* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 2, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၁၁)

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၁၁)

From Sin Phyu Kyaun

ပို့စစ်အသစ်မတင်ဖြစ်တာ တပတ်နီးပါးလောက်ဖြစ်သွားတယ်။ နေမကောင်းတာရော စိတ်ထွေသွား တာရော အကြောင်းစုံလို့ပါပဲ။ စိတ်ဖိစီးမှုဖြစ်လာရင် လူတစ်ယောက်အတွက် လောကကြီးဟာ မြင်လာသမျှ အာဒီန၀ တွေချည်းဖြစ်လာတက်တာ သဘာဝလို့ ယူဆမိပါတယ်။ နေ့စဉ်လုပ်ငန်းတွေ နှေးကွေးလာ တက်သည်ကို ကိုယ်တိုင်း ခံစားရတော့ သတိထားမိတယ်။ ပုံမှန်လေး မနက်ဖြန်ရဲ့ ခရီးစဉ် မှတ်တမ်းလေးကို ရေးနေရင်း ပြတ်တောင်းပြတ်တောင်း ဖြစ်ခဲ့ရတာ လောကဓံကို အံ့ကြိတ်ရင် ဆိုင်ဖြေရှင်းနေရတော့ စိတ်ထွေလိုက် စိတ်လေ လိုက်ဖြစ်နေတာသည် အကြောင်းရင်းပေါ့။

မနက်ဖြန်ရဲ့ ခရီးစဉ်လေးက သာယာလှပတဲ့ ရွှေစက်တော်တောက ပြန်လာပြီ။ ဆင်ဖြူကျွန်းကို နေ့လယ် ၂နာရီ လောက်ရောက်သည်။ နာရီဝက်လောက် အနားယူကာ ပုဂံမြို့တော်ကို ခရီးဆက်ခဲ့ကြ သည်ပေါ့။ ဒီခရီးစဉ် အတွင်းမှာတော့ မနက်ဖြန် အရမ်းပင် ပျော်ရွှင်အားတက်သရောဖြစ်နေ၍ လားမသိ ပင်ပန်းသည်လို့ စိတ်မှာ မခံစားမိပါ။

ညနေပိုင်း ၅နာရီတွင် ပုဂံမြို့ လောကနန္ဒာစေတီတော်ကြီးကို စတင်ဖူးမြင်ခွင့်ရရှိသည်။ ဆင်ဖြူကျွန်း နှင့် ပုဂံမြို့ ကို ၂နာရီလောက်ကားမောင်းယုံနှင့် ရောက်ရှိခြင်းပေါ့။ စေတီတော်ဘေးမှာ တည်ရှိသည် ဧရာဝတီ မြစ်ပြင်၏ အလှအပများနှင့်ေ၀၀ါးနေသည့် တန့်ကြည်တောင်၏ အလှပများကိုလည်း ခံစား လိုက်ရသည်။ ပုဂံ ပုဂံ…. လှည်ဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း….ကလေးပေါက်စ ကျောင်းသာ အရွယ်ခပ်ငယ်ငယ်က ရဖူး ကျက်ဖူး သည့် စာကြောင်းလေး။ နှုတ်ထဲအလိုလိုပေါ်လာသည်။ ဒီတခေါက် တော့ တကယ်ပင် ပုဂံကိုရောက်ခဲ့လေပြီ… လို့စိတ်ထဲမှာ ဧရာဝတီမြစ်ပြင်ကို ကြည့်ရင်း လောကနန္ဒာ စေတီ၏ အရိပ်အောက်မှာ မနက်ဖြန် အတွေးစများနဲ့ တွေးနေရင်း သား ဓာတ်ပုံရိုက်မယ်လေ.. ရဟန်းအမ ဒေါ်ပိုက်က ဘုရားဝတ်တက်ပြီး မနက်ဖြန်ကိုခေါ်လိုက်သည့် အသံကြောင့် အတွေးစများ အဆုံးသတ်သွားသည်။

လောကနန္ဒာစေတီတော်ကို အားပါးတရဖူးမျှော် ပျော်ပျော်ပါးပါး ဓာတ်ပုံများရိုက်ဖြစ်ခဲ့သည်။ မနက်ဖြန် တို့အဖွဲ့ နေမ၀င်မှီပင် တက်သုတ်ရိုက်ကာ ဓမ္မရာဇိက စေတီတော်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ အလိုတော်ပြည့်၊ ဘူးဘုရား မနူဟာဘုရား စုံနေတာပါပဲ အားရပါးရ ဖူးမျှော်ခဲ့သည်။ ထူးထူးခြားခြား မနက်ဖြန်တော့ ပုဂံမြို့ကို ၀င်လိုက်သည် နှင့် စိတ်တွေ အရမ်းပင် ပျော်ရွှင်ကြည်နူးနေမိသည်။

မြစေတီဘုရားကို နေ၀င်ရီတရောမှာ ဖူးမြင်ရသည်။ အချိန်ကနှောင်းနေသဖြင့် မြစေတီကျောက်စာကို တော့ မနက်ဖြန် မဖတ်ခဲ့ရ၊ စာကြည့်တိုက်ကို မ၀င်ခဲ့ရပါ။ ပုဂံမြို့၏ ဘုရားငုတ်တိုတို့ဖြင့် လှပနေသည့် မြင်ကွင်းသည် ဗုဒ္ဓဘာသာ လူမျိုးတို့အတွက် ၀င်ကြွားစရာ တစ်ခုပါပဲ။ ကားပေါ်ကနေ မြင်သမျှ မနားတမ်း ကင်မရာ တလုံးဖြင့် ဓာတ်ပုံရိုက်ပစ်လိုက်သည်။

ဆိတ်ကျောင်းသာ နွားကျောင်းသားတို့ အိပ်တန်းပြန်တက်သည့်မို့ ဖုန်းတလုံးလုံးဖြင့် ရင်ဆိုင်လိုက်ရသည့် အရသာကိုတော့ သင်္ကန်းခေါင်းမြီး မခြုံပဲကို ခံစားပစ်လိုက်သည်။ မနက်ဖြနတ်တို့ အာနန္ဒာဘုရား ကြီးကို ညပိုင်း အေးဆေး ဖူးမျှော်ဖို့ နေရာလိုက်ရှာ တည်ခိုခန်းလိုက်ရှာကြသည်။ နောက်ဆုံး ဘုရားနှင့်အနီးကပ်ရှိသည့် ဘုန်းတော်ကြီးကျောင်းကို အိပ်စက်အနားယူလိုက်ကြသည်။

မနက်မိုးလင်းတာနဲ့ အကျော်နဲ့ ကောက်ညှင်းပေါင်းကို ၀ယ်စားရသည်မှာလည်း တကယ်ပင် အရသာရှိသည်။ မနက်စာစားပြီးသည်နှင့် ရွှေသင်္ကန်းကပ်လှူ ဘုရားဝတ်ပြုကြသည်။ နေမပူခင် တုရင်တောင် စွယ်တော်မြတ် စေတီ အစရှိသည် စေတီများဖူမျှော်ကြသည်။

ပုဂံမှ မနက်ဖြန်တို့အဖွဲ့ နေ့လယ် ၁၀နာရီလောက်တွင် ပြန်ထွက်လာကြသည်။ ၁၁နာရီလောက်မှ ချောက်မြို့သို့ ရောက်ကာ နေ့လယ်စာစားအနားယူကြသည်။ ဆင်ဖြူကျွန်းမရောက်ခင် ရဟန်းအမ ဒေါ်ပိုက်၏ ဆွေမျိုးများ ရှိရာ တောရွာတရွာသို့ဝင်ရောက်ဖြစ်ခဲ့သေးသည်။ ဆွေမျိုးများနှင့် တူတူ မှတ်တမ်းတင် ဓာတ်ပုံရိုက် နှုတ်ဆက် ကာ ဆင်ဖြူကျွန်းသို့ ညနေ ၄နာရီခန့်တွင် ပြန်ရောက်ကြ သည်။

ပုဂံခရီးစဉ်မှာတော့ လန်းဆန်းသော စိတ်အစဉ်တို့ဖြင့် ဘုရားဖူးခဲ့ရသည်မှာ မနက်ဖြန်တသက်တာ တကယ်ပင် မမေ့စရာခရီးစဉ်ကြီး တစ်ခုပါပဲ…. မိတ်ဆွေးအားလုံး ထေရ၀ါဒသာသနာ၏ အုဋ္ဌ်မြစ် တည်ရာ မြန်မာနိုင်ငံ သာသနာကြီးစည်ပင် အစပြုရာ ဘုရားပုထိုး စေတီအမျိုးမျိုးတို့ဖြင့် လှပသည့် ပုဂံမြို့တော်ကြီး၏ ဘုရားဖူး အရသာကို ခံစားဖူးကြသူများလည် ရှိမည်၊ မခံစားဖူးသူများလည်း ရှိမည်။ အခွင့်အခါသင့်ရင် သွားဖြစ်အောင် သွားကြပါလို့……

ပုဂံရောက် မှတ်တမ်းဓာတ်ပုံများ
From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun

From Sin Phyu Kyaun



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP