* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 3, 2009

*ဒိေ႒ဒိ႒မတၱံ (၄)*

အေမး
ခန္ဓာအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခု အနေနှင့်တောင်မှ အတ္တကောင် ဆိုတာ မရှိဘူးလား…။

အဖြေ
ဉာဏ်ဖြစ်ပေါ်တဲ့ ကိစ္စ အလုံးစုံဟာ သဘာဝ တရားကို တိတ်ဆိတ် ငြိမ်သက်တဲ့ စိတ်နှင့် ထိတွေ့ ခံစားရာက သိလာတာ မျိုးသာ ဖြစ်ပါတယ်။ တွေးတော ဆင်ခြင်လို့ပဲ ဖြစ်ဖြစ်၊ ဉာဏ်နှင့် ပတ်သတ်တဲ့ ပညတ်တွေ အပေါ်မှာ သုံးသပ်လို့ပဲ ဖြစ်ဖြစ် ကျွန်တော် တို့ဟာ ဉာဏ်ကို မရနိုင် ပါဘူး။ အတွေးဆိုတာ ပညတ် နယ်မှာပဲ ရှိတယ်။ ဉာဏ်ကတော့ ပရမတ္ထ တရားတွေကို ထိုးထွင်း သိမြင်ပြီး ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့တာ။ ထင်မြင် ယူဆတာမျိုး မဟုတ်ဘူး။ ခုတရား အားထုတ် တာဟာ အဲဒီ တွေးတော ကြံဆနေတဲ့ ပညတ်နယ်ကို ကျော်ပြီး ပရမတ္ထ သစ္စာ တရားတွေကို ထိုးထွင်း သိမြင်ပြီး ကိုယ်တွေ့ ဉာဏ်တွေ့ တွေ့တဲ့ အဆင့်ကို တက်တာ။ တိတ်ဆိတ် ငြိမ်သက်နေတဲ့ စိတ်နှင့် ထိုးထွင်း သိမြင် ထိတွေ့ ရတဲ့ အတွေ့ အကြုံဟာ စကားလုံးတွေ ပညတ်တွေကို သုံးပြီး ပြောနေ ကြတာတွေနဲ့ ခိုင်းနှိုင်းပြီး ပြောရင် ဘာမှ မဆိုင်၊ ဘာမှ မပတ်သတ် သလိုပဲ။ ကျွန်တော့် စိတ်ထဲ ဒီနေရာမှာ ခု ဖော်ပြ သင့်တယ်လို့ ထင်တဲ့ ကိစ္စကတော့ ဘာကိုမှ မျက်စိမှိတ်ပြီး အကန်း ယုံသလို မယုံကြည် ကြဖို့ပါ။ တရား အားထုတ်ရင်း မှာပဲ ခင်ဗျားတို့ရဲ့ အတွေ့ အကြုံ အရကို လေးနက် မှန်ကန်တဲ့ အသိဉာဏ် ပညာမျိုး ဖြစ်ပေါ် လာပါ လိမ့်မယ်။

ဝေါဟာရ ပညတ် တွေကို ခင်ဗျားတို့ သိတာ မသိတာက အရေးကြီးတာ မဟုတ် ပါဘူး။ တချို့ အဆင့်မြင့် ယောဂီတွေဟာ စာတွေ သိပ်ဖတ်မနေ ပါဘူး။ စာအုပ်တွေ ကိုလည်း ဘယ်တော့မှ မလေ့လာ ပါဘူး။ ပြီးတော့ သူတို့ဟာ သိပ်ပြီး ဉာဏ် ထက်မြက် သူတွေလည်း မဟုတ် ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဆရာ့ သြ၀ါဒကို ခံယူတယ်။ ပြီးတော့ ဆရာ ခိုင်းတဲ့အတိုင်း တစ်သွေ မသိမ်း လုပ်ကြတယ်။ သူတို့ ခန္ဓာ အစဉ်မှာပဲ တရားဓမ္မ အလုံးစုံဟာ သူ့အလိုလို ဖွင့်လှစ် ဖော်ပြ လာကြတယ်။ သူတို့ဟာ ဉာဏ်စဉ် အဆင့်ဆင့်ကို သူတို့ကိုယ်တိုင် ထိတွေ့ ခံစား သိမြင် ကြရတယ်။ ဒါပေမယ့် ဒီအတွေ့ အကြုံတွေကို သူတို့ရဲ့ တိတ်ဆိတ်တဲ့ စိတ်နဲ့ နားလည်လိုက် တာကိုတော့ ပြန်ပြောဖို့ စကားလုံးတောင် မရှိဘဲ ဖြစ်နေ တတ်ကြပါတယ်။ အရေးကြီး ဆုံးကတော့ စိတ်အထင် စိတ်အတွေး တွေက လွတ်မြောက်တဲ့၊ စိတ်အထင် စိတ်အတွေး မဟုတ်တဲ့ သစ္စာတရားကို မိမိတို့ရဲ့ အဇ္ဈတ္တ သန္တာန်မှာ ကိုယ်တွေ့ ဉဏ်တွေ့ တွေ့ဖို့သာ ဖြစ်ပါတယ်။

>>> ဆက်ရန်

>>> ဆရာ ဦးဆန်းလွင်နှင့် ဆရာ ဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေပါသည်။


လေးစားစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP