ပရိညာသုံးပါး
မိုးကုတ်ဆရာတော်ဘုရားကြီးက၀ိပဿနာ အလုပ်ကိုအားထုတ်သောအခါ အဆင့်သုံးဆင့်ထား၍ ဆောင်ရွက်ရ မည်ဟု လမ်းညွန်တော်မူခဲ့ပါသည်။ ထိုအဆင့်သုံးဆင့်ကို ပရိညာသုံးပါးဟုခေါ်ပါသည်။ “ပရိညာ=ပိုင်းခြား၍သိခြင်း” ဟုအဓိပ္ပာယ်ရပါသည်။ ပရိညာသုံးပါးမှာ
(၁)ဥာတပရိညာ
(၂)တီရဏပရိညာ
(၃)ပဟာနပရိညာတို့ဖြစ်ကြပါသည်။
၁။ဥာတပရိညာ=သိသင့်သိထိုက်သောရုပ်နာမ်ဓမ္မတို့အပေါ်အခြေခံကျကျလက္ခဏ၊ရသ၊ပစ္စုပဋ္ဌာန်၊ပဒပဋ္ဌာန်တို့ဖြင့်ပိုင်းခြား၍သိခြင်း။
၂။တီရဏပရိညာ=ရုပ်နာမ်ဓမ္မတို့အပေါ်အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာရေးသုံးပါးတင်၍ဆင်ခြင်ကူးမြောက်မှု၌ပိုင်းခြား၍သိခြင်း။(လက်တွေ့ကျင့်ကြံအားထုတ်ခြင်းဖြင့်ပိုင်းခြားသိမြင်ခြင်းဖြစ်သည်။)
၃။ပဟာနပရိညာ=မဂ်လေးတန်ဖြင့်ဆိုင်ရာကိလေသာတို့ကိုပယ်သတ်ခြင်း၌ပိုင်းခြား၍သိခြင်း။

0 comments:
Post a Comment