* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 2, 2009

ငါ သေခဲ့မယ်ဆိုရင်

၁။
သေမင်းနှင့် ငါဟာ
ချိန်းထားတာ မဟုတ်လေတော့
အကြောင်းကြောင်းတွေကြောင့်
ခုနေများ-----တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ငါ့ကိုတမ်းတပြီး
ငိုမယ့်လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။

၂။
အသေစောလှချည်ရဲ့---ဆိုပြီး
ဝမ်းနဲပက်လက်နဲ့
အထက်မိုးကောင်းကင်ထိ
မြည်ဟီးတုန်လှုပ်သွားရအောင်
ပူဆွေးသောကတွေကို
တံပိုးခရာလုပ်ပြီး မှုတ်မဲ့လူဆိုတာလဲ
တယောက်မှ ရှိလိမ့်မယ် မဟုတ်ပါဘူး။

၃။
သေသွားတဲ့ ငါ့မှာလည်း
ငိုယိုပြီး တမ်းတနိုင်လောက်တဲ့
လွမ်းလောက်တဲ့ အရည်အချင်းတွေ
လုပ်ဆောင်ချက်တွေ ဆိုတာလဲ
လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်
မယ်မယ်ရရ ဘာမှ မရှိလှပါဘူး။

၎။
ငါကိုယ်တိုင်ကလဲ
ငါသေရင် ငိုယိုတမ်းတမယ့်သူတွေကို
မမျှောင်လင့်ပါဘူး
ငါသေသွားလို့
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်နေမယ့်သူတွေ
လုံးဝ မရှိစေချင်ပါဘူး။

၅။
သေသွားမှ လာငိုတဲ့အလုပ်
ဝမ်းနည်းပက်လက်နဲ့
ပူဆွေးသောကရောက်ရတဲ့ အလုပ်တွေကို
အကျိုးရှိတဲ့ အလုပ်တွေလို့
ငါ လုံးဝ မယုံကြည် မယူဆခဲ့ပါဘူး
ငါကိုယ်တိုင်လဲ
ဘယ်သူသေတာ မြင်ရလို့မှ
ငိုကြွေးတာ ပူဆွေးတာ မရှိခဲ့ပါဘူး။

၆။
ခုနေများ---တကယ်လို့
ငါ သေခဲ့မယ်ဆိုရင်
ထွေထွေထူးထူးလဲ
ငါ ဘာကိုမှ မတောင့်တပါဘူး
အသက်ဝိဉာဉ် ကင်းမဲ့နေပြီဖြစ်တဲ့
အနှစ်မရှိတဲ့ ငါ့အလောင်းကို
တွေ့ကြ မြင်ကြပြီး
မသေခင်မှာ လုပ်သင့် လုပ်ထိုက်တာတွေကို
ကြိုးစားလုပ်ဆောင်ရမယ်
သေသွားရင် ဒီခန္ဓာကိုယ်ကြီးက
ဘာမှ အသုံးမကျတော့ပါလားဆိုတဲ့
အသိဉာဏ်တွေ ဖြစ်ပေါ်မယ်
သေခြင်းတရားနဲ့ ပတ်သက်တဲ့
သတိဝံဝေဂဉာဏ်တွေ ရရှိမယ်
အသုဘနိမိတ် အသုဘ သညာတွေ ထင်မြင်မယ်
မရဏာနုဿတိလို့ခေါ်တဲ့
သေခြင်းတရားကို အဖန်ဖန် အောက်မေ့သတိရတဲ့
သတိတရားတွေနဲ့ အသုဘကမ္မဋ္ဌာန်းတွေ
လေးလေးနက်ကန် ပွားများဖြစ်ကြမယ်-ဆိုရင်
သေသွားတဲ့ငါက ကျေနပ်မိမှာပါပဲ
အခုလောလောဆယ်တော့ ငါ မသေသေးပါဘူး
ဒါပေမယ့်
သေချာတာတခုကတော့
အချိန်မရွေး ငါသေနိုင်တယ်ဆိုတာပါပဲ။

( မြတ်နွယ်-ပတ္တမြားမြေ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP