* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 3, 2009

ဘေးနားမှာ မည်သို့သောသူတွေ ရှိနေသနည်း...

သင်တို့၏ လက်တွဲဖော် အတူသွားဖေါ်...
ဘေးနားမှာ မည်သို့သောသူတွေ ရှိနေသနည်း...
သတိတရ ဆင်ခြင်နိုင်ကြစေရန်...။


စင်္ကမသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
ရာဇဂြိုဟ်ပြည် ဂိဇျွကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏၊

ထိုအခါ ...

အရှင် သာရိပုတ္တရာသည် များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

အရှင် မဟာမောဂ္ဂလာန်သည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

အရှင် မဟာကဿပသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

အရှင် အနုရုဒ္ဓါသည်းလည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

အရှင် ပုဏ္ဏသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံ သွား၏၊

အရှင် ဥပါလိသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

အရှင် အာနန္ဒာသည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏၊

ဒေဝဒတ်သည်လည်း များစွာသော ရဟန်းတို့နှင့်အတူ
မြတ်စွာဘုရား၏ မနီးမဝေး၌ စင်္ကြံသွား၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
ရဟန်းတို့ များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော သာရိပုတြာ ကို သင်တို့ မြင်ကုန်၏လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် ကြီးသော ပညာရှိကုန်၏။

ရဟန်းတို့ များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော မောဂ္ဂလာန် ကို သင်တို့ မြင်ကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ ကုန်၏ ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့ သည် ကြီးသော တန်ခိုးရှိကုန်၏။

ရဟန်းတို့ များစွာသော ရဟန်းတို့နှင့် အတူ စင်္ကြံသွားသော ကဿပကို သင်တို့ မြင်ကုန်၏လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန် ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် ဓုတင်ကို ဆောင်ကုန်၏။

ရဟန်းတို့များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော အနုရုဒ္ဓါကို သင်တို့ မြင်ကုန်၏လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန် ၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် နတ်မျက်စိနှင့် တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ကို ရကုန်၏။

ရဟန်းတို့ များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော မန္တာနီ ပုဏ္ဏေးမ၏ သားဖြစ်သော ပုဏ္ဏကို သင်တို့ မြင်ကုန်၏လောဟု (မေး တော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် တရားဟော 'ဓမ္မကထိက' တို့ ဖြစ်ကုန် ၏။
ရဟန်းတို့ များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော ဥပါလိကို သင်တို့ မြင်ကုန်၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား မြင်ပါကုန်၏ ဟု လျှောက်ကုန်၏။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် ဝိနည်း ကို ဆောင်ကုန်၏။

ရဟန်းတို့ များစွာသော ရဟန်းတို့နှင့်အတူ စင်္ကြံသွားသော အာနန္ဒာကို သင်တို့ မြင်ကုန်၏လော ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန် ၏ ဟု (လျှောက်ကုန်၏)။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် များသော အကြားအမြင် ရှိကုန်၏။

ရဟန်းတို့ များစွာသော ရဟန်းတို့နှင့် အတူ စင်္ကြံသွားသော ဒေဝဒတ်ကို သင်တို့ မြင်ကုန်၏လောဟု မေးတော်မူ၏။ အသျှင်ဘုရား မြင်ပါကုန်၏ ဟု လျှောက်ကုန်၏။ ရဟန်းတို့ အလုံးစုံသော ထိုရဟန်းတို့သည် အလို ဆိုး ရှိကုန်၏။

ရဟန်းတို့ သတ္တဝါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တ သားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တ ပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး 'အတိတ်' အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အား ဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် 'အနာဂတ်' အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အား ဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့ သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိ ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံး သွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု 'ပစ္စုပ္ပန်'အခါ၌လည်း သတ္တဝါတို့သည် ဓာတ်အားဖြင့် သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန် သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံး သွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန် ၏ ဟု (ဟောတော်မူ၏)။99

၅ - စင်္ကမသုတ်၊ ဒုတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP