* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 27, 2009

ခရီးသွားမှတ်တမ်း(၂)





မြ ဘုရားအတွင်း
မြ ဘုရား
မြဘုရား တံတိုင်း
မြဘုရားအရှေ့က မြင်ကွင်း
ဘန်ကောက်မြို့အတွင်းတစ်နေရွာ
လေဆိပ် မြင်ကွင်း
လေဆိပ်အတွင်း
ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်မြင်ကွင်း
ဘန်ကောက်အဲယားလိုင်း လေယာဉ်ပေါ်မှ ဘန်ကောက်မြို့ ရှုခင်း
ဘန်ကောက်အဲယား လေယာဉ်ကြီးပေါ်တွင် ထိုင်းလေယာဉ်မယ်များရဲ့ ၀န်ဆောင်မှုကတော့ အလွန်ကောင်းပါတယ်။ မကြာမီ စားစရာများကို လာရောက်ချပေး ပါတယ်။ နေ့ ၁၂ နာရီကျော်လျှင် အစာမစားဘဲ ရှောင်ကြဉ်ရတဲ့ ၀ိကာလဘောဇန သိက္ခာပုဒ်က ရှိတဲ့အတွက် လာရောက်ချပေးတဲ့ အစာများ စားချင်သော်လည်း မည်သို့မျှ လက်ရာမပျက်ခဲ့ပါ။ လေယာဉ်ကြီးစီးလို့ တစ်နာရီခန့်ကြာတဲ့အခါမှာ bangkok airline လေယာဉ်ကြီး ဘန်ကောက် သုဝဏ္ဏဘုမ္မိ လေဆိပ်သို့ ဆိုက်ရောက်ပါသည်။ လေဆိပ်ရောက်တော့ ညွန်ထားတဲ့ အတိုင်း အင်မဂေးရှင်း ကောင်တာ ရှိရာသို့ သွားကြပါတယ်။ imagration ကိုဖြတ်ပြီးတဲ့ အခါ ပစ္စည်းရွေးဖို့အတွက် baggage climb ကိုကြည့်ရပါတယ်။ အဲဒီမှာ ကိုယ်စီးလာတဲ့ လေယာဉ်နံပါတ်(PG.0702) နှင့်အတူ ပစ္စည်းရွေးရမယ့် နေရာကို ရှာရတယ်။ ကိုယ့် baggage ရွေးရမဲ့နေရာက 24 မှာပါ။ ပစ္စည်းရွေးစရာရှိရွေးပြီး၊ လေဆိပ်အပြင်ဖက် ထွက်လာ ခဲ့တယ်။ လာကြိုမဲ့သူကို မျှော်တော်ဇောနဲ့ ရှာဖွေမိပါတယ်၊ တစ်နာရီခန့်ကြာသွားပါတယ်။ ပေါ်မလာခဲ့ပါ။

သို့နှင့် လေဆိပ်တွင် အင်္ဂလိပ်စကားတတ်တဲ့ ထိုင်းနိုင်ငံသား တစ်ယောက်ကို အကူအညီတောင်းပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံသားများရဲ့ ရဟန်းတော်များအပေါ် စေတနာပါပါဖြင့် ကူညီတာကို တွေ့ရပါတယ်။ စာရေးသူတို့ သွားရမဲ့ လိပ်စာကို ထိုထိုင်းနိုင်ငံသားမှ တဆင့် Taxi သမား နဲ့ ပြောဆိုကြပြီး ဒီTaxi သမားကိုပဲ တည်းခိုမဲ့နေရာ အရောက် လိုက်ပို့ခိုင်းရပါတယ်။
လူဆိုတာ အမျိုးမျိုးအဖုံဖုံပါ လူတိုင်းကိုတော့ ကိုယ်စိတ်နဲ့နှိုင်းပြီး တွက်ထားမယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ယခုလည်းပဲ လာကြိုမယ်ဆိုလို့ အွန်လိုင်းကနေ contact လုပ်ထားပေမယ့် ထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါ။ ကိစ္စတစ်ခုခုကြောင့်များလား လို့တွေးကြည့်ပြန်တော့လဲ မဖြစ်နိုင်၊ တကယ်လို့ လာကြိုမဖြစ်ဘူးဆိုရင်လည်း ကြိုတင်အကြောင်းကြားရမှာဖြစ်တယ်။နောက်တော့ သိရတာ က လာကြိုမဲ့သူက လာမကြိုဘဲ အယုဒ္ဓယကို တက်သွားတယ်လို့ ပြောပါတယ်။
ဒါဟာ စာရေးသူတို့ကို ခရီးသွားရာမှာ ပညာရလိုက်ခြင်းပဲဖြစ်ပါတယ်။ နောက်သိလိုက်ရတာက လာကြိုမဲ့သူဟာ ဘာသာခြားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပါပဲ ရှိစေတော့။
ဒီလိုနဲ့ သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ Bangkok မြို့အတွင်းသို့ ၉၆၉၆ သုံးပြီး ကိုယ့်အစီအစဉ်ဖြင့် လာခဲ့ကြပါတယ်။
အဲဒီမှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရဲ့ ထူးခြားတဲ့ အရာတစ်ခုက အကယ်၍ လမ်းမှားလို့ဖြစ်စေ၊ လမ်းကျော် သွားလို့ပဲ ဖြစ်စေ ၊ နောက်ထပ် တစ်နာရီခန့်အနည်းဆုံး ပြန်ပတ်ရပါတော့တယ်၊
ဘန်ကောက်မြို့အတွင်း လည်ပတ်မယ်ဆိုပါရင် တစ်နေ့ကို တစ်နေရာလောက်ပဲ ကောင်းပါတယ်တဲ့၊ ဘာကြောင့်တုန်းဆိုရင် ကား အသွားအလာလမ်းက ရှုပ်လွန်းလို့ဖြစ်ပါတယ်။ ဘန်ကောက်မှာ တစ်နေရာ သွားမယ်ဆိုပါရင် ကားစီးရတာ အနည်းဆုံး တစ်နာရီ ခွဲ၊ နှစ်နာ ရီခန့် စီးရပါတယ်။ ကားစီးတဲ့အခါ ထူးခြားချက်တစ်ခုက ကားဟွန်း တီးလေ့ မရှိတာကို တွေ့ရပါတယ်။ သွားချင်တဲ့နေရာကို ရောက်ဖို့အတွက် ကားစီးရတာက အကြာကြီး စီးရတယ်။(ကိုယ့်နိုင်ငံမှာဆိုရင်တော့ ဟွန်းမတီးရ ဇုံဆိုပြီး သတ်မှတ်ထားပေမယ့် ဟွန်းတီးလားတီးရဲ့၊ ထိုင်းနိုင်ငံမှာတော့ မြို့တော် Bangkok မြို့တွင်းမှာသာမဟုတ်၊ Bangkok မှ Chiang mai သွားတော့လည်း ဒီအတိုင်းပဲ ကားဟွန်း တီးတာ လုံးဝမတွေ့ရပေ၊ ညကားဖြစ်နေလို့လားတော့မသိပါ။
သို့နှင့်ဘန်ကောက်မြို့တည်းခိုမဲ့နေရာဆီသို့ ချောချောမောမောပဲ ရောက်ရှိခဲ့ပါတော့တယ်။ စာရေးသူတို့ တည်းခိုမဲ့နေရာက လူနေတိုက်ခန်းတစ်ခုပါ။ ရုတ်တရက်တော့ စိတ်ကျဉ်းကြပ်တယ်၊ဒါပေမဲ့ ကိုယ့်နိုင်ငံမဟုတ်တော့ တတ်နိုင်ဘူးလေ။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးများ ဟော်တည်မတည်းရ လို့ ပြောပါတယ်။ ဟော်တယ် တည်းခိုခွင့်မရှိတဲ့ အတွက် ထိုင်းဘုန်းတော်ကြီးကျောင်းများမှာ တည်းခိုလို့ရမလား ဆိုတော့ မြန်မာဘုန်းကြီး ဆိုလျှင် ထိုင်းဘုန်းကြီးကျောင်းက အများအားဖြင့် တည်းခိုခွင့်မပေးပါ။ (သတိပြုစရာတစ်ခုပါ)။
ဘန်ကောက်မြို့အတွင်း တစ်ညတာ တည်းခိုပြီးနောက် ဘန်ကောက်မြို့အတွင်း လည်ပတ်ဖို့အတွက် ပါလာတဲ့ ဆရာတော်တစ်ပါးရဲ့တပည့်တစ်ဦးက ဘန်ကောက်မှာ နေတာကြာပီဖြစ်တဲ့အတွက် ဒကာရဲ့ အကူအညီနဲ့ နေ့လည်ဖက်မှာ ထင်ရှားတဲ့ နေရာတွေကို လည်ပတ်ခဲ့တယ်။ ဒကာနာမည်က ကိုကျော်ဌေး လို့ခေါ်ပါတယ်။
ဘန်ကောက်မြို့က မြ ဘုရား
ပထမဦးစွာ ထင်ရှားတဲ့ မြဘုရားကို သွားရောက်ဖူးမျှော်ကြပါတယ်။ မြ ဘုရားဝင်းအတွင်း ၀င်တယ်ဆိုရင်ပဲ ထိုင်းစစ်သားများက ဘယ်ဖက်အဆောင်တစ်ခုအတွင်း နေရာယူကာ စောင့်ကြပ်နေကြတာ ကို မြင်ရတယ်။ ပြည်ပမှ လာရောက်လည်ပတ်ကြတဲ့ forainer နိုင်ငံခြားသား များကို အရောင် အသွေး အမျိုးစုံ လူမျိုးစုံ တွေ့မြင်ခဲ့ရပါတယ်။
ယခင်ဆိုလျှင် မြဘုရား ကိန်းဝပ်စံရာ ကျောင်းဆောင်ကို တနင်္ဂနွေနေ့မှ ဖွင့်ပါတယ်။ ယခုတော့ စနေနေ့မှာ ဖွင့်နေတော့ စာရေးသူတို့အတွက် ကံကောင်းသည် ဟု ပြောဆိုရပေမည်။ ဘုရားအား ဖူးမျှော်လိုက်ရတယ်ဆိုရင်ပဲ အမေပြောတဲ့ အမောပြေဆိုတာ လို ပမ်းသမျှ လန်းဆန်းခဲ့ရပါတော့တယ်။
နိဂုံးလေးပြောချင်တာက မြ ဘုရားနဲ့ ပတ်သက်ပြီး လာအိုနိုင်ငံ Vientain မြို့နဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတာကို Vientain မြို့မှ အထောက်အထားတစ်ခုအရ တွေ့ရပါတယ်ဆိုတဲ့ အကြောင်း နောက်ပိုင်းမှာ အကျယ်ချဲ့ပြီး ဓါတ်ပုံနဲ့တကွ တင်ပေးပါ့မယ်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP