အမေ သို့ မှော်ဝင်နှင်းဆီ(၂)
အမေနဲ့ ပတ်သက် လာ ရင်တော့ရေးစရာအတော် ရှိတယ် လို့ပြောရမှာပါ။ဟုတ်ပါတယ် လေ မိန်းမသာတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုဟာ၊ယောက်ျးတစ်ယောက်ရဲ့ဘ၀ရပ်တည်မှုထက်ပိုပြီးဂရုစိုက်ရတယ်လို့ ကျနော် ထင်တယ်လေ၊ အထူးသဖြင့် ဆင်းရဲတဲ့မိသားစုကပေါက်ဖွား လာ တဲ့မိန်မမသားတစ်ယောက် ပေါ့လေ၊ ပြီးတော့ ရုပ်ရည် လည်းရှိမယ်ဆိုရင်တော့၊ အန္တရာယ် အတော် ကြီးတယ် လို့ကျနော်ထင်ပါတကယ်တော့ အမေ့စိတ်ရင်းကငြိမ်းချမ်းစွာနဲ့ဘ၀ကိုဖြတ်သန်းချင်တာပါ၊အဲ..ဒါပေမဲ့ကံတရားကအမေ့ကိုအဲလိုဖြတ်သန်းခွင့်မပြုခဲဘူးလို့ထင်ပါရဲ့၊အဖေဆုံးကတည်းကအမေဟာဘ၀ကိုအရှံးမပေးတမ်းရင်ဆိုင်လာခဲ့တာ၊ကျနော်တို့အရွယ်ရောက်တဲ့အထိပါပဲ၊..အမေ့အကြောင်းကိုပြောမယ်ဆိုရင်တော့၊ကျနော့် အနေနဲ့အဖွားပန်းယုံအကြောင်းကိုလည်းပြော မှဖြစ်မှာပါ၊ အမေနဲ့ အဖွားပန်းယုံက ဆက်စပ်နေတဲ့ ဘ၀တစ်ခုလေ၊။
အဖွားပန်းယုံဆိုတာက၊အဖိုးနောက်ကိုပါလာတဲ့၊အဘဒေါင်းရဲ့ဘ၀ကြင်ဖေါ်ပါ၊နဲနဲတော့သီးခံပါဗျာ..ရှုပ်သလိုဖြစ်နေတော့..ကျနော်တို့ အဖိုးက မန်းဇာတိ…အောက်ပြည်လို့ ခေါ်တဲ့ကျနော်တို့နေရာကို..အခြနေရပြောင်း လာတော့၊ အဖိုးနဲကသေတူရှင်မကွာ၊ဂျပန်တော်လှန်ရေးမှာတိုက်ခဲ့တဲ့အဘဒေါင်းလည်း လိုက်လာတယ်၊ အဲဒီတော့.. အဘရဲ့ဇနီး အဖွားပန်းယုံလည်း ပါလာတယ်၊ကျနော်တို့ဆီမရောက်ခင်တော့၊ရန်ကုန်၊မောလမြိုင်၊ရေး တွေမှာခဏစတည်းချခဲ့သေးတယ်၊.. အဲလိုအဖိုးနောက်တောက်လျှောက် ပါခဲ့တာဆိုတော့၊ ကျနော်တို့ မိသားစုစာရင်းသွင်းရမှာပဲလေ။ကျနော်ပြောတဲ့အဖိုးတွေအားလုံးမှာထိုးကွင်းတွေရှိတယ်၊သျှောင်နဲ့ပဲသက်ထက်ဆုံးနေသွားကြတယ်။ဘောင်းဘီအရှည်ဝတ်တော့ လည်း၊ကျနော်တို့ရှမ်းတိုင်းရင်းသားတွေဝတ်တဲ့ဘောင်းဘီအရှည်မျိုးတွေ…ပြန်မြင်ကြည့်တယ်..အဖိုးနဲ့အဘဒေါင်းတို့ကို၊သျှောင်တစောင်းနဲ့ဆေးတံနဲ့၊နောက်ပြီးတော့ထိုးကွင်းတွေနဲ့၊အဖိုးကသူ့ဆွေမျိုးတွေအကြောင်းကိုသိပ်မပြောချင်..မေးရင်လည်းမကြိုက်တော့၊ကျနော်တို့မမေး၊အဘဒေါင်းကိုမေးတော့လည်း...“မြေးရယ်..နင့်အဖိုးခေါင်းညိတ်မှ..အဘပြောရဲမယ်တဲ့”ဘာမှန်းကျနော်နားမလည်တောနောက်လည်းမမေးတော့၊ အဲစိတ်သာတဲ့အခါတော့ တစွန်းတစပြောပြတာတွေ လည်းရှိတော့ ရှိတယ်လေ၊…စကားကလိုရင်းမရောက် ဖြစ်နေပြီ ..ကျနော်ပြောချင်တာက မဖွားပန်းယုံအကြောင်း.. အမေနဲ့ အဖေညားတော့..အဖေကအိမ်ခွဲနေတယ်၊ မိဘကိုအပူမပေးဘူးပေါ့လေ၊ ဒါပေမဲ့..အဖိုးကဇွတ်ခေါ်နေပြီးအဖွားကလည်း ငိုကြတော့ အိမ်ပေါ်တက်နေရတာ၊..အဲဒီမှာ အမေနဲ့ အဖွားပန်ယုံတို့တွေ့ကြတာပါ၊..အမေ့ကိုတော့အား လုံး ချစ်ကြပါတယ် ဒါပေမဲ့၊ အမေက ကျနော်တို့အဖွားအစစ်ထက်၊အဖွားပန်းယုံကိုပိုချစ်တယ်၊မဟုတ်မခံစိတ်ဓာတ်ခြင်းတူလို့တဲ့လေ
ထားပါတော့ အဲဒီမှာတင်အဖွားပန်းယုံဆီက..ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အတတ်တွေကို၊အမေရခဲ့တာပါ။
“မိန်းခလေးဆိုတာ၊ပန်းတစ်ပွင့်ပါ၊အချိန်တန်ရင်တော့ကြွေမှာပါ၊တချို့ကလေချွှေလို့ကြွေရတယ်တချို့လူချွေလို့ ကြွေရတယ်။ ဒီတော့လူကြောင့်ကြွေတဲ့ပန်းမဖြစ်အောင်၊ မိန်းခလေးတိုင်းဟာ၊ကိုယ့်ကိုကိုယ်စောင့်ရတယ်၊ ကိုယ့် စိတ်ကိုလည်းစောင့်ရတယ်၊အိနြေ္ဒရေကိုလည်းစောင့်ရတယ်၊အဲဒီအစောင့်သုံးယောက်သာမရှိရင်၊ဂုမ္ဘလဏ်တစ်ထောင်စောင့်နေလဲအလကားပဲ၊ လူတွေချွေလို့ကြွေတတ်တယ်…အထူးသဖြင့်အရမ်းလှတဲ့မိန်းခလေးတွေပေါ့”
(အဖွားပန်းယုံ)
အဲလိုမျိုးအတွေးနဲ့ကိုယ့်ကိုကိုယ်စောင့်တတ်အောင်ဆိုပြီး၊အမေ့ကိုသူနားလည်သလောက်၊ဆူးထိုးအတတ်၊ပန်းထိုးအတတ်၊လက်ပစ်ဆူးအတတ်ကိုသင်ခဲ့တာပါ၊အမေကလည်းနဂိုလ်ကတည်းက၀ါသနာပါလားမသိ၊အဖွားပန်ယုံခိုင်းသမျှအကုန်လိုက်သင်တော့တာပဲ၊အတတ်မြန်တယ်လို့တော့ပြောသံကြားတယ်၊အမေဆူးပေါက်ပြတာတော့တခါနှစ်ခါမြင်မြင်ဘူးတယ်၊….မြင်ဘူးတာကလည်းအရမ်းကိုအကြောင်းဆုံလို့ပါ၊မေးခေါင်းပေါ်ကဆံထုံးမှာထိုးထားတဲ့ကိန္နာရာရုပ်ပါတဲ့ဆံထိုးလေးကိုအဖွားကပဲပေးထားတာပါ၊အဲ….အခုတော့မရှိတော့ဘူးလေ၊ဒုတိယအကြိမ်ကျနော်တို့မိသားစုမီးဘေး အသင့် ခံရမှာပါသွားတယ်တဲ့ ဗျာ။
ဆိုပါတော့ဗျာ..အဲ လိုအမေပါ၊ဒီတော့ အမေနဲ့အဖွားပန်ယုံဟာ မျဉ်းတစ်ကြောင်းတည်းလို့ပြောလို့ရတာပါ၊ဒီလိုနဲ့ အဖေဆုံးတော့..အမေကဈေးသည်ပေါ့၊အဲလိုပုဇွန်တွေငါးတွေ..ဖေါက်သည်ပေးတန်ပေး၊ကိုယ်တိုင်ရောင်းတန်ရောင်းပြီးတော့၊မနက်(၁၀)နာရီလောက်ဆိုဈေးပြန်ပြီးတော့ခဏနားတယ်၊နောက်ပြီးရာသီပေါ်တဲ့အသီးတွေကိုရောင်းတယ်၊ အထူးသဖြင့် အခုလိုဒူရင်းသီး၊ မင်းဂွတ်သီးတွေပေါ်ချိန်ပေါ့လေ။အနောက်ဘက်ကမ်းကတက်လာတဲ့ဒူရင်း သီးတွေ၊မင်းဂွတ်သီးတွေနဲ့ တခြားသစ်သီးတွေကို၊အပင်ရှင်တွေဆီက၀ယ်၊ပြီးတော့ဖေါက်သည်ပေး၊ငှွေုကတော့ အဟောင်းပေးအသစ်ယူတဲ့နည်းနဲ့အမေရောင်းတယ်၊။ မိန်ခလေးတွေတော်များများကအမေ့ဆီကယူရောင်း ကြတာများပါတယ်၊အဲဒီအထဲမှာ..ကျနော်တို့က အစ်မလို့ခေါ်တဲ့ ကျနော်တို့အမေရဲ့ညီမအငယ်ဆုံး၊ အဒေါ်အထွေးဆုံးပါတယ်။အမေနဲ့ဆိုအသက်က(၁ရ)နှစ်လောက်ကွာတယ်၊အမေ့ညီမလို့မပြောရအမေ့လိုပဲကြည့်ကောင်းတယ်ဗျ။အခုထိလည်းချောတုံးပါ။အမေကကျောင်းတက်ခိုင်းတာ..မတက်ချင်ဘူးဈေးပဲရောင်းမယ်ဆိုတော့ လည်း။ အမေကဈေးရောင်းသင်ပေးရတာဗျ၊ကျနော်တို့ကခေါ်တော့ အစ်မတဲ့၊ အဲလိုနဲ့ အစ်မဈေးရောင်းတယ်ဆိုပါတော့…။ ညနေငွေရှင်းချိန်ရောက်တိုင်းအစ်မငွေကလိုနေတယ်၊ အမေကမေးတော့ ဈေးကောက်ပေးရတာပါလို့ပြောတယ်၊ အဲလိုနဲ့နော် နေ့တွေ လည်းကျရော ငွေကပိုကွာလာတယ်၊အမေမေးတော့ဈေးကောက်ပေးရတာပဲဖြေတော့၊ အမေဘ၀င်မကျ၊“အထွေး..နင့်ဟာက မဟုတ်တော့ဘူးနော်၊ ပထမနေ့က (၅) ကျပ်ကွာတယ်၊ ဒုတိယနေ့မှာ(၁၀) နောက်နေ့တွေတိုး လိုက်တာ ကနေ့ငါးရကလ်ည်းမြောက်ရော ဈေးကောက်ကအစိတ်တောင်ဖြစ်သွား လား..ဟ (၂၅) ကျပ်ပေါ့”..အမှန်အတိုင်းပြော.. မဟုတ်ရင်တော့ ..ငါမြူနီစပါယ်ရုံးသွားမေးရလိမ့်မယ်ဟ။ ပြောတော့မှ ကမ်းနားက အထမ်းသမား လူမိုက် ကုလားမာ မွတ်နဲ့၊ သူ့တပည့်ဂွတို တို့ နဲ့ အမေထိပ်တိုက်တိုးတော့တာ ပဲဗျ။
နောက်နေ့လည်းကျရော..အမဈေးရောင်းတဲ့ကမ်းနာဖက်ကို…ဦးလေးချစ်ဆွေဆိုက္ကားနဲ့မရောင်မလည်လိုက်သွားကြည့်တယ်…ကျနော်လည်းလိုက်ရတယ်.. ကျနော့်ကိုခေါ်တာက ထမင်းကျွှေးမလို့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာ မနက်ကရောင်းထားတဲ့ ပုဇွန်ဖိုးတွေသိမ်းရင်း ငါးဖိုးတွေတောင်းရင်း၊ ကျနော်က ၀ါဒီးတင်ရတယ် ဗျ၊ ကျနော်တောင်ဒီကိစ္စဖြစ်တော့ (၅)တန်းရောက်ပြီ၊..ညီကတော့ ဒုတိယတန်းပေါ့၊ ပြီးတော့ အဖိုးဆီက၊ အဘဒေါင်းဆီက၊ သတ်ကိုးသတ်တို့ မောင်းကိုးမောင်းတို့တောင် ကြားဖူးပြီး အီးရောင်ဝါးလုပ်တတ်နေပြီ။သင်ပေးစရာရှားလို့ ကျနော့်ကို ခဲပေါက်နည်း သင်ပေးတာက.. ကျနော့်ဘကြီး၊ညနေတိုင်း ခဲပေါက်ကျင့်ရတယ်။ခပ်လှမ်းလှမ်းမှာရှိတဲ့ အုန်းမှုတ်ခွက်၊ကြက်ဥခွံတို့ပေါ့လေ၊ ပါရမီပါလို့လားမသိ..အလွန်စိတ်ရှည်တဲ့ဘကြီးလက်လန်သွားတယ်။သူပစ်ခိုင်းတိုင်းမထိလို့လေ။ထားပ်ါတော့လေ။ လမ်းကြောင်းပြောင်းမှာစိုးလို့ဆက်ပြောပြမယ်။
အဲဒီလိုအမေသွားပြီးအမရောင်းတဲ့ဆိုင်နားအရောက်၊လာပါပြီ..လမ်းသွားရင်ဆောက်ကြွဆောက်ကြွနဲ့ရုပ်ရှင်ထဲက လူမိုက်ပုံ၊မရရအောင်ဖမ်းပြီးတော့“ဒီနေ့လည်းအစိပ်ပဲပေးပါ”လို့ငွေတောင်းတော့…“ဒီမှာဂွတို..နင်ယောက်ျားမှဟုတ်သေးလား..မိန်းခလေးတစ်ယောက်လုပ်အားကိုမိုက်ကြေးခွဲ၊တောင်းရမ်းစားသောက်နေတဲ့အရှက်မရှိကောင်၊နင်တို့ အမေတွေအစားငါရှက်လိုက်တာ”လို့အမေ့ အသံကြားတော့ ဒီလူကရှက်ပြီး အမေ့ဆီကိုအပြေးတပိုင်းနဲ့ဝင် အလာမှာ… အစကတည်းကပြဿနာဖြစ်တော့ မယ်လို့သိတဲ့ ကျနော်နဲ့ဦးလေးချစ်ဆွေတို့..ကြားဝင်လိုက်ပုံက
အမေ့ဆီအရှိန်နဲ့ဝင်လာတဲ့…ဂွတိုမျက်နာကိုဒူရင်းသီးနဲ့ကျနော် လှမ်းထုတာ..ဒီတခါတော့ကွတ်တိ…အား လို့အော်ပြီးရပ်နေတုံး၊ဆိုက္ကားပေါ်မှာ ပါလာတဲ့ ၀ါးရင်းတုတ်နဲ့ဦးလေးချစ်ဆွေက ဒီလူရဲ့ ပုခုံးကိုဖြတ်ရိုက်ချလိုက်တာ…တခါတည်တခြမ်းကိုင်ပြီးပုံအကျ၊ နံဘေးကလူတွေဝိုင်ဆွဲပေါ့လေ၊ တခါတည်း ဂွတိုကို သူ့ဆရာမာမွတ်ဆီပြန်ပို့……လိုက်ကြတယ်။ ပြဿနာကအေးပြီထင်တာ ဗျ..မအေးပါဘူး ဗျာ၊ ဖြစ်ပုံက..
သူ့တပည့်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး..ဒီမာမွတ်ဆိုတဲ့ကုလားက.. အမေ့ကိုတေ့းထားတယ်…အမေဈေးသွားတဲ့ အချိန်ကိုမှတ်ထားတယ်၊ အမေကမနက်နှစ်နာရီလောက်ဆို အိပ်ရာထဈေးသွားပြီလေ၊ ဒီလိုနဲ့ မိုးတွင်းတနေ့မှာ၊ အမေရယ် အမရယ်၊ ပြီးတော့ အိမ်နားကဈေးသည်တွေစုပြီတော့ဈေးသွား….ကံကောင်း ခြင်တော့၊ ကျနော်တို့ကျောင်းတက်ဖို့ မုန့်ဖိုးမပေးရသေးတာ သိရတော့ အိမ်ကိုပြန်လှည့်လာပြီး..မုန့်ဖိုးလာအပေးမှာ၊ အိမ်လမ်းကြားထဲ မှာ အရိပ်တွေမြင်တော့၊“ သူခိုးရှင့်…သူခိုး…သူခိုး” လို့အမေကအော်တော့၊ ဒီလူနှစ်ယောက်ထွက်ပြေးတုံး မီးသတ်တွေတခြားဈေးသွားသူတွေ လမ်းပိတ်ဖမ်းလိုက်တော့ မှ လမ်းမီးရောင်အောက်မှာကြည့်တော့ မာမွတ်တို့ ဆရာတပည့်၊ အမေ မသက်ာတာနဲ့ အိမ်ဘေး လမ်းကြားကို လူတွေခေါ်ပြီး ၀င်ကြည့်၊ ကျနော်တို့ လည်းနိုး၊ အဖွားလည်း နိုးထပြီး မီး ဖွင့်ကြည့်မှ…ဘုရား… ဘိန်းတွေရယ်လေ။ ကိုလိုနီခေတ်ကလိုဘိန်းပစ် တာပေါ့လေ။
အမေလေ..အသားတွေတုန်နေလိုက်တာ။ဒေါသကြောင့်အမေ့မျက်လုံးမှာအရောင်ထွက်နေလားအောက်မေ့ရတယ်။ “ဥပဒေနဲ့ထောင်သာ မရှိရင်..ငါ့သားတွေသာမရှိရင် ဒီမှာ မိန်မတစ်ယောက်ကိုတောင် ကလိန်စေ့ညဏ်ဆင်လောက်ပဲလုပ်ရဲတဲ့ ကု လား ယုတ်ဆရာတပည့်၊ နင်တို့ လို လူစားတွေကိုလေ၊ငါ ဓါးတလက်အပိုပေးပြီးခုတ်လိုက်ချင်တယ်တဲ့”
ကျနော်လဲ အဲဒီလူတွေနဲ့ အဲဒီဖြစ်ရပ်ကိုကြည့် ပြီး တယောက်ထဲ လမ်းသွားနေတဲ့ မိန်းခလေးဆိုကြည့်တောင်မကြည့်မိအောင်နေမိတော့တယ်.. ဘာဖြစ်လို့ လဲဆိုတော့ မတော်တဆ မျက်လုံးကအနိုင်ကျင့်မိသော်။ ကျန်တာတွေကိုတော့ သက်ဆိုင်ရာကပဲ တရားမျှတစွာရှင်း လိုက်ပါတယ် ဗျာ။ ။

0 comments:
Post a Comment