* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 3, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၅)

Saturday, May 2, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၅)

From Myanmar trip 01


‘’တုံတုံတုံ” ရွာကျောင်း တုန်းမောင်းခေါက်သံကို ကြားလိုက်ရသည်။ ပင်ပန်း၍လားမသိ အိပ်ယာပေါ် လှဲချသည် နှင့်အိပ်ပျော်သွားခဲ့သည်မှာ တုန်းမောင်း ခေါက်မှပဲနိုးတော့သည်။ ရွာဦးကျောင်း၏ တုန်းမောင်းသံကို မကြားရ သည်မှာ အတော်ပင်ကြာခဲ့ပြီပဲ။ ဒါနဲ့ အိပ်ယာက ထကာ မျက်နှာသစ်လိုက်သည်။ ကိုယ်လက်သန့်စင်ပြီး ကိုရင် တွေ တံမျက်လှဲဖို့ ကျောင်းဘုန်းကြီး နှိုးသံအကြောင့် အိပ်ယာဘေးက ကပ်လျက် ကျိန်းနေသည့် မနက်ဖြန်၏ နောင်တော်ကြီးလည်း အိပ်ယာက နိုးလာတော့သည်။ ရွာကိုပြန်လာသည့် ခရီးစဉ်မှာ မနက်ဖြန်နဲ့အတူ ဒေးဒရဲမြို့ ရွာလယ်ကျောင်းမှ ကျောင်းထိုင်နေသည့် မနက်ဖြန်၏ နောင်တော်ကြီးနှင့် ညီမ ငယ်တို့ပါလာကြ သည်။ ရွာမှာ မိသားစု စုံစုံညီညီ တွေ့ရအောင်ဆိုပြီး ခေါ်လာခြင်းဖြစ်သည်။

မနက်အာရုံဆွမ်းစားပြီး ကျောင်းထိုင်ဆရာတော်နှင့် စကားပြောကာ မိမိအလှူဒါနတစ်ခုပြုလုပ် လိုကြောင်း လျှောက်ထားလိုက်သည်။ မနက်ဖြန် ပြည်ပရောက်နေစဉ် ကွန်လွန်သွားကြသည့် ရွာဦးကျောင်းဆရာတော်နှင့် အဖေ၏ မိဘနှစ်ပါးဖြစ်သည့် အဘိုးအဖွား၊ အမေ၏ ဖခင်ဖြစ် သည့် အဘိုးဖြစ်သူတို့ကိုအတွက် ရည်စူးကာ သတိယလွမ်းဆွတ် အမျှဝေမည့် အလှူဒါန ပွဲဖြစ်သည်။

အလှူကိစ္စနှင့်ပတ်သက်သည့် အစီအစဉ်များကို ယခုလက်ရှိဆရာတော်မှ အကုန်တာဝန်ခံ ဆောင်ရွက်ပေး သဖြင့် အားလုံးအဆင်ချောမွေ့ပါသည်။ အလှူလုပ်မည့်နေ့ မတိုင်မှီ အကြိုည တွင် ရွာရှိ ဒကာဒကာမများ အတွက် တရားဟောပေးပါဦးဆို၍ မနက်ဖြန် အကြိုတရားပွဲအဖြစ် ဟောဖြစ်ခဲ့သည်။

မနက်ဖြန်လုပ်မည့် အလှူဒါနပွဲအတွက် မနက်ဖြန်၏ ဆွေမျိုးအားလုံးက အဖေဘက်ဆွေမျိုး အမေ့ဘက်ဆွေး နှစ်အုပ်စုခွဲကာ အမေ့ဘက်ဆွေမျိုးက များသည့်အတွက် ဆွမ်းကွမ်းအားလုံး တာဝန်ယူကြသည်။ အဖေဘက်ဆွေမျိုးအားလုံးက အချိုပွဲအတွက် တာဝန်ယူလုပ်ဆောင် ပေးခဲ့ကြ၏။

ပင့်သံဃာ ၂၀ပါးအတွက် တစ်ပါးလျှင် တစ်သောင်းကျပ်စီနှင့် ရွာဦးကျောင်းတွင် တည်ဆောက်မည့် ဓမ္မာရုံကျောင်းသစ်အတွက် အလှူငွေ ၂-သိန်းကျော်ကို မနက်ဖြန်မှ တာဝန်ယူ လှူဒါန်း ဖြစ်ခဲ့သည်။ အလှူနေ့တွင် မနက်ဖြန်၏ ငယ်ဆရာဖြစ်သည့် စပါးတွင်း ကျေးရွာ၊ အဘယသုခ ကျောင်းသစ်မှ ဆရာတော်က သီလပေး သြ၀ါဒပေးကာ၊ မနက်ဖြန်၏ နောင်တော်ကြီးမှ အနုမောဒနာ တရားချီးမြှင့်ပေးသည်။
From my village


From my village


ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ကြောင်းကို မနက်ဖြန်မှ နိဂုံးချုပ်ပြောရင်း ဖိုးဖွား ဆရာသမားတို့အား အမှတ်ရကြောင်းနှင့် အမျှပေးဝေရခြင်း၏ အကြောင်းတို့ကို ကိုယ်တိုင်ပြောကြားခွင့်ရခဲ့သည်။

မျက်ကွယ်ပြုသွားကြသည့် အဖိုးအဖွားနှင့် ကျေးဇူးရှင် ရွာဦးကျောင်းဆရာတော်နှစ်ပါးတို့ကို မနက်ဖြန်ရွာသို့ပြန်လာသော်လည်း “ဆရာတော် နေကောင်းလားဘုရား၊ အဖိုး ကျန်းမာရဲ့ လား၊ အဖွား စားလို့ကောင်းရဲ့လား” စသည်မေးချင်ပေမဲ့ မနက်ဖြန်မှာ မေးခွင့် မရှိတော့ကြောင်း၊ လှူစရာ ပေးစရာရှိပေမဲ့ လှူခွင့် ပေးခွင့် မရှိတော့ကြောင်း သို့သော် ၀မ်းနည်းမှုတွေရင်ထဲမှာ ရှိပေမဲ့ ၀မ်းသာစရာအနေဖြင့် ဘုရားရှင်က တမလွန်ရောက် ပုဂ္ဂိုလ်များနှင့် ဆက်သွယ် နည်းများကို ဟောကြားခဲ့သဖြင့် မျက်ကွယ်ပြုကြည်သည့် ဆရာသမား ဖိုးဖွားမျာတို့အတွက် အလှူဒါနလုပ်၍ အမျှဝေကာ ဆက်သွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

From my village


မနက်ပိုင်းတွင် အစီစဉ်အားလုံးပြီးသည်နှင့် နေ့ဆွမ်းကပ်ကြသည်။ မနက်ဖြန်၏ ဆွေမျိုးများ အင်တိုက် အားတိုက် ပျော်ရွှင်ကြည်နူးစွာ ပါဝင် ကုသိုလ်ယူကြသဖြင့် စိတ်ထဲတွင် အတိုင်း ထက်အလွန် ပီတိခံစားမိသည်။

အလှူဒါနလုပ်ပြီးနောက် ဆွေမျိုးအားလုံးနှင့် စုပေါင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ဆွေမျိုးများသဖြင့် တစုစုစီခွဲကာ မိသားစုအလိုက်လည်း ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။

မနက်ဖြန်နှင့် မနက်ဖြန်၏မိသားစုအားလုံး ဆွေမျိုးများအားလုံး ပေါင်းစုလို့ ကောင်းမှုပြုလုပ် သည့် အလှူဒါန၏ အဖို့ဘာဂကို ကျေးဇူးရှင် ရွာဦးကျောင်းဆရာတော်နှင့် အဖိုးအဖွားအားလုံး အမျှ အမျှ အမျှ ပေးဝေ ငှပါ၏။

သတ္တ၀ါအားလုံးလည်း အမျှရကြ၍ ကျန်းမာပါကြပါစေကုန်သတည်း။

မှတ်တမ်းဓာတ်ပုံများ

From my village


From my village


From my village


From my village


From my village


From my village


From my village






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP