* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 3, 2009

*ဘုန်းဘုန်းသို့ ပေးစာ (၈) (ကျေးဇူးပါ ဘုန်းဘုန်း)*

ဘုန်းဘုန်း မင်္ဂလာပါ

Justify Full
မနေ့က ညက ဘုန်းဘုန်း တော်တော် ပင်ပန်း သွားမယ် ထင်တယ်နော် ဘုန်းဘုန်း။ ဖိုးသား ဘုန်းဘုန်းကို အားနာနေတာ။ ဘုန်းဘုန်းရဲ့ တရားနာ ရတာ တော်တော်လေး အရသာ ရှိတာပဲ ဘုန်းဘုန်း။ အားတက် စရာလည်း ကောင်းတယ်။ ဘုန်းဘုန်းက ကိုယ်တွေ့ တွေကို အိတ်သွန် ဖာမှောက် ဟောပြ၊ ပြောပြတာ ဆိုတော့…။

ဟုတ်တယ် နော်ဘုန်းဘုန်း၊ ဘုရား ရှင်ရဲ့ တရားတွေက တကယ်တန်း ကိုယ်တွေ့ လုပ်ကြည့်လို့ အဲဒီ အကျိုးရလဒ်တွေ ကိုယ်ကိုယ်တိုင် ခံစား လာရပြီဆို တကယ့်ကို မယုံကြည် နိုင်စရာပါပဲ…။ ဘုန်းဘုန်း လိုတော့ သမာဓိ နိမိတ်တွေ၊ အလင်းတန်း နိမိတ်တွေ မသိဘူးပေါ့ ဘုန်းဘုန်း။ ဒါပေမယ့်လည်း ဖိုးသား လုပ်နိုင် သလောက် လေးနဲ့ ထိုက်တန်တဲ့ အကျိုး ကျေးဇူး လေးတွေတော့ ခံစားဖူးပါတယ်။ ဥပမာ အားဖြင့်တော့ စိတ်ငြိမ်းချမ်းမှု မျိုးပေါ့ ဘုန်းဘုန်း။

ဖိုးသား အရင် တစ်ပတ် လောက်တုန်းက သဲအင်းဂူ ဆရာတော် ဘုရားကြီးရဲ့ တရား နာလိုက်ရတယ် ဘုန်းဘုန်း။ အဲဒီမှာ တုန်းကတော့ ငရဲ အကြောင်း တော်တော်လေး သိခွင့် ရလိုက်တယ်။ အခု ဘုန်းဘုန်းနဲ့ ကျတော့ နတ်ပြည်၊ ဗြဟ္မာ့ပြည် အကြောင်း ထပ်သိ ခွင့်ရပြန်တယ်။ ကျေးဇူးပါ ဘုန်းဘုန်း။

ဘုန်ုးဘုန်း ဟောတဲ့ အထဲမှာ သမာဓိ အစွမ်းနဲ့ နတ်ပြည်ကို အာရုံညွတ်ပြီး ဘုန်းဘုန်း ကြွတော့ သိကြားမင်း အပါအ၀င် နတ်သား နတ်သမီးတွေက ဘုန်းဘုန်းကို လာကြို ကြတယ်တဲ့။ ပြီးတော့ သိကြားမင်းက ဘုန်းဘုန်း ပို့သတဲ့ မေတ္တာတွေကို သူတို့ ရရှိကြောင်း ပြောတယ်တဲ့..။ ဘုန်းဘုန်း ပြောမှပဲ ဘုန်းဘုန်းတို့ ဖိုးသားတို့ ပို့တဲ့ မေတ္တာ ဓါတ်တွေက တကယ့်ကို ထိရောက်တယ် ဆိုတာ သိရတော့တယ်။ အဲလို ဘုန်ုးဘုန်း ဟောနေတုန်းက ဖိုးသား စိတ်ထဲ တရားတော် တွေကို တကယ် နှစ်နှစ် ကာကာ ယုံကြည် နေမိတယ်။ နောက် သိကြားမင်း ကြီးကို မျက်စိထဲ ပြေး မြင်ယောင် လိုက်မိတယ်။ စိတ်ထဲက လည်း တကယ့်ကို မေတ္တာ ပို့သနေ မိပါတယ် ဘုန်းဘုန်း။

နောက်ပြီး ဗြဟ္မာ့ပြည် အကြောင်းတွေ၊ စူဠာမဏိ စေတီကို ဘုန်းဘုန်း ဖူးရတဲ့ အကြောင်းတွေ အဲဒါတွေ ကလည်း ဖိုးသားတို့ အတွက် ဘုရား ရှင်ရဲ့ တရားတော် တွေကို ပိုပြီး ယုံကြည် သွားစေ သလို တကယ့်ကို ဗဟုသုတ တွေလည်း တိုးပွား ရပါတယ် ဘုန်းဘုန်း။ အခု စာရိုက် နေရင်းနဲ့ ဘုန်းဘုန်း ပြောခဲ့တဲ့ ဥစ္စာစောင့် တွေကိုလည်း မေတ္တာ ပွားနေမိ ပါတယ် ဘုန်းဘုန်း။

အဲ.. ဖိုးသားလည်း ရေးချင်တာတွေ လျှောက်ရေး နေတာနဲ့ ခေါင်းစဉ် နဲ့တောင် ဘာမှ မဆိုင် တော့ဘူး။ ဖိုးသား တကယ်တန်း ပြောချင်တာက ကျေးဇူးတင် စကားပါ ဘုန်းဘုန်း။ မနေ့ကဆို ဖိုးသားတို့ အွန်လိုင်း တရားပွဲ စမှာက ညနေ ငါးနာရီခွဲမှ။ အဲဒီ အတွက် ဘုန်းဘုန်းက အသံတွေ ဘာတွေ စမ်းဖို့ ဘုန်းဘုန်း အချိန်ထဲက ဖဲ့ပြီး အစောကြီး အွန်လိုင်း ကြိုရောက် နေရတယ်။ ဟော.. တရားဟော နေတဲ့ အချိန် ကျတော့လည်း ဟိုလူက လိုင်းကျလို့ “ခဏနေပါဦး အရှင်ဘုရား” ဆိုတော့လည်း ဘုန်းဘုန်း သည်းခံရ။ အဲလို အချိန် မျိုးဆို တရားဟော နေတဲ့ အရှိန်လေးက ပျက်ပျက် သွားမယ် ထင်တယ်နော် ဘုန်းဘုန်း။

နောက်ပြီး ခုလို ဟောနိုင်ဖို့ ပွဲမ၀င်ခင် အပြင်က ကျင်းပ ဆိုသလို ဘုန်းဘုန်း အနည်းနဲ့ အများတော့ အချိန်ပေးပြီး ပြင်ဆင် လာရဦးမှာ။ အဲဒါလေးတွေ ဖိုးသား တွေးမိတိုင်း သာသနာ အတွက် ကျရာ တာဝန် ထမ်းဆောင် နေတဲ့ ဆရာတော် သံဃာတော် တွေကို ကြည်ညို လေးစားမှု တွေနဲ့ အတူ အကြိမ်ကြိမ် ရှိခိုးမိပါတယ် ဘုန်းဘုန်း။

အဲ.. ပြီးတော့လည်း ငါးခွဲစမယ် ဆိုတဲ့ တရားပွဲက ဟိုဟာလုပ် ဒီဟာရှုပ်နဲ့ ခြောက်နာရီ လောက်မှ စဖြစ်သွားတယ်။ နောက် ကြားမှာလည်း ဟိုလူလိုင်းကျ၊ ဒီလူ လိုင်းကျနဲ့ စောင့်ရ၊ ဟိုလူက မကြားလိုက်လို့ ဒီလူက နားမလည် လိုက်လို့ ပြန်ရှင်းပြနဲ့ တကယ်တန်း တစ်နာရီ ကျော်ကျော် လောက်သာ ကြာသင့်တဲ့ တရားပွဲက သုံးနာရီလောက် ကြာသွားတယ် နော်ဘုန်းဘုန်း။ အဲဒီ အတွက်လည်း ဖိုးသားက အားနာနေတာ။ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင် အချိန်တွေ ထဲက ပါသွားလို့။

ဒါကို ဖိုးသားက အားနာကြောင်း ပြောတော့ ဘုန်းဘုန်းက “ဘုန်းဘုန်း ကလည်း ဖိုးသားတို့ တတွေ အွန်လိုင်း အခြေ အနေကြောင့် ကောင်းကောင်း နားမထောင်ရလို့ အားနာနေတာ” လို့ ပြန်ပြော တယ်နော်။ အဲလို ဘုန်းဘုန်းရဲ့ မေတ္တာ စေတနာတွေ မြင်ရတော့ တကယ့်ကို ကြည်ညို စိတ်နဲ့ ထပ်လောင်းလို့ ကျေးဇူး တင်မိပါတယ် ဘုန်းဘုန်း။

နောက် အဲလို တရား နာနေရင်း ဖိုးသား စဉ်းစားမိ တာလေး ရှိသေးတယ် ဘုန်းဘုန်း။ ဘာလဲ ဆိုတော့ ညနေပိုင်း ဘုန်းဘုန်း တရားဟောမှာ ဆိုတော့ ဖိုးသားတို့က တရားဟော နေတုန်း ဗိုက်ဆာနေမှာ စိုးလို့ မနက်က ကြော်ထားတဲ့ ထမင်းလေး အပြေးအလွှား စားထား လိုက်တယ်။ အဲ.. ဘုန်းဘုန်း ကျတော့…။ ဘုန်းဘုန်း အနားမှာ တရားဟော နေတုန်း ဘုန်းဘုန်းမောရင် သောက်ဖို့ ရေပုလင်း လေးတောင် ရှိရဲ့လား ဆိုပြီး တွေးမိပြီး စိတ်မကောင်း ဖြစ်ရ သေးတယ်။

ဒီလို တွေးတတ် ခံယူတတ် တာကလည်း ဖိုးသား ဘုန်းဘုန်း ဦးကောသလ္လရဲ့ တရား တစ်ပုဒ်မှာ နာလိုက် မိလို့ပါ။ ဘုန်းဘုန်း ဦးကောသလ္လက ဘာပြောလဲ ဆိုတော့..

“ဒကာ ဒကာမ တွေနော်တဲ့.. ကျုပ်တို့က ညနေစာ မစား၊ ခင်ဗျားတို့ တိုက်တဲ့ ရေလေး သောက်ပြီး တစ်နာရီ ကျော်ကျော် ပလ္လင်ပေါ်မှာ မလှုပ်မယှက် တင်ပလ္လင်ခွေ ထိုင်၊ သင်္ကန်းကို ရာသီဥတု အေးအေး ပူပူ ခုလို ကြပ်ကြပ် တည်းတည်း ရုံပြီး တရား ဟောရတာ၊ ခင်ဗျားတို့က အောက်မှာ ကြိုက်သလိုထိုင်၊ ညနေစာလည်း အ၀စားလာ၊ တကယ်တန်း တရားပွဲ အပြန် ဆာသေးရင် အိမ်မှာ ထပ်စားလို့ ရသေး တယ်တဲ့။ ဒါတွေကို ကျုပ်က အပြစ် ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်တို့ ဟောတဲ့ တရားလေး ကိုတော့ မဂ်ဖိုလ် ရကြောင်းတွေ အသာထားဦး၊ ကျုပ်ကို အားနာတဲ့ စိတ်ကလေး နဲ့ပဲ နာပေးရင် ကျေနပ် ပါပြီတဲ့”

ဒီလိုတော့ အတိအကျ မဟုတ်ဘူးပေါ့ ဘုန်းဘုန်း၊ ဖိုးသား မှတ်မိ သလောက်လေး ရေးတာပါ။ အဲဒါလေးကို သတိရမိတော့ ဘုန်းဘုန်းကို အားနာစိတ်နဲ့ ပိုပြီး ကျေးဇူး တင်မိပါတယ် ဘုန်းဘုန်း။ ဖိုးသားလည်း ဟိုလျှောက်ရေး၊ ဒီလျှောက်ရေးနဲ့ စာတောင် တော်တော် ရှည်သွားပြီ ထင်တယ်နော်။ ဘာပဲ ပြောပြော အစအစ အရာရာ အတွက် ကျေးဇူး တင်လျက်ပါ ဘုန်းဘုန်း။

ဘုန်းဘုန်း ကျန်းမာပါစေ။

ရိုသေစွာ ဦးခိုက် ကန်တော့လျက်
ချစ်တပည့်
ဖိုးသား

******************************************************

(02.05.2009) ရက်နေ့၊ စနေနေ့တွင် အွန်လိုင်းတရား ဟောကြား ပေးသွားသော ယောဆရာတော် ဘုန်းဘုန်း ဦးတိက္ခ ဉာဏာ လင်္ကာရ သို့ ပူဇော်သမှုနဲ့ ရေးသား အပ်ပါသည်။

လေးစားစွာဖြင့်
ဖိုးသား

5/3/2009, SUN:, 5:04:59 AM

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP