* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 22, 2009

မကောင်းရင် ကင်းအောင်နေ၊မကင်းရင် ကောင်းအောင်နေ….…

ညီလေးရေ…
အကိုစာရေးလိုက်တယ်။ညီလေးနေကောင်းရဲ့လား။ ငါ့ညီကို ပြောစရာ စကားလေး တွေအတွက်ဒီတခါ မေးလ်တစ်ခုကရတဲ့ ဆုံးမစကားလေးကနေ အစပျိုးလိုက်မယ်။ အဲဒါကတော့….
“ မကောင်းရင် ကင်းအောင်နေ
မကင်းရင် ကောင်းအောင်နေ….…တဲ့။”
ကျေးဇူးတော်ရှင် ဆရာတော်အရှင်ဆေကိန္ဒ(ဓမ္မဒူတ) ကိုရီးယားကို ရောက်တော့ အဆင်ပြေပါရဲ့လား ဆိုတဲ့ တရားတော် တစ်ပုဒ် ဟောကြား သွားခဲ့တယ်။ အဲဒီတရားထဲမှာ“လူသုံးမျိုးရှိတယ်။ (၁)ပြဿနာရှာတဲ့လူ၊(၂)ပြဿနာပါတဲ့လူ၊(၃)ပြဿနာနဲ့လွတ်အောင်နေတဲ့လူ” ဆိုတဲ့ မှတ်သားစရာ စကားတစ်ခွန်း ရလိုက်တယ်။ တရားတော်ကတော့ ယနေ့ လူသားတွေအားလုံး နေ့စဉ် ကြုံတွေ့နေရတဲ့ လူမှုနယ်ပယ်မှာ နေထိုင်တတ်အောင် ဆုံးမ သွားတဲ့ တရားတော်ပါပဲ။တရားတော်တစ်ပုဒ်လုံးထဲက ငါ့ညီအတွက် စကားလက်ဆောင် ပေးလိုက်တာပါ။ (တရားခေါင်းစဉ်ကိုကလစ် ပါက တရားတော်နာကြားနိုင်ပါသည်။)

