* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 18, 2009

ကူညီဖေးမ ပရဟိတ

(စင်္ကာပူ ယော အသင်း တနှစ်ပြည့်မြောက်ခြင်း နှစ်ပတ်လည်အတွက် ဂုဏ်ပြုရေးသားပါသည် )


၁၉-၀၅-၂၀၀၈ ယောအသင်း စတင်ဖွဲ့စည်းသည့်နေ့က မှတ်တမ်းပုံရိပ်များ

ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့.( ဇာတက နိဒါန်း )

၁၆-၀၅-၂၀၀၉ စနေနေ့မှာ ကနေဒါ နော်ဝေ ထိုင်ဝမ် ထိုင်း ဖီလစ်ပိုင် မော်စကို စင်္ကာပူ ဂျပန် အီတလီမှ ဓမ္မချစ်ခင် ညီအကို မောင်နှမတို့ကို ကူညီဖေးမ ပရဟိတ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်၊ လောကလူသား တစ်ယောက်အတွက် ရှိသင့်တဲ့ လူ့အရည်အသွေးမှာ တိုင်းတာစရာ အဖြစ်ပါဝင်နေတဲ့ ပရဟိတဟာ လူသားမှန်ရင် အသိဥာဏ်ရှိသူမှန်ရင် ဆောင်ရွက်ကြရပါလိမ့်မယ်..

လူ့သားတစ်ယောက် တန်ဖိုးကို တိုင်းတာရာမှာ အတ္တကိုယ်ဖယ်ရှားပြီး အများအကျိုး ဘယ်လောက်လုပ်နိုင်သလဲဆိုတာနဲ့လည်း တိုင်းတာရပါမယ်. ရှင်သန်သမျှ ကာလလေးမှာ လူဟာ အမြဲကိုလှုပ်ရှား ရုန်းကန်နေရပါတယ်. အသာလေးထိုင်ပြီး အိပ်စား လုပ်နေခွင့်မရှိပါဘူး၊ ဗုဒ္ဓအလိုတော်အရဆိုရင်တော့ ဥဋ္ဌာနဖလူပဇီဝီ ဖြစ်နေလို့ပါပဲ၊

ဆ၀ါလာတ သုတ္တန်မှာ မြတ်ဗုဒ္ဓ ဟောပြတဲ့ ပုဂ္ဂိုလ် ၄ ယောက်ဟာ လည်း စိတ်ဝင်စားစရာကောင်းပါတယ်.

၁။ ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ
၂။ ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ
၃။ ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ
၎။ ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ..ဆိုပြီး ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူသားပေါင်း သန်း ၆ ထောင်ကျော်ကို တူရာတူရာ စုရင် ဒီ လေးမျိုးသာ ရကြောင်းဟောပြတော်မူပါတယ်..ဒီလေးယောက်ထဲမှာ ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတလည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓသတ်မှတ်တော်မူပါတယ်.

ဘ၀တခုကို ရောက်လာတဲ့ မိမိတို့လဲ လူဖြစ်ရကျိုးနပ်အောင် လူပီသအောင် လူ့နှလုံးသားပီပြင်အောင် ပရဟိတ လုပ်ကြရပါမယ်…ဘုရားလောင်း ကြွေးကြော်ခဲ့တဲ့ အထက်ဖော်ပြပါ စကားဟာ ပရဟိတဆောင်ရွက်ဖို့ တွန်းအားတခုဖြစ်သလို ငါလိုယောကျာင်္းက တယောက်တည်း နိဗ္ဗာန်သွားလို့အကျိုးမရှိဘူး ဒီလောကကြီးထဲက နတ်လူဗြဟ္မာတွေကိုလဲ ကူးမြောက်စေမယ် ဆိုတဲ့ ကျူးရင့်သံဟာ တကယ့်ကို မိမိတို့ နှလုံးသားကို လှုပ်နှိုးနေခဲ့ပါတယ်…

လောကကြီးထဲက သစ်ပင်တွေဟာ အသီးနဲ့ လောကကြီးကို အကျိုးပြုနေပါတယ်.မြစ်တွေ ချောင်းတွေဟာ အမြဲစီးဆင်းပြီး သန့်စင်တဲ့ရေစင်နဲ့ လောကကြီးကို အကျိုးပြုသလို နေဟာလည်း နေရောင်ခြည်နဲ့ လောကြီးကို အကျိုးပြုနေပါတယ်. လရောင်ဟာလည်း အေးမြတဲ့အလင်းရောင်နဲ့ လောကကြီးကိုအကျိုးပြုနေပါတယ်.. ဒါတွေဟာ သက်ရှိတွေမဟုတ်သလို အသိဥာဏ်ရှိတဲ့လူတွေလည်း မဟုတ်ပါဘူး..ဒီလို သက်မဲ့တွေတောင် လောကကြီးကို ကျေးဇူးပြုနိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားဖြစ်တဲ့ မိမိတို့က လူလူချင်း ကျေးဇူးမပြုသင့်ဘူးလား….လူပီသတဲ့လူ… မြတ်ဗုဒ္ဓသတ်မှတ်တဲ့ လူမြတ်စာရင်းဝင်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်..

မိမိတို့တတွေဟာ တခဏမျှ လူ့ဘ၀ရကြ။လူထဲသူထဲ လူနဲ့သူနဲ့နေကြ။လူ့ကိစ္စ လူ့ဝတ္တရား လူ့တာဝန်ယူကြရ။လူ့အတွေး လူ့အမြင် လူ့အသိတွေ သိကြရစဉ်ကာလမှာ ဘယ်လောက်ကြာအောင် မျိုးဆက်ရှည် တည်တံ့ဦးမယ်မှန်း မသိတဲ့ လူ့လောကအတွင်း လူသားအချင်းချင်း ရိုင်းပင်းကူညီမှု၊ လူသား အချင်းချင်း ချစ်ကြည်ရင်းနှီးစေမှုတွေနဲ့ လူ့သတင်း လူချင်းဆောင်ကာ လူ့သမိုင်းကောင်းစေဖို့ အလုပ်ကောင်းတွေ လုပ်ကြရပါမယ်. အလုပ်ကောင်းလုပ်နိုင်ဖို့ အဓိက က စိတ်ကောင်းရှိဖို့ ထက်သန်တဲ့ဆန္ဒရှိဖို့ စေတနာသန့်ဖို့တော့လိုပါတယ်..

ပြီးတော့ လူလောကကြီးထဲက ဘာတွေယူသွားကြမလဲ ဘာတွေထားသွားမလဲဆိုတာလဲ စဉ်းစားကြရပါမယ်..မြတ်ဗုဒ္ဓကတော့ အချိန်များစွာ အသက်များစွာ ဘ၀များစွာ စည်းစိမ်ဥစ္စာများစွာ ပေးဆပ်ခဲ့ပြီး ဓမ္မဆိုတာကို ထားပစ်ခဲ့ပါတယ်.သူထားခဲ့တဲ့ ဓမ္မဆိုတာ ဘယ်လောက်များ လောက လူသားတွေကို ကျေးဇူးပြုနေသလဲဆိုတာ အားလုံးနားလည် သိနိုင်ပါတယ်…မိမိတို့တတွေက ကော ဘာတွေယူပြီး ဘာတွေထားရစ်ခဲ့ကြမလဲ…..

မေတ္တာသုတ်မှာတော့ နာညမညဿ ဒုက္ခမိစ္ဆေယျ..လူများရဲ့ ဒုက္ခကို မလိုလားပါနဲ့..အပြန်အားဖြင့်တော့ ကူညီဖေးမ ပရဟိတ လုပ်ကြပါလို့ ပြောနိုင်ပါတယ်. လူသားဒုက္ခရောက်တာကို ကိုယ့်နှလုံးသားက ဘာမှမဖြစ်ဘူးဆိုရင် ဒီလူနှလုံးသားဟာ သူတော်စင် နှလုံးသားလို့ မဆိုနိုင်ပါဘူး..သူတပါး ဒုက္ခရောက်တာကို မြင်ရရင် ရင်ထဲမှာ တကယ့်ကို နာကြင်စွာခံစား တုန်လှုပ်မှ သူတော်စင်နှလုံးသားလို့ ဆိုရပါမယ်…
ဘုရားလောင်းတော် ကတော့ ဥဒါန်းကျူးရင့်တော်မူနေပါတယ်……. ငါကဲ့သို့ စွမ်းအားနှင့်ပြည့်စုံသော ယောကျားင်္ အတွက် တကိုယ်ထည်းကူးမြောက်၍ အဘယ်ကဲ့သို့အကျိုးရှိအံ့နည်း။ငါသည် သဗ္ဗညုတဥာဏ် ရပြီးနောက် နတ်နှင့်တကွသော လောကကို ကူးမြောက်စေအံ့….

အိုစာရှုသူ….သင်ရော အကျွန်ုပ်တို့ရော တတ်နိုင်တဲ့ ပရဟိတတွေ လက်တွဲဆောင်ရွက်ကြပါစို့…လူ့တန်ဖိုးတွေကို ဖော်ထုတ်ကြပါစို့…..သူတပါး ဒုက္ခရောက်တာကို မလိုလားသူ ကူညီသူ ဖေးမသူ ပရဟိတ ဆောင်ရွက်သူ ဖြစ်အောင် ကြိုးစားကြပါစို့……….

(၁၉-၀၅-၂၀၀၉ ရက်နေ့ဟာ စင်္ကာပူနိုင်ငံရောက် ယောအသင်းကို တည်ထောင်ဖွဲ့စည်းခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပါပြီ..အတူဆင်နွှဲတဲ့ ကောင်းမှုပွဲလေးတွေ ဆောင်ရွက်နိုင်ခဲ့တာ စုစည်းတဲ့ ယောညီအကို မောင်နှမတို့ရဲ့ ညီညွတ်ရေး စိတ်ဓာတ်များကြောင့်သာဖြစ်ပါတယ်.ထက်သန်တဲ့ဆန္ဒတွေနဲ့ လူသားတန်ဖိုးတွေကို ဆက်လက်မြှင့်တင် ဖော်ထုတ်နိုင်ကြမယ်လို့ ယုံကြည်နေပါတယ်.)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP