Where Science and Buddhism Meet (Part 1)
Sunday, 17 May 2009
Video created by-Gerald Penilla
Translated by-ahlataya
အမှန်တရားကို ရှုမြင်နားလည်မှုမှာ ဗုဒ္ဓ၀ါဒနဲ့ သိပ္ပံပညာဟာ အတော်လေး ကိုက်ညီနေတဲ့ ပုံပေါ်ပါတယ်။ ဒီအမြင်တွေကို ဗုဒ္ဓဘာသာမှာတင်မက ရှေးဟောင်းအာရှ အယူအဆတွေမှာလည်း တွေ့ရနိုင်ပေမဲ့ ဗုဒ္ဓ၀ါဒဟာ နောက်ဆုံးပေါ်သိပ္ပံပညာ တွေ့ရှိချက်တွေနဲ့ သိပ်ကို လိုက်လျောညီထွေ ဖြစ်လွန်းတယ် ကြောင်းကျိုးညီညွတ်လွန်း တယ်လို့ ထင်မြင်မိတော့တယ်။
ဦးဆုံးအနေနဲ့ ဗုဒ္ဓ၀ါဒရဲ့-သုညတသဘောတရား(Emptiness)
-အပြန်အလှန်ဆက်နွှယ်မှုသဘောတရား(Interconnectivity) နဲ့
-အစစ်အမှန်ရဲ့သဘာဝသဘောတရား (The Nature Of Reality)
သုံးခုကို ရှင်းပြပါမယ်။
ဒီသဘောတရားတွေနဲ့ ခေတ်သစ် သိပ္ပံနည်းကျ နားလည်မှုတွေရဲ့ ကိုက်ညီမှုကို ဖော်ပြဖို့ ဗီဒီယို စာအုပ်နဲ့ ၀ဘ်စာမျက်နှာတွေ အပါအ၀င် သတင်းအချက်အလက် ရင်းမြစ်တွေနဲ့ ချိတ်ဆက်ရမယ်။ ဒီဗီဒီယိုက ဘာကို အခြေခံသလဲဆိုရင် လုံးဝဥဿုံ ဆန့်ကျင်ဘက် အနေအထားနဲ့ ရှုမြင်လေ့ရှိတယ်လို့ ယူဆစရာရှိတဲ့ ရုပ်လွန်ဝါဒနဲ့ ရုပ်ဝါဒ၊ Intuative နဲ့ Rationalistic ၊ နာမ်ဝါဒနဲ့ သိပ္ပံနည်းကျ လေ့လာမှု သဘောတရား နှစ်ရပ်ဟာ တကယ်တော့ အစစ်အမှန်ကို နားလည်နိုင်ဖို့ (အသုံးချလို့ရတဲ့) နည်းလမ်းနှစ်သွယ် သို့တည်းမဟုတ် ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်ဖြစ်တယ်လို့ ယုံကြည်မှုကို အခြေခံတယ်။
သိပ်အရေးကြီးတဲ့ အချက်အနေနဲ့ ခေါင်းထဲထည့်ထားဖို့ကတော့ အစစ်အမှန်ရဲ့ တကယ့်အနေအထားဟာ ကျုပ်တို့ထင်မြင်နေတဲ့ အစစ်အမှန်ဆိုတာနဲ့ ဘယ်လို ကွာခြားနေသလဲ ဆိုတာကို စောင့်ကြည့်ဖို့ပဲ။
သုညတသုညတဆိုတာဟာ အရာအားလုံး စတင်ဖြစ်ပေါ်ပြီး အဆုံးသတ်သွားရမဲ့ သဘောတရားပဲ။ ဗုဒ္ဓက ဘာမှမဟုတ်တဲ့ သုညတကနေ အစစ်အမှန်ဆိုတာ ထွက်ပေါ်လာတယ်လို့ ပြောပါတယ်။ ရပ်နေတဲ့ ခင်ဗျားသူငယ်ချင်း၊ ချထားတဲ့ ထိုင်ခုံ၊ ခင်ဗျားကြည့်နေတဲ့ ကွန်ပြူတာနဲ့ ခင်ဗျားကိုယ်နှိုက်ဟာ ဒီအခိုက်အတန့်မှာကိုပဲ သုညတ ( ဘာမှမဟုတ်ခြင်း ဘာမှမရှိခြင်း) ကနေ ဖြစ်လာတာပဲ။
ပိုနားလည်အောင် ဥပမာပြရရင် ဆင်တစ်ကောင်နဲ့ ခင်ဗျားကိုယ်ခင်ဗျား ကို အိပ်မက်ထဲမှာ တွေ့ရတယ်ဆိုပါစို့။ ခင်ဗျားကတော့ ထင်မယ် "ဒါက ငါပဲ၊ ဒါက ဆင်ပဲ" စသည်ဖြင့်ပေါ့။ ဒါဟာ နောက်ထပ် ဖြစ်ပေါ်မဲ့ အထင်အမျိုးမျိုးအတွက် အခြေခံပဲဗျ။ ဒါပေမဲ့ ခင်ဗျားအိပ်ရာကနိုးတဲ့ အခါကျရင်တော့ ဒီဆင်တွေ လူတွေ ဆိုတဲ့ ထင်မြင်မှုနဲ့ တကွ အိပ်မက်ထဲက အဖြစ်အပျက်တွေ အားလုံးကို အမှန်အတိုင်း သဘောပေါက်သွားမှာပဲ။ ဒီအိပ်မက်ကို ဖြစ်စေတဲ့ အရင်းအမြစ်မှာ တကယ်တော့ အခြားအိပ်မက် ကမ္ဘာအသီးသီးကိုလည်း ဖြစ်စေနိုင်တဲ့ အနန္တစွမ်းရည် ရှိတယ်။
နောက် ဥပမာပေးပါရစေဦး။ စာအုပ်တစ်အုပ်ရဲ့ စာမျက်နှာတစ်ခု။ အဲဒီစာမျက်နှာမှာ စာလုံးတွေမရှိသေးဘူး။ ဗလာ။ ဒီစာရွက်ကိုယ်နှိုက်မှာ ဘာအချက်အလက်မှ မရှိပေမဲ့ စကားလုံးတွေ၊စာကြောင်းတွေ ဇာတ်လမ်းတွေအမြောက်အမြား ဖြစ်ပေါ်ဖို့အတွက် အစွမ်းသတ္တိရှိနေတယ်။
ဒါကြောင့် သုညတဆိုတာဟာ ဖြစ်နိုင်သမျှအရာအားလုံးကို ဖြစ်စေနိုင်တဲ့နယ်ပယ် လို့ နားလည်နိုင်တယ်။ ဒါတွေကို နားလည်နိုင်ဖို့ ကျုပ်တို့ရဲ့ နားလည်မှုကို ရုပ်သဘောတရား ရဲ့ အမှန်တရား ဘက်မှာ စတင်ရှာဖွေ ဖတ်ရှုကြရမယ်။
တာအိုဝါဒရဲ့ တာအို ဟိန္ဒူဘာသာရဲ့ ဗြဟ္မာ လို့သိကြရတဲ့ ဒီသုသြတသဘောတရားဟာ ကွမ်တမ်ရူပဗေဒရဲ့ Quantam Field အယူအဆနဲ့ ကိုက်ညီနေတာကို တွေ့ရတယ်။ အရင်ဆုံး ရုပ်ရဲ့အမှန်တရား ဟာ ဘယ်လိုသဘာဝရှိလဲဆိုတာ ဖော်ပြမယ်။
ကိုက်ညီမှု
ရုပ်ဟာ ဒွိသဘာဝရှိတယ်။ ကျုပ်တို့သိထားတဲ့ ရုပ်သဘာဝကို လှိုင်းသဘာဝ(တနည်းရုပ်လွန်သဘာဝ) နဲ့ အမှုန်သဘာဝ(ရုပ်သဘာဝ) နှစ်ခုစလုံးနဲ့ လုပ်ထားတယ်။ အမှုန်ရဲ့ အဲဒီ လှိုင်းသဘာဝမှာ နေရာအတိအကျ အချိန်အတိအကျမရှိတဲ့အပြင် စကြာဝဠာတစ်ခုလုံးကို ပျံ့နှံ့ပြီး တည်နေတယ်။
ခင်ဗျားရဲ့လက်ထဲမှာ ပန်းသီးတစ်လုံး ရှိတယ်လို့ ပုံဖော်ကြည့်။ အဲဒီပန်းသီးဟာ ခင်ဗျားလက်ထဲမှာ ရှိရုံတင်မက သူ့ရဲ့ လှိုင်းသဘာဝဟာ အခြေအနေအရပ်ရပ်ကို ပျံ့နှံ့နေတယ်။ ကိုင်း ဒါက ဘယ်လိုဖြစ်ရတာလဲ။ အစိုင်အခဲသဘာဝ ရှိတဲ့ အရာဝတ္ထုဟာ တချိန်တည်းမှာပဲ အစိုင်အခဲမဟုတ်တဲ့ သဘောလည်း ရှိနေတယ်ဆိုတာ ဟုတ်ပါ့မလား။
နေရာနဲ့အချိန်အတိအကျရှိတဲ့ အရာဝတ္ထုတစ်ခုဟာ တချိန်တည်းမှာ ကျယ်ပြန့်တဲ့ နယ်ပယ် အာကာသမှာ ပျံ့နှံ့တည်ရှိနေတယ်တဲ့ ဒါ.. ဘယ်လိုဖြစ်ရတာလဲ။
အကြိမ်ပေါင်းထောင်ပေါင်းများစွာ လက်တွေ့စမ်းသပ်မှုတွေလုပ်တယ် အဖြေက ဒီအတိုင်းပဲဆိုတော့ အံ့သြဖွယ်ကောင်းတဲ့ ဒီဖြစ်တည်မှုဟာ အဓိပ္ပါယ်ရှိနေတယ်။ အစက ဒီရလာဒ်တွေဟာ ရူပဗဒသမားတွေကို ခေါင်းခဲစေပြီး ထင်ရှားတဲ့ ချွင်းချက် ကြီးတစ်ခုဖြစ်ရတယ်။ လေ့လာမှုတွေအရတော့ အရာဝတ္ထုတစ်ခုမှာ လှိုင်းသဘာဝဆောင် ပြီး အမှုန်ကလည်း လှိုင်းသဘာဝဆောင်တယ်ဆိုတာမှာ အဆုံးသတ်သွားတယ်။
လူရဲ့သိမြင်မှုလူတွေဟာ အမှုန်ရဲ့သဘာဝ ဆိုတာကို ကြိုတင်ကောက်ချက်ချထားတာ မဟုတ်ပဲနဲ့ စိတ်ကလက်ခံရတဲ့ အချိန်မှာမှ အဓိပ္ပါယ် သတ်မှတ်ကြတာ ဖြစ်တယ်။ ဒါကြောင့် အစိုင်အခဲရဲ့သဘာဝ ဆိုတာကြီးက တကယ်ရှိတဲ့ပုံပေါ်နေတာ။ အဲဒါဟာ အခြေခံရှုထောင့် တွေဖြစ်တဲ့ လှိုင်းသဘာဝနဲ့ အမှုန်သဘာဝ နှစ်ခုအနက်က တစ်ခုတည်းကို ရှုမြင်တာဖြစ်လေတယ်။
အက်တမ်ရဲ့ဟင်းလင်းပြင်သဘောအက်တမ်တစ်လုံးရဲ့ ၉၉.၉၉၉၉၉၉၉၉၉၉၉၉%(ဒသမနောက် ကိုး၁၂လုံး) ဟာ ဟင်းလင်းပြင်ကွက်လပ်ကြီး ဖြစ်တယ်။ မူလအစွဲတွေရဲ့ အားတွေကို ဆန့်ကျင်ပြီးတော့ ကျုပ်တို့ - မိမိကိုယ်ကိုယ်နဲ့ အစစ်အမှန်တရား အပေါ် သုံးသပ်ကြရအောင်။
အကယ်၍ ကျုပ်တို့ခန္ဓာကိုယ်နဲ့ ကျုပ်တို့ရဲ့ ပတ်ဝန်းကျင်က အရာအားလုံးရာ ဟင်းလင်းပြင်ကြီး အများစုဖြစ်နေမယ်ဆိုရင် ဘာကြောင့် အရာဝတ္ထုတွေကို မြင်နေရပြီး အစိုင်အခဲတွေကို ခံစားလို့ရနေတာလဲ။ဒီအစိုင်အခဲအဖြစ် ခံစားရမှုဟာ အမှန်တကယ်တော့ အက်တမ်တွေရဲ့ အချင်းချင်း တွန်းကန်တဲ့ ခံစားမှုပါပဲ။ သူဟာ လျှပ်စစ်သံလိုက်ရဲ့ မျိုးတူရာထိပ်နှစ်ခုကို အတူတူချထားတဲ့အခါ တွန်းကန်တဲ့ ဥပမာအတိုင်းပါ။
လက်တွေ ခြေထောက်တွေ လက်ချောင်းတွေဟာ ဘယ်အရာကိုမှမထိဘူး တကယ်ကတော့ ပထ၀ီဓာတ်ကို ထင်ယောင်ထင်မှား ဖြစ်စေလောက်တဲ့ တွန်းအားကိုခံစားရတာပဲ။
ယုံချင်ယုံမယုံချင်နေ ခင်ဗျားဟာ ခင်ဗျားထိုင်နေတဲ့ ကုလားထိုင်နဲ့ တကယ်ထိနေတာ မဟုတ်ဘူး။ ခန္ဓာကိုယ်နဲ့ ကုလားထိုင်တို့ရဲ့ အက်တမ် အချင်းချင်း တွန်းကန်နေတယ်လို့ ဆိုရမယ်။ အရာအားလုံးနဲ့ သက်ဆိုင်ပြီး အစိုင်အခဲသဘာဝ ရှိတယ်လို့ ထင်မြင်စေတဲ့ တကယ့် အစစ်အမှန် သဘောတရားကတော့ စွမ်းအင် လှုပ်ရှားမှုတွေ သက်သက် ဖြစ်ပြီး တကယ့်ရုပ်တရားကြီး တော့ မဟုတ်ပေဘူး။
ခင်ဗျားရဲ့ ခန္ဓာကိုယ် တစ်ခုတည်းသာ မက ခင်ဗျားမြင်သမျှ အရာအားလုံးဟာ ဟင်းလင်းပြင်ကအများစု ဖြစ်ပြီး ခင်ဗျားရဲ့အတွေ့အကြုံတွေ နဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ အားလုံးကို ဘာမှမရှိတဲ့ သုညတက လွှမ်းမိုးထားတာဖြစ်တယ်။
-We may therefore regard matter as being constituted by the regions of space in which the field is extremely intense.....
-There is no place in this new kind of physics field both for the field and matter, for the field is the only reality..!!
(Einstein)
ကွမ်တမ်စက်ကွင်းကွမ်တမ်ရူပဗေဒမှာ ကွမ်တမ်စက်ကွင်း(Quamtam field) ဆိုတာရှိတယ်။ သူက လျှပ်စစ်သံလိုက်စက်ကွင်း ဖြစ်ပြီး သူကနေ ရုပ်အားလုံး ဖြစ်လာရတာ။ ဒီစက်ကွင်းထဲက ထွက်လာတဲ့ အမှုန်တွေဆိုတာဟာ သီးခြားရှိနေတာ မဟုတ်ဘဲနဲ့ အမှန်ကတော့ စနစ်တစ်ခုထဲက အမျိုးမျိုးသောပုံသဏ္ဍာန် တွေပါပဲ။
လှုပ်ရှားနေတဲ့ သမုဒ္ဒရာကြီးတစ်ခုကို ကွမ်တမ်စက်ကွင်းအနေနဲ့ ပုံဖော်ကြည့်ပါ။ လှိုင်းတစ်ခုဟာ ထက်အောက် စဉ်ဆက်မပြတ် လှုပ်ရှားနေပြီး လှိုင်းရဲ့ ထိပ်ပိုင်းသေးသေး ငယ်ငယ်လေးဟာ ရုပ်သဘာဝ ထွက်ပေါ်လာတဲ့ နေရာပဲ။ ပင်လယ်ရဲ့ တခြားအပိုင်းတွေကတော့ ရှုမြင်နိုင်မှုရဲ့ အပြင်အပမှာ ရှိတယ်။ သို့သော် အဲဒီအပိုင်းတွေမှာလည်း ရုပ်သဘာဝ ထွက်ပေါ်ဖို့ အစွမ်းသတ္တိရှိတယ်။
ဒါကြောင့် ရုပ်တွေအားလုံးဟာ ကွမ်တမ်စက်ကွင်းက စတင်ဖြစ်ပေါ်ပြီး ကွမ်တမ်စက်ကွင်းမှာပဲ အဆုံးသတ်တယ်။ ဆက်တိုက် ဖြစ်နေတဲ့ ဒီစက်ကွင်းဟာ နေရာနဲ့ အချိန်အားလုံးကို ပျံ့နှံ့နေတယ်။
ဒီသဘောတရားဟာ သုညတသဘောတရားနဲ့ အပြည့်အ၀ ကိုက်ညီနေပုံရတယ်။ ဒီစက်ကွင်းထဲကနေ ကျုပ်တို့သိမြင်တဲ့ အမှုန်တွေကို သာလျှင်မက အက်တမ်တစ်လုံးချင်းရဲ့ အခြေခံရင်းမြစ်တွေကိုပါ ထွက်လာစေတယ်။ ဒါကြောင့် ဒီစက်ကွင်းဟာ စကြာဝဠာအတွင်းထဲက ကျုပ်တို့အားလုံးကို တသားတည်းဖြစ်နေစေတဲ့ အရာပေပဲ။
ပုဂ္ဂလသဘောမရှိခြင်းဗုဒ္ဓဘာသာမှာ ရှိတဲ့ ဒီသဘောတရားဟာ စကြာဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးရဲ့ အပြန်အလှန်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ အမြင်ပါပဲ။ ကမ္ဘာပေါ်မှာ ကျုပ်တို့ သီးခြားသီးခြားဆီ ရှိနေတယ်ဆိုတဲ့ အမြင်ဟာ ထင်ယောင်ထင်မှား ဖြစ်မှုပါပဲလို့ ယူဆထားတယ်။ ကျုပ်တို့နဲ့ စစ်မှန်မှုရဲ့ တကယ့်သဘာဝကတော့ တသားတည်းဖြစ်မှုနဲ့ ပုဂ္ဂလသဘောမရှိမှုပါပဲ။ ဒီအမြင်တွေဟာ ရူပဗေဒနဲ့ ဘယ်လိုကိုက်ညီနေသလဲဆိုတာကို ကြည့်ကြရအောင်...
အပိုင်း(၂)......
Video created by-Gerald Penilla
Translated by-ahlataya

0 comments:
Post a Comment