(၁) ပြဿနာရှာတဲ့လူ ဆိုတာ သဘာဝတရားကို ပြစ်တင်ရန်ရှာနေတဲ့ လူမျိုးပေါ့၊“မောဟအားကြီးလွန်းသူ”ထဲမှာပါတယ်တဲ့။ချိုတဲ့အရာ၊ချဉ်တဲ့အရာ၊ငံတဲ့အရာ စတာတွေ။ပျော့တဲ့သဘော၊မာတဲ့သဘောဆိုတဲ့ အစစအရာရာသူ့သဘာဝအတိုင်း ဖြစ်ပျက်နေတာ တွေအပေါ်မှာ အပြစ်လိုက်ရှာတတ်တဲ့သူမျိုးကို ပြဿနာရှာတဲ့လူလို့ ဆိုလိုတယ်။
(၂) ပြဿနာထဲပါတဲ့လူ ကတော့ ပြဿနာရှာတဲ့ လူနောက်ကို လိုက်လာတဲ့ အဖေါ်ပေါ့ကွာ။ ကိုယ့်ဖါသာမနေနိုင်ပဲ သူများဒုက္ခကို ဝေယူချင်သူလို့လဲ ပြောလို့ရတာပေါ့။ နောက်ဆုံးသူ့ပြဿနာက ကိုယ့်ပြဿနာ ဖြစ်ကျန်ခဲ့ရတော့တာပါပဲ။ သူ့ကို “လောဘ၊ဒေါသ တစ်ခုခု၊ဒါမှမဟုတ် နှစ်ခုစလုံး အားကြီးတဲ့ ပုဂ္ဂိုလ်”လို့ ဆိုတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ ကိုယ်က မပါချင်ပေမဲ့ သူများအဖေါ်ခေါ်လို့ အားနာပါးနာနဲ့ ပြဿနာထဲ ပါသွားတာမျိုးလဲ ရှိတတ်သေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်က ပြဿနာထဲပါရပြီဆိုရင်တော့ သတိတရားလေးနဲ့ ဆင်ခြင်တတ်ဖို့လိုတယ်ပေါ့ကွာ။ နောက်ပြီးပြဿနာ ရှာတဲ့ လူကော၊ ပါတဲ့လူကောကို အကျယ်ချဲ့စဉ်းစားကြည့်ရင် ယနေ့လူ့လောက ကျင်လည်နေသမျှနဲ့ အံဝင်ဂွင်ကျ စကားတွေပဲ။
ဘာပဲဖြစ်ဖြစ်လေ။စားဝတ်နေရေး၊လူမှုရေး ဆိုတဲ့ များပြားလှတဲ့ တို့တာဝန်အရေး တွေနဲ့ နေ့စဉ်လူနေမှုဖြစ်စဉ်မှာတော့ ကိုယ်တိုင်တစ်ခါတစ် လေပြဿနာရှာတဲ့လူ ဖြစ်သလို၊တစ်ခါတစ်လေ ပြဿနာထဲပါတဲ့ လူ ဖြစ်တာပါပဲ။ ဒီနေရာမှာ လောဘ၊ဒေါသ၊မောဟကို နည်းနိုင်သမျှ နည်းအောင်လုပ်မှ၊ နေထိုင်ပြောဆိုနိုင်မှ သောကကင်းအောင်နေနိုင်မယ်။စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်မှာပါ။
(၃) ပြဿနာနဲ့ လွတ်အောင်နေနိုင်တဲ့သူကတော့ လောကသုံးပါးမှာ ဘုရားရဟန္တာ ပဲရှိတယ်။ လောဘ၊ဒေါသ၊မောဟတွေ ချုပ်ငြိမ်းနေပြီဆိုတော့ အေးချမ်းနေပြီလေ။ပြဿနာတွေနဲ့ လွတ်လွတ်ကင်းကင်းနေနိုင်ကြတာပေါ့။ ဒါကြောင့်တို့ပုထုဇဉ် လူသားတွေ ကိုယ်၊စိတ်အေးချမ်းကြစေဖို့ ဝိပဿနာအကျင့် တွေကျင့်ကြ၊တရားရှုမှတ်ကြလို့ ဆရာတော်ကြီးများက တဖွဖွ ဆိုဆုံးမ ပေးနေကြ တာပါ။
ဒီနေရာမှာ စိတ္တသုခ(ကိုရီးယား)ကျောင်းတော်က ဆရာတော်ဦးဝိစိတ္တ ရဲ့ ဆုံးမသြဝါဒလေးကိုလဲ ငါ့ညီကို ပြောရဦးမယ်။ (ဆရာတော်ဘွဲ့ ကိုကလစ်ပါက ဆရာတော့်ဘလော့ကို ရောက်ပါမည်။)
၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊မဝင်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အ စား မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းရမည်။
၂။ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊မဝင်ဣဿာ ယိုင်တတ်သည်။ ယိုင် မည့်အစား၊မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းရမည်။
၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊မဝင်နိုင်က နိုင်တတ်သည်။နိုင် မည့်အစား ကရုဏာထား စိတ်ထားပြုပြင်ပြောင်းရမည်။
အဲဒီဆုံးမစကားတွေအတိုင်းဆိုရင် တို့တတွေက ပြဿနာရှာတဲ့လူ မဖြစ်တော့ဘူးပေါ့ကွာ။
နောက်ပြီးတို့တစ်တွေက နေ့စဉ် လူအများနဲ့ ဆက်ဆံပြောဆိုနေကြရ တယ်မဟုတ်လား။ မိတ်ဆွေအပေါင်းအသင်းမရှိလို့ မဖြစ်ဘူးလေ။ မိတ်ဆွေကောင်း ရွေးပေါင်းဖို့ဆိုတာ လိုပေမဲ့ ရွေးရခက်တတ်တာ ဓမ္မတာပဲ။ပေါင်းပြီးကာမှ မကောင်းလို့ ရှောင်ပြန်ရင်လဲ ရန်လုပ်ခံရဦးမယ်။မကောင်းမှန်းသိသိကြီးနဲ့လဲ မပေါင်းသင်းချင်။ ဘုရားဟောကတော့ “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်” လို့ဆိုတာကို။ ကောင်းပြီ ဘယ်လိုပေါင်းသင်းနေထိုင်ကြမလဲ။အကို တို့လို နိုင်ငံခြားရောက်နေသူတွေအတွက် ပိုသတိထားစရာတွေရှိတာပေါ့ကွာ။ ဆရာတော်တစ်ပါး ဆုံးမစကားလို “အရှုတ်ထဲမှာ ရှင်းအောင်နေ” တတ်ဖို့ ကြိုးစား ရမှာပေါ့။ကိုယ်က အရှုတ်ထဲမရောက်သေးရင်တော့ ကောင်းတာပေါ့ကွာ။အရှုတ်ထဲ ရောက်နေရင်တော့ အဲဒီအရှုတ်ထဲမှာ ဝင်မပါရင် ရှင်းတာပါပဲ။ဝင်ပါမိရင်တော့ ရှင်း မရတော့ဘူး သာမှတ်ငါ့ညီ။တနည်းကတော့ ပြဿနာထဲ ဝင်ပါမိသလိုပါပဲ။အစကထဲ ကရှင်းအောင်နေမှ နောက်မရှုတ်မှာပေါ့။ အေးလေ....စာလဲ အတော်ရှည်နေပြီ။အကို ပြောချင်တာကို ငါ့ညီ သဘောပေါက်မယ်ထင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့အသိုင်းအဝိုင်းမှာ မကင်းနိုင်တဲ့ လူတွေရှိသလို၊ ကင်းအောင်နေနိုင်တဲ့လူတွေလဲ ရှိတာပါပဲ။ကိုယ်ပေါင်းသင်းနေရတဲ့ လူတွေဟာ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)ဆိုတာရှိတော့ ကာ အသိတရားလေးနဲ့ ဆင်ခြင်ပြီး မကောင်းရင်တော့ ကင်းအောင်နေပေါ့ကွာ။ မတတ်သာလို့ ကင်းအောင်မနေနိုင်ရင်တော့ ကိုယ်က ကောင်းအောင်နေဖို့လိုတယ်။ကိုယ့်ကို ကိုယ်ကောင်းအောင် ကြိုးစားနေထိုင်သွားပါလို့ အကို မှာချင် တယ်။ညီလေးတို့ မိသားစု ကျန်းမာပါစေ.....။ ။ (post ခေါင်းစဉ်ကို YanNaungSoe gtalk မှ ယူလိုက်ပါတယ်။ကျေးဇူးပဲညီလေး yns ရေ။)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP