* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 18, 2009

*ဒိေ႒ဒိ႒မတၱံ (၈)*

အေမး
ဆရာပြောတဲ့ အထဲမှာ တစ်စုံ တစ်ယောက်သော သူဟာ ဘ၀များစွာ ကျင်လည် ရတယ်လို့ ပါပါတယ်။ အဲဒီ ဘ၀များစွာ သံသရာကို ဖြတ်သန်း သွားလာ နေတာဟာ ၀ိဉာဉ်ဆိုတဲ့ အရာမျိုး တစ်စုံ တစ်ခုက သွားနေ တာလား။

အဖြေ
ဒီဘ၀ မှာတင် အပြောင်းအလဲ ဖြစ်နေတဲ့ သဘောတွေနှင့် ဆင်ခြင် သုံးသပ်ရင် သံသရာမှာ ဘ၀ တစ်ခုပြီး တစ်ခု ကျင်လည် ရတယ်ဆိုတဲ့ သဘောကို နားလည် နိုင်ပါတယ်။ ဥပမာ ခင်ဗျားတို့ အနေနဲ့ လွန်ခဲ့တဲ့ ငါးနှစ် ဆယ်နှစ်တုန်းက အကြောင်း တွေကို ပြန်ပြီး စဉ်းစား ကြည့်လို့ရှိရင် ခင်ဗျားတို့ရဲ့ ရုပ်ခန္ဓာဟာ ဆဲလ်လို့ ခေါ်တဲ့ ကလာပ်စည်း တွေရဲ့ အဆင့်ဆင့် မှာကို လုံးလုံး လျားလျား ပြောင်းလဲ သွားပြီ၊ ခြားနား သွားပြီ ဆိုတာ တွေ့ရမယ်။

ဒါတွေဟာ ဘ၀ပြောင်း အခြေ အနေတွေ ပြောင်းလဲ သွားတဲ့ သဘော ပါပဲ။ ရုပ်နဲ့ နှိုင်းစာရင် စိတ်ရဲ့ အပြောင်း အလဲတွေဟာ ရေတွက် လို့တောင် မရနိုင် တော့ပါဘူး။ စိတ်တွေ ဖြစ်လာလိုက် ပျောက်ပျက် သွားလိုက်နှင့် ဘယ်လို ရေတွက်နိုင် ပါ့မလဲ။ ခုဖြစ်တာ ဒါပဲလို့ ခင်ဗျားတို့ လက်ညှိုး ထိုးလိုက် တာနဲ့ တစ်ပြိုင်နက် အဲဒါက မရှိတော့ဘူး၊ ပျက်သွားပြီ၊ ပျောက်သွားပြီ၊ ကုန်ဆုံး သွားပြီ။ ဒီတော့ ပစ္စုပ္ပန် တည့်တည့်ကို ဒါပဲလို့ လက်ညှိုး ထိုးပြီး ပြစရာ ဘာမှ မရှိဘူး။ ရုပ်နာမ် ဓမ္မတွေမှာ အဲဒီလို ဆုပ်ကိုင်ပြီး ညွှန်ပြစရာ ရယ်လို့ ဘာဆို ဘာမှ မရှိဘူး။ စောစော ကဟာ ဒါပဲလို့ ထပ်တူ ထပ်မျှ အတူတူ ဖြစ်နေတာ ပြစရာ ဘာမှ မရှိဘူး။

သို့သော် ခု ခင်ဗျားတို့ ဖြစ်နေတာ တွေဟာ ဟိုတုန်းက ခင်ဗျားတို့ ဖြစ်ခဲ့ တာတွေရဲ့ ဆက်ခါ ဆက်ခါ ဖြစ်နေမှု အစဉ် သဘော ပါပဲ။ နောက်တစ်နည်း ပြောရ ရင်တော့ ခဏ တိုင်းဟာ နောက် ခဏသစ် တစ်ခု ဖြစ်အောင် ဖန်တီး နေတယ်။ ဘာမှ တစ်ဆက်တည်း သယ်လာတာ မရှိဘူး။ တစ်ခု ဖြစ်ပြီး ပျက်သွားတယ်။ အဲဒီလို ဖြစ်ပျက် သွားတာက နောက်တစ်ခု ဆက်ဖြစ် သွားအောင် ဖန်တီးခဲ့တယ်။ အဲဒီ အဆက် အစပ် သဘောပဲ ရှိတယ်။ အစီအစဉ်နဲ့ ဆက်ခါ ဆက်ခါ ဖြစ်နေတဲ့ သန္တတိ အစဉ်တော့ ရှိနေတယ်။

သေတဲ့ အချိန် ဘာဖြစ် သလဲလို့ ဆိုတော့ စုတိစိတ် ဖြစ်တယ်။ အဲဒီ စုတိစိတ်က ဘ၀ကို ဆက်ခါ ဆက်ခါ ဖြစ်စေတဲ့ နောက် ပဋိသန္ဓေ စိတ်သစ် တစ်ခုကို ဖြစ်ပေါ်အောင် ဖန်တီး ပေးခဲ့တယ်။ ဘာမှ သယ်ဆောင် လာတာ မရှိဘူး။ ၀ိဉာဉ် ကောင်က ဒီခန္ဓာက ဟိုခန္ဓာကို ကူးသွား တာမျိုး ဘာမှ မရှိဘူး။ သို့သော် နောက်ဆုံးစိတ် ဖြစ်သွား ခဲ့တဲ့ စုတိစိတ်က နောက်ထပ် ပဋိသန္ဓေ စိတ်သစ်ကို ဖြစ်ပေါ်အောင် ဖန်တီး ပေးသွား တာပဲ ရှိတယ်။

>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။

>>> ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်တွင် ပါသော ဒိဋ္ဌေဒိဋ္ဌ မတ္တံ အကြောင်း အရာ ဤတွင် ပြီး၏။ အလျဉ်းသင့် အဆင်ပြေ ပါက ဆရာကြီး ရွှေဥဒေါင်း ရေးသော ဒိဋ္ဌေဒိဋ္ဌ မတ္တံ အကြောင်း အရာအား ဆက်လက် ဖော်ပြပါမည်။


လေးစားစွာဖြင့်
ဖိုးသား

5/17/2009, SUN:, 10:41:28 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP