၂၂။ကောသလမင်းတို့ ၏ သေတဗျမြို့ ၏မြောက်ဖက် ယင်းတိုက်တော၌ ပါယာသိမြို့ စားနှင့် ပရိတ်သတ်အား ရှင်ကုမာရကဿပဟောသော လူလွန် မတွေးသင့်ကြောင်းတရား
“ဘာ့ကြောင့် သည်လိုယူတာလဲ မြို့ စား။ သည်လိုဆိုလျင် နေနဲ့ လ ကို ဘယ်လောကလို့  ယူမလဲ၊ သူတို့ ဟာ လူလား၊ နတ်လား၊ ဘယ်လိုသင်ယူမလဲ”
“အေး- ဘုရား။ ဒါတွေဟာ သည်လောကလည်းမဟုတ်။ လူလည်း မဟုတ်တွေပါပဲ။ ဒါပေမယ့် မရှိလူး လို့ တော့ ထင်တုန်းပဲ”
“ဘယ်အကြောင်းနဲ့  ထင်တာလဲ မြို့ စား”
“မကောင်းမှုