* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, June 22, 2009

ခရီးသွားမှတ်တမ်း(၆)

ထိုင်းနိုင်ငံ-ချင်းခေါင်မြို့နှင့် လာအိုနိုင်ငံ ဟောင်စီမြို့နှစ်မြို့မှာ မဲခေါင်မြစ်တစ်စင်းသာ ခြားပါတယ်။ ဒါနဲ့မဲခေါင်မြစ် ထိုင်းနိုင်ငံဘက်မှ လာအိုနိုင်ငံ ဟောင်စီမြို့သို့ ကုတို့လှေဖြင့် ကူးကြပါတယ်။
ကုတို့လှေပိုင်ရှင်က ဗုဒ္ဓဘာသာမို့ထင်ပါတယ်၊ ကုတို့ခ မယူဘဲ လှူလိုက်တယ်ဆိုပါတော့။ လှူတယ်ဆိုတော့ ၀မ်းသာရတာက စာရေးသူတို့ပါ အလကားရလို့ကတော့ အကုန်ယူတယ်ပေါ့၊ ကိုရွှေမြန်မာတွေလေ…………….ဟီး။

စာဖတ်သူများ ဒီနေရာမှာ သတိထားရမဲ့အချက်က……
Golden Triangle ရောက်တဲ့အခါ
ထိုင်းနိုင်ငံရွှေတြိဂံမှ လာအိုနိုင်ငံဖက်ကို ကူးချင်တယ်ဆိုရင် Bangkok ပြန်ပြီး လာအို သံရုံးမှာ ဗီဇာပြန်ယူစရာမလိုပါဘူး။ ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ ချင်းခေါင်မြို့ကနေ အထွက်ပြကာ လာအိုနယ်စပ်မြို့လေးတစ်မြို့ ဖြစ်တဲ့ (Houei Xai)ဟောင်စီမြို့ရဲ့ Immigration Office မှာ arrival visa ယူလို့ရပါတယ်။
Visa ကြေးကတော့ များများမဟုတ်ပါဘူး၊ ဒေါ်လာ ၃၀ဲ ပေးရပါတယ်။
အစီအစဉ်က လောနိုင်ငံ၊ ကမ္ဘောဒီယားလည်ပတ်ပြီး ထိုင်းနိုင်ငံ ပြန်ဝင်ချင်တာပါ။ ဒီအတွက်ကို ချင်းမိုင်မြို့ကတည်းက Chiang mai , Immigration office ရုံးမှာ ထိုင်းပြန်ဝင်ခွင့်ရနိုင်ဖို့အတွက် Re entry လုပ်ခဲ့ရပါတယ်။ တစ်ယောက်ကို ဘတ်တစ်ထောင်ပေးရတယ်လို့ လည်းအထက်မှာ ဖေါ်ပြခဲ့ပြီးပါပြီ၊ တကယ်လို့ Re entry မလုပ်ထားဘူးဆိုရင် ထိုင်းကနေထွက်တာနဲ့ ရထားတဲ့ ထိုင်းနိုင်ငံ နေထိုင်ခွင့်ဗီဇာ သက်တမ်း ကုန်သွားမှာ ဖြစ်ပါတယ်။ Re entry ကလည်း နှစ်မျိုးရှိတယ် လို့ သတိပေးပါရစေ။
တကယ်လို့ ထိုင်းနိုင်ငံအတွင်း အကြိမ်ကြိမ်ပြန်ဝင်ချင်တယ်ဆိုရင်တော့ re entry ကို multiply လုပ်ရပါတယ်။ ကျသင့်ငွေက(ဘတ်၃၅၀၀)၊ တကယ်လို့ တစ်ကြိမ်ပဲ ပြန်ဝင်မယ်ဆိုရင်တော့ Single re entry လုပ်ရတယ် ၊ ကျသင့်ငွေက (ဘတ် ၁၀၀၀)ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း အထက်မှာ ဖေါ်ပြခဲ့ပြီးပါပြီ။ သတိထားရအောင်လို့ ထပ်မံပြီးပြောခြင်းဖြစ်ပါတယ်။

Houei Xai, Laos
ဒီလိုနဲ့ ထိုင်းနယ်စပ်ကနေ ကုတို့လှေဖြင့်ကူးလာရာ လာအိုနိုင်ငံဖက်ကမ်းသို့ ဆိုက်ရောက်ပါတယ်၊ ထုံးစံအတိုင်း Laos Immigration office ကို သုံးဦးသား ၀င်ခဲ့ကြတယ်။ အဲဒီမှာ Arrival card & Departure card မှာ Form ဖွန်ဖြည့်ရတယ်။ ပြီတော့ Laos Immigration က Arrival visa ပေးပါတယ်။
စာရေးသူတို့ ရောက်တဲ့အချိန်က အချိန်ကုန်နေတဲ့အတွက် over time အတွက် တစ်ဒေါ်လာထပ်ဆောင်းပြီး ပေးရတယ်။ ဒါကြောင့် တစ်ဦးကို ဗီဇာခ ၃၁ ဒေါ်လာ ပေးခဲ့ရတယ်။
ဗီဇာကိစ္စပြီးတော့ တည်းခိုဖို့ ဟော်တယ် လိုက်ရှာရင်းက မနက်ဖန် (Louangphabang)လောဖရာဘန်ကို သွားဖို့အတွက် စုံစမ်းရာ မော်တော်ဖြင့် တစ်ညအိပ် နှစ်ရက်ခရီး သွားရမယ်လို့ သိရတယ် ၊ဒါနဲ့ မော်တော်စီးခ ဘယ်လောက်ကျသလဲ လို့မေးတော့ ထိုင်းဘတ်ငွေ ၁၀၀၀ တဲ့၊ တတ်နိုင်ဘူး၊ လက်မှတ်သုံးစောင်အတွက် ဘတ်သုံးထောင်ပေးပြီး ၀ယ်လိုက်တော့တယ်။ ဒီလိုအဆင်ပြေအောင် လိုက်ပါကူညီသူက တော့ Tour Gide လုပ်နေတဲ့ လာအိုသူ အမျိုးသမီးလေးတစ်ဦးဖြစ်ပါတယ်။
လာအိုနိုင်ငံမှ Houei Xai ဟောင်စီမြို့လေးရဲ့ ရာသီဥတုက အလွန်သာယာတယ်လို့ ဆိုရပါမယ်။ ယခုအချိန် ထိုင်းနိုင်ငံမှာ မိုးတွေရွာနေပေမယ့် လာအိုနိုင်ငံမှာတော့ မိုးမရွာတဲ့ အပြင် ရာသီဥတုအခြေအနေကောင်းပါတယ်။
တည်ခိုးခန်းအတွက်လည်း တစ်ညကို ထိုင်းဘတ် ၃၀၀ပဲကျပါတယ်။ လာအိုနိင်ငံ နယ်စပ်မြို့လေးမှာ ထိုင်းဘတ်ငွေများကို သုံးစွဲလို့ရပါတယ်။ လာအိုနိုင်ငံထဲ ခရီးဆက်ရဦးမှာဖြစ်တဲ့အတွက် လာအိုငွေများကို လှဲလှယ်ထားက ပိုကောင်းပါတယ်၊ ငွေလှဲတဲ့အခါ အစိုးရကဖွင့်ထားတဲ့ Money Changer မှာ ကိုယ့်ပါ့စ်ပို့ ပြပြီး လှဲပါက ပို၍ ကောင်းမွန်ပါတယ်၊ အပြင်မှ ငွေလှဲရင် နစ်နာပြီသာ မှတ်ပေတော့။
ဟောင်စီမြို့ (Houei Xai)လေးဟာ နယ်စပ်မြို့ပေမယ့် လျှပ်စစ်မီး (24 Hour ) ရပါတယ်။ လျှပ်စစ်မီးကြိုးလှိုင်းများကို မဲခေါင်မြစ်ကို ကျော်ကာ ထိုင်းနဲ့လော နှစ်နိုင်ငံ ဆက်သွယ်ထားတာကို တွေရတယ်။ စုံစမ်းကြည့်တဲ့အခါမှာ လောနိင်ငံမှ လျှပ်စစ်မီးကို ထိုင်းက ၀ယ်ယူသုံးစွဲတာဖြစ်တဲ့အကြောင်း ပြောပါတယ်။
ထိုင်း GSMက Conection မပြတ်သေးတဲ့အတွက် စာရေးသူတို့ အင်တာနက် အသုံးပြုလို့ ရပါသေးတယ်။ ညဖက်တွင် ခရီးသွားမှတ်တမ်းရေးရင်း အွန်လိုင်းပေါ်တက်လိုက်တော့ MCC ကွန်ပျူတာမှ မသီတာဝင်းနှင့်တွေ့ရတဲ့အတွက် အတွေ့အကြုံတွေကို ပြောပြဖြစ်ခဲ့ပါတယ်။ မသီတာဝင်းဟာ စာရေးသူအပေါ် ကျေးဇူး အလွန်များပြီး သဒ္ဓါတရားကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ စာရေးသူတို့ ပြည်ပ ထွက်မဲ့အကြောင်းကို သိတဲ့အတွက် မသီတာဝင်းက စာရေးသူအား ထိုင်းဘတ်ငွေ(၃၀၀၀)မြန်မာငွေ တစ်သိန်းဝန်းကျင် လှူဒါန်းပါတယ်။
(တစ်ခုစဉ်းစားမိပါတယ်၊ လောနိုင်ငံနယ်စပ်မြို့မှာထိုင်းဘတ်ငွေများ သုံးခွင့်ပေးထားပေမယ့်လို့ စာရေးသူတို့ဒေသဖြစ်တဲ့ ကော့သောင်းနှင့် ထိုင်းနယ်စပ် ဖန်ပရား ရနောင်းမြို့မှာတော့ မြန်မာငွေများကို သုံးလို့ မရပါဘူး။)
လာအိုနိုင်ငံနယ်စပ် ဟောင်စီမြို့က ဟော်တယ်ပိုင်ရှင်မိသားစု၏ သဒ္ဓါတရား
လာအိုနိင်ငံရဲ့နယ်စပ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဟောင်စီ ဆိုတဲ့မြို့မှာ တစ်ညတာ ဟော်တယ်မှာ တည်းခိုကြပါတယ်။ ဒီနေရာမှာ လာအိုနိုင်ငံသူများရဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအပေါ် စေတနာသဒ္ဓါတရားကောင်းလိုက်ပုံကတော့ ပြောစရာမရှိပါ။ အလုပ်မပါ အပြောနဲ့သာ ဒုက္ခပေးခဲ့တဲ့ ပြည်ပရောက် မြို့ကြီးသားကိုရွှေမြန်မာအချို့နဲ့ တော့ ကွာပါ့….. ဘာမှမဆိုင်ဘူး။
ဟော်တယ်ပိုင်ရှင်အမျိုးသမီးက တည်းခိုခကို ထိုင်းဘတ် ၃၀၀ပဲတောင်းတယ်။ အခန်းကလည်း သန့်ရှင်းသန့်ရပ်တယ် ရေအိမ်သာမှာလည်း အပူအအေးလိုတဲ့ရေသုံးနိုင် ချိုးနိုင်တယ်။ ၀န်ဆောင်မှုအပြည့်ပေးပါတယ်။ ညဖက် စာရေးသူနဲ့ ဥိးကုမာရတို့ နှစ်ပါး မြို့ထဲလျှောက်လည်ကြတယ်၊ မနက်ပိုင်း Brakefast နံနက်စာကိုတော့ ဟော်တယ်အောက်ထပ် စားသောက်ဆိုင်မှာပဲ ဘုဉ်းပေးကြပါတယ်။
နံနက်စာက ဆန်ပြုတ်တစ်ခွက်၊ ဟန်ဘာကာ တစ်ခု၊ ငှက်ပျော်သီး ပျားပအုန်းတစ် ခွက်၊ သရက်သီး ၊ လဘက်ရည်တစ်ခွက် ချပေးပါတယ် ။ ကော်ဖီကတော့ ခါးလိုက်တာမှပြောစရာမရှိပေ၊ အခါးမကြိုက်တဲ့ စာရေးသူအဖို့တော့ အသင့်ပါလာတဲ့ ကော်ဖီမက်နဲ့ ရေပူဖျော်ပြီးသောက်လိုက်ပါတယ်။ နံနက်စာကိစ္စ ပြီးပြီဆိုပါတော့၊ ပိုက်ဆံရှင်းတဲ့အခါကျတော့ ဟော်တယ်ပိုင်ရှင်က သူတို့လှူပါတယ်ဆိုပြီး အင်္ဂလိပ်လိုပြော ပါတယ်။ ဒါတင်မကသေး…..Lunch နေ့လည်စာအတွက်ဆိုပြီး ပါဆယ်ထုပ် သုံးထုပ်နဲ့ ရေသန့်ဘူး သုံးဘူး၊ ဘီစကွတ်မုန့်များပါ လှူဒါန်းလိုက်ပါသေးတယ်။ ဟော်တယ်ပိုင်ရှင်ရဲ့သမီး ကော့လိပ်ကျောင်း သူ လေးက အဂ်လိပ်လိုမေးလာပါတယ်၊ အရှင်ဘုရားတို့ ဘယ်နေရာကလာကြပြီး ဘယ်ကိုသွားကြမှာလဲ တဲ့။ တို့များကတော့ မြန်မာများဖြစ်ကြတယ်။ ရန်ကုန်ကနေ ဘန်ကောက်၊ ဘန်ကောက်မှ ချင်းမိုင်၊ ချင်းမိုင်မှ ရွှေတြိဂံ၊ အခုဒီဟောင်စီမြို့ကို ရောက်လာ တာပါ။ ဒီကနေတဆင့် Louangphabang လော်ဖရာဘန် (The world hari tage)ကမ္ဘာ့အမွေအနှစ်မြို့ကို သွား ကြမှာ ဖြစ်တယ်။ အဲဒီကနေ လောမြို့တော် ဘီရန်ကျင်း၊ ဘီရန်ကျင်းကနေ ကမ္ဘောဒီယား နိုင်ငံ siem reapမြို့ကိုသွားမှာပါ။ အဲဒီကနေ ဘန်ကောက်၊ ရန်ကုန်ပြန်မယ့် အကြောင်း ဥိးကုမာရက ပြောပေးပါတယ်။
(လောနိုင်ငံသူ ကော့လိပ်ကျောင်းသူလေးရဲ့ အင်္ဂလိပ်စကားကို ပိုင်နိုင်စွာ ပြောနိုင်တာကို ထောက်ခြင်းဖြင့် လောနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း မခေဘူးဆိုတာ သိလိုက်ရပါတယ်။) ဆက်လက်ပြီး……
ဒါဆိုရင် Louangprabang ကို သွားဖို့ မော်တော်လက်မှတ်ဝယ်ပီးပီလားလို့ မေးတယ်၊ ၀ယ့်ပြီးပြီဆိုတဲ့အကြောင်း ပြန်ဖြေလိုက်ပါတယ်။ ဦးကုမရကြီးကတော့ လိုအပ်ရာများ လာအိုမှာသုံးနိုင်ရန်အတွက် money changer မှာ $ နှင့် လာအိုငွေ(KIP)ကို သွားရောက်လှဲလှယ်ခဲ့ပါတယ်။
ငွေလွဲနှုံးမှာ $ 1 လျှင် လာအိုငွေ 8500 KIP ဖြစ်တယ်။ ဒါနဲ့ ဒေါ်လာ ၁၀၀ကို ငွေ လှဲတော့ လာအိုငွေ 850000 KIP ရပါတယ်။
မနက်စာစားပြီး ဟော်တယ်ပေါ်ခေတ္တခဏ ပြန်နားကြပါတယ်။ စာရေးသူကတော့ ထုံးစံအတိုင်း စာပဲဆက်ရေးနေပါတော့တယ်။ နံနက် ၈း၃၀ ခန့်မှာ မော်တော်ဆိပ်ဆင်းဖို့ အတွက် ဟော်တယ်ခ ပေးရာ ဟော်တယ်ပိုင်ရှင်က ဟော်တယ်ခကို မပေးပါနဲ့ သူတို့ လှူပါ တယ်လို့ ပြောပါတယ်။ စာရေးသူတို့လည်း သဒ္ဓါတရားကောင်းလှတဲ့ Houei Xai မြို့မှ လာအိုမိသားစုများနဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။
သတိထားမိတာတစ်ခုက ဒီဟော်တယ်ပိုင်ရှင်မှာ ကော့လိပ်ကျောင်းတက်နေတဲ့ သမီးလေးတစ်ယောက်ရှိတယ်၊ မေးကြည့်တော့ ဒုတိယနှစ်တက်နေသတဲ့၊ အင်္ဂလိပ်စကား ကို ရေရေလည်လည် ပြောတတ်နေပြီ။ မြန်မာပြည်မှာတော့ တက္ကသိုလ်က ဘွဲ့ရပြီးသည်အထိ အင်္ဂလိပ်စကားကို မပြောတတ်သေးပါဘူး၊ ပြောတတ်အောင်လည်း ကြိုးစားကြဟန် မတူဘူး။ လာအိုနိုင်ငံရဲ့ ပညာရေးအဆင့်ဟာ မြန်မာထက်သာနေတယ် ဆိုတာ သိသာနေပါတယ်။(ဆက်လက်ဖေါ်ပြပါဦးမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP