* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, May 18, 2009

အသုဘ ၁၀-ပါး ပါဌ်-အနက်

ဥဒ္ဓုမာတကံ
ဝိနီလကံ
ဝိပုဗ္ဗကံ
ဝိစ္ဆိဒ္ဒကံ
ဝိက္ခာယိတကံ
ဝိက္ခိတ္တကံ
ဟတ၀ိက္ခိတ္တကံ
လောဟိတကံ
ပုဠုဝကံ
အဋ္ဌိကဉ္စေတိ ဣမေ ဒသ အသုဘာနာမ။

၁။ ဥဒ္ဓုမာတကံ-သေဆုံးသည်မှ နောင်ကာလထက် နှစ်ရက်-သုံးရက် လွန်ကြူးတက်လျှင် ဖူးဖူးရောင်ပုပ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ဥဒ္ဓုမာတကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၂။ ၀ိနီလကံ-အသားများရာ၌နီ ပြည်စုရာ၌ဖြူ ယေဘုယျအားဖြင့် ညိုမည်းရောင်ပုပ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ၀ိနီလကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၃။ ၀ိပုဗ္ဗကံ-ပေါက်ပြတ်အက်ကွဲ မကြည့်ရဲအောင် ယိုရွှဲပြည်ပုပ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ၀ိပုဗ္ဗကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၎။ ၀ိစ္ဆိဒ္ဒကံ-နှစ်ပိုင်းဖြတ်ခုတ် နှစ်ပိုင်းပြုတ်၍ စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ၀ိစ္ဆိဒ္ဒကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၅။ ၀ိက္ခာယိတကံ-ခွေး ကျီး ဠင်းတ သစ်ကျားစသည် ထိုမှာဤလည်း တသဲသဲနှင့် ကိုက်ခဲထိုးကုပ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ၀ိက္ခာယိတကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၆။ ၀ိက္ခိတ္တကံ-ခြေ-လက်-ဂေါင်း-ကိုယ် ဖရိုဖရဲ တကွဲတပြား တခြားစီပြုတ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ၀ိက္ခိတ္တကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၇။ ဟတ၀ိက္ခိတ္တကံ-ကျီးခြေမယွင်း ဒါးဖြင့်မွန်းလျက် ဂေါင်း-လက်-ကိုယ်-ခြေ အထွေထွေပြုတ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ဟတ၀ိက္ခိတ္တကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၈။ လောဟိတကံ-ထိုထိုဤဤ နီနီထွေးထွေး သွေးလိမ်းစီးသွယ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ လောဟိတကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၉။ ပုဠုဝကံ-ပိုးလောက်ဝင်ထွက် ကျိကျိတက်လျက် ပြည့်နှက်ကပ်တွယ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ ပုဠုဝကခေါ်သော အသုဘအကောင်ပုပ် တမျိုး၎င်း။

၁၀။ အဋ္ဌိကံ-တချောင်းနှင့်တချောင်း အိမ်ပျက်ဟောင်းသို့ ပေါင်းစုစပ်တွယ် စက်ဆုပ်ရွံဖွယ် သင်းချိုင်းမြေ၀ယ် စွန့်ပယ်ပစ်ချ အသုံးမကျတဲ့ အဋ္ဌိကခေါ်သော (အရိုးစု) အသုဘအကောင်ပုပ် တမျိုး၎င်း။

ဣတိ-ဣမေ-ဤသည်တို့သည်၊ ဒသ အသုဘာနာမ-ခန္ဓာယွင်းဘောက် ဇီဝိန်ပျောက်က ရောက်ရအသင့် မတင့်မတယ် မဖွယ်ရာသည့် ရွံဘွယ်ရာအပြား ဆယ်ပါးသော အသုဘတရားတို့ မည်ကုန်သတည်း။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP