* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 18, 2009

ရဟန်း နှစ်သက်၏လောဟု ဤစကားကိုလျှောက်၏...

ကကုဓသုတ်...

အကျွန်ုပ်သည် ဤသို့ ကြားနားခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတ မြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကကုဓနတ်သားသည် ညဥ့်ဦး ယံလွန်ပြီးသော (သန်းကောင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ သည်ဖြစ်၍ အဉ္ဇနတောအလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်း ကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်...

မြတ်စွာဘုရားအား ''ရဟန်း နှစ်သက်၏လော'' ဟု ဤစကားကိုလျှောက်၏၊

''အချင်းနတ်သား အဘယ်ကို ရ၍ နှစ်သက်ရမည်နည်း'' ဟု မေးတော်မူ၏၊

''ရဟန်းသို့ဖြစ်လျှင် စိုးရိမ်ပါသလော'' ဟု လျှောက်၏၊

အချင်းနတ်သား အဘယ်ဝတ္ထုသည် ဆွေးမြေ့သည်ဖြစ်၍ စိုးရိမ်ရမည်နည်း''ဟု မေးတော်မူ၏၊

''ရဟန်း သို့ဖြစ်လျှင် နှစ်သက်လည်း မနှစ်သက် စိုးရိမ်လည်း မစိုးရိမ်ပါသလော'' ဟု လျှောက်၏၊

အချင်းနတ်သား သင်ဆိုတိုင်းဟုတ်၏ ဟု (မိန့်တော်မူ၏)။

ရဟန်း အသို့နည်း သင်သည် ဆင်းရဲမရှိသလော၊ အသို့နည်း (သင့်အား) နှစ် သက်ခြင်း မရှိသလော၊ တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို အသို့နည်း မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်၏)။

နတ်သား ငါဘုရားသည် စင်စစ် ဆင်းရဲကင်း၏၊ ထိုမှတစ်ပါး (ငါ့အား) နှစ်သက်ခြင်း မရှိ၊ ထိုမှတစ်ပါး တစ်ယောက်တည်း နေလေ့ရှိသော ငါဘုရားကို မမွေ့လျော်ခြင်းသည် မနှိပ်စက် ဟု (မိန့်တော်မူ၏)။

ရဟန်း သင်သည် အဘယ်သို့ ဆင်းရဲကင်းသနည်း၊ (သင့်အား) နှစ်သက်ခြင်း မရှိသနည်း၊ အဘယ် အကြောင်းကြောင့် တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်ပြန်၏)။

နတ်သား ဆင်းရဲဖြစ်သော သူအား စင်စစ် နှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက် ခြင်း ဖြစ်သောသူအား စင်စစ် ဆင်းရဲခြင်းသည် ဖြစ်၏၊ ရဟန်းသည် နှစ်သက် ခြင်းလည်း မရှိ၊ ဆင်းရဲခြင်းလည်း မရှိ၊ ဤသို့ သိလော ဟု (မိန့်တော်မူ၏)။

နှစ်သက်ခြင်းမရှိသော ဆင်းရဲခြင်း မရှိသော လောက၌ တဏှာကို ကူးမြောက် ပြီးသော၊ မကောင်းမှုကို အပပြုပြီးသော၊ ငြိမ်းအေးပြီးသော ရဟန်းကို ကြာမြင့်မှ ဖူးမြင်ရလေစွတကား ဟု (လျှောက်၏)။99

၈ - ကကုဓသုတ်၊ အနာထပိဏ္ဍိက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP