါတယ်။
မိဘကျေးဇူးအကျေဆပ်နည်း စာအုပ်ဖတ်ချင်တယ်ဆိုရင်လည်း ဆရာတော်ရဲ့ ရွှေပါရမီဆိုက်မှာ ဆရာတော်ရဲ့ တရားတော်များနှင့် စာအုပ်များစွာ ဓမ္မဒါနပြုထားပါတယ်။ အဲဒီစာအုပ်လည်း ဆရာတော်ရဲ့ဆိုက်မှာ ရနိုင်ပါတယ်။ အလိုရှိက သွားရောက်ပြီး ဒေါင်းလော့ဒ်လုပ်ကာ ဖတ်ရှုနိုင်အောင် လင့်ခ်ချိပ်ပေးလိုက်တယ်နော်...
မေမေ့လပြည့်ဝန်းလေး တရားတော်ဖိုင်ကိုတော့ ကိုယ်တိုင် upload-ကာ တင်ထားတာပါ။ ဇာတ်ကားကတော့ မူရင်းဆိုက်ကို လင့်ခ် ချိပ်ပေးလိုက်ပါတယ်။
အမှားကို မြင်၊ အမှန်ပြင်နိုင်ကြပါစေ…

တရားတော်က ဒီမှာ


ဒါကဆရာတော်ရဲ့ဆိုက်ပါ



ဇာတ်ကားက ဒီမှာပါ




မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP