* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 3, 2009

အချစ်ကစိမ်း၍ ဒုက္ခငြိမ်းသည်…

03,05,2009


မပြီးဆုံးနိုင်သော အချစ်အကြောင်းအရာများ……. အချစ်ကြောင့် ဒုက္ခရောက်သူများ ရှိသလို အချစ်ကြောင့် ဘ၀ပျော်ရွှင် ငြိမ်းချမ်းမှု ရရှိခဲ့သူများလည်း ရှိကြပါတယ် ၊ တဖက်သတ်အချစ်ဟာ ဆိုးသလို နှစ်ဖက်မျှ အချစ်ဟာလည်း ပြီးပြည့်စုံတဲ့ ကောင်းမြတ်ခြင်းလို့တော့ ဆိုနိုင်မှာ မဟုတ်ပါဘူး၊ ပေးဆပ်မှုတွေ များသလောက် မျှောင်လင့်ချက်ကလည်း များကြပြန်ပါတယ်၊ မျှောင်လင့်ချက်များတဲ့ အချစ်ဟာလည်း စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ဝေးနေတတ်ပြန်တယ်……..

ဘုရားရှင်လက်ထက်တော် အခါက ၀ိသာခ ဆိုတဲ့ အမျိုးသား တယောက်ရှိပါတယ် (၀ိသာခါ ကျောင်းအမကြီး မဟုတ်ပါ ) သူ့မှာ အရမ်းချစ်ရတဲ့ ဇနီးချော တယောက်ရှိတယ်၊ သူတို့ ဇနီးမောင်နှံရဲ့ လိုက်ဖက်ညီမှု ဇနီးချော ဓမ္မဒိန္နာရဲ့ ခင်ပွန်းယောကျာင်္း အပေါ် အလိုက်သိမှုတွေက ရာဇဂြိုဟ်မြို့မှာတော့ ပြောစမှတ်တွင်လောက်အောင်ကို ဖြစ်ရပါတယ်၊ လက်ထပ်ပြီးတဲ့ အချိန်ကစလို့ အလုပ်သွားတဲ့ ခင်ပွန်းအပြန်ကို အိမ်ပေါက်ဝမှာ အပြုံးနဲ့ လက်ကမ်းကြိုဆို တတ်ပါတယ်၊ မောမောနဲ့ အလုပ်ကပြန်လာတဲ့ ခင်ပွန်းယောင်္ကျားအတွက် ဖွယ်ဖွယ်ရာရာ ဟင်းတွေကို အမြဲချက်ပြုတ် ကျွေးမွေးတတ်တဲ့ ဇနီးလိမ်မာလည်း ဖြစ်ပါတယ်၊ သူတို့မှာတူညီကြတာကတော့ ရတနာသုံးပါးအပေါ် အထူးသက်ဝင်ယုံကြည်ကြတာပါပဲ၊

ဘုရားကျောင်းကို မကြာမကြာသွားရောက် လှူဒါန်းပြီး တရားနာလေ့ရှိပါတယ်၊ တတ်နိုင်သလောက် အချိန်ရသလောက်လဲ တရားအားထုတ်ကြပါတယ်. ဘ၀များစွာက ဖြည့်စီးလာခဲ့တဲ့ တရားအားထုတ်တဲ့ အလေ့အကျင့်တွေက သူ့တို့အတွက် အထောက်အကူ များစွာဖြစ်စေခဲ့ပါတယ်၊ ဘ၀တိုင်း ဆုံတွေ့ချင်လို့ ကောင်းမှုတွေ စိတ်တူ ကိုယ်တူ ပြုကြတယ်လို့ ပတ်ဝန်းကျင်က တီးတိုးပြောသံကိုလဲ ကြားရပြန်ပါတယ်၊ ( ဇနီးမောင်နှံ သို့မဟုတ် ချစ်သူနှစ်ယောက် ဘ၀တိုင်း ဆုံတွေ့ချင်ရင် ၁.ယုံကြည်မှုတူညီရမယ် ၊ ၂. ကိုယ်ကျင့်တရားတူညီရမယ် ၊ ၃. စွန့်ကြဲပေးကမ်းတာ တူညီရမယ်.၊ ၄. ပညာတူညီရမယ် .ဒီလေးချက်ပြည့်စုံရင် ဘ၀တိုင်းမှာ ဆုံတွေ့နိုင်ပါတယ်လို့ ဗုဒ္ဓမိန့်မှာတဲ့ စကားက ရှိနေတာကိုး)

ဒီနေ့တော့ ၀ိသာခတယောက် အလုပ်နားရက် ဖြစ်တာမို့ ဘုရားရှင် သီတင်းသုံးနေတဲ့ ကျောင်းကိုသွားပြီး တရားနာယူပါတယ်၊ ပြီးတော့ဆိတ်ငြိမ်တဲ့ နေရာလေးမှာ တရားနှလုံးသွင်းနေလိုက်တာ အနာဂါမိ မဂ်ဖိုလ်ကို ရလို့ အနာဂါမ်ဖြစ်သွားခဲ့တယ်. အရင်ကတော့ အိမ်အပြန်လမ်း အိမ်အ၀င်ခြေလှမ်းတွေက အပြုံးတွေဝေပြီး သွက်နေခဲ့သလောက် ဒီနေ့တော့ ငြိမ်သက်တဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲကို ၀င်လာပါတယ်၊

ဇနီးချော ဓမ္မဒိန္နာကတော့ နေ့စဉ်ကြိုနေကြ အပြုံးနဲ့ လက်ကမ်းကြိုဆိုတယ်။ ဒီနေ့မှာတော့ လင်တော်မောင် ၀ိသာခတယောက် ဇနီးချောရဲ့လက်ကို လှမ်းမကိုင်ဘဲ အိမ်ထဲကို ခေါင်းငိုက်လို့သာ ၀င်သွားခဲ့တယ်၊ ဒီနေ့.. မောင် ဘာများဖြစ်ပါလိမ့် အရင်နေ့က မောင့်အပြုအမူတွေက ဒီလိုမှ မဟုတ်တာ ဒီနေ့ ဘယ်လိုများဖြစ်တာပါလိမ့် ကျွန်မ ဘာများ အမှားလုပ်မိပါလိမ့်… အတွေးတွေနဲ့ ချာချာလည်နေရသူက ကျွန်မ ဓမ္မဒိန္နာ……

ထမင်းပွဲတွေ သေသေချာချာ ပြင်ဆင်ပြီးတော့ မောင်ရေ ထမင်းစားရအောင် လို့သွားခေါ်တော့.. ငြိမ်သက်တဲ့ ခြေလှမ်းတွေနဲ့သာ လိုက်လာတယ် စကားတခွန်းမှ မပြောခဲ့ …… အရင်တုန်းကဆို…. ကျွန်မချက်တဲ့ ဟင်းတွေကောင်းလွန်းလို့ ချိုသာကြည်မြတဲ့ အသံနဲ့ ချီးမွမ်းစကားတွေ ပြောတတ်တဲ့မောင် … ကျွန်မလည်း မနေနိုင်တော့လို့ မောင့်ကိုဖွင့်ပြီး မေးလိုက်တယ်….

မောင့်အမူအရာတွေ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ ကျွန်မ ဘာတွေများအမှားလုပ်မိလို့လဲ ကျွန်မအပေါ် မကျေနပ်တာရှိရင် ပြောပါ.. ဆိုတော့…. ရှင်မ ရှင်မမှာ အပြစ်မရှိပါဘူး ဒါပေမယ့် ဒီနေ့ကစလို့ ရှင်မနဲ့ မောင် အတူသွား အတူစား အတူအိပ်ဖို့ မသင့်တော်တော့.. ဒီအိမ်မှာရှိတဲ့ ပစ္စည်းတွေကို ရှင်မကြိုက်သလောက်ယူပြီး နောက်အိမ်ထောင် ပြုလိုက ပြုနိင်ပါတယ်…..
ကျွန်မခေါင်းတွေ ချာချာလည်သွားတယ် မောင့်စကားတွေက အရမ်းကိုထူးဆန်းနေတယ် မဟုတ်လား. ကျွန်မလဲ စိတ်ကို ငြိမ်အောင်ထားပြီး ..မောင် ဘယ်လိုများဖြစ်လို့ပါလဲရှင်…. ဟုတ်ကဲ့.မောင် အနာဂါမိ မဂ်ဖိုလ်ကိုရလို့ အနာဂါမ်းဖြစ်သွားခဲ့ပြီလေ……..

အော် ခုတော့.. အချစ်ဆုံးမောင်က ကျွန်မကို ထားရက်ခဲ့ပြီး ပြီးတော့ မောင်ပြောတဲ့စကားက နောက်အိမ်ထောင်ပြုချင်လဲ ပြုပါတဲ့….. အချစ်ဆုံးမောင်ရဲ့ စိမ်းကားမှုကို ခံခဲ့ရတဲ့ ကျွန်မ.. မောင်စွန့်ပစ်တဲ့ ဒီပစ္စည်းတွေ လောကစီးစည်တွေကို ကျွန်မ ဘာလုပ်ရမှာလဲ ကျွန်မစိတ်မ၀င်စားဘူး မောင်ကိုယ်တိုင်က စိမ်းကားပြီး ထားရစ်မှတော့ ကျွန်မကလဲ မောင်လိုပဲ သာသနာ့ဘောင်ဝင်မယ်လို့ ဆုံးဖြတ်ပြီး………… မောင်. ကျွန်မကို ဘိက္ခုနီကျောင်း ပို့ပေးပါ ရဟန်းမ( ဘိက္ခုနီမ ) ၀တ်တော့မယ်လို ပြောလိုက်တော့ အနာဂါမ်ဖြစ်တဲ့သူက ၀မ်းသာအားရ လိုက်ပို့ပေးတယ်. အချစ်ရဲ့ အစိမ်းကားခံခဲ့ရတဲ့ ကျွန်မကလဲ သာသနာဘောင်ဝင်ပြီ ဆိုကတည်းက တောရကျောင်းလေးမှာနေပြီး တရားအားထုတ်လိုက်တာ မကြာခင် ရဟန္တာဖြစ်ခဲ့တယ်. အချစ်ရဲ့ စိမ်းကားမှုက ဒုက္ခတွေကို ငြိမ်းစေခဲ့တယ်လေ… စိမ်းကားခြင်းဟာ မှန်မှန်ကန်ကန် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သူအတွက် တန်ဖိုးတွေ မဖြတ်နိုင်အောင်ပါပဲလေ။။။

(ဓမ္မဒိန္နာ ၀တ္ထုကို ခံစားရေးဖွဲ့သည်၊ လူသားတိုင်း ကြုံလာသမျှ လောကဓံကို အကောင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါစေ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP