* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 27, 2009

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်၏

မြေဇင်းတောရ ဆရာ့ထံမှ

ဆည်းပူးပညာ နည်းယူကာဖြင့်

ကျင့်ကြံပွားများ ထိုတရားကို

နောင်လာနောက်သား သိစေသားလို့

ဘုရားသားတော် မည်တော်ရသည့်

အရှင်တိက္ခ ဆောင်ရွက်လေသည်။

သုံးဆယ်တစ်ဘုံ သတ္တ၀ါအစုံ

သုံးဖြာစေတနာ ရှေ့မှာထား၍

သာသနာကျိုး သယ်ပိုးရွက်ခါ

ဝါတော်တစ်ဆယ် ရောက်ခဲ့လေပြီ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ဥာဏ်နှင့်လွှာကာ

ဆင်ခြင်ပြုတော့ သက်တော်၃၁သို့

တိုင်ခဲ့လေပြီ။


အိုခြင်းတရား မပျက်သေးခင်

မေတ္တာတရား ရှေ့ဝယ်ထား၍

တရားပြခါ ကယ်ချွတ်မည်ဟု

ဘုရားသားတော် အရှင်တိက္ခ

ကြံဆောင်ပြုသည် သတ္တ၀ါ အပေါင်း

မြတ်တရားထူး ရစေသတည်း ။

ကဆုန်လမြတ် နှစ်ဆယ့်ခွန်ဝယ်

ဘုရားကျေးဇူး တရားထူးနှင့်

မြတ်သောအလှူ ပြုလိုက်လေသည်။


မွေးနေ့ပိုင်ရှင် ဆရာတော်အား

တရားချစ်ခင် တပြည့်တော်သည်

သဒ္ဓါရိုကျိုး လက်စုံမိုး၍

ကန်တော့ပန်းနှင့် ခွန်းခြွေဆက်ဧ။်

ပျော်ရွှင်စရာ မွေးနေ့ပိုင်ဆိုင်

ပါစေသတည်း။




ဘုန်းဘုန်းဦးတိက္ခဧ။် မွေးနေ့ရက်မြတ် ၂၇.၅.၂၀၀၉ နေ့အား ဤကဗျာအား မွေးနေ့လက်ဆောင်အဖြစ်
ပူဇော်ပါသည်။








0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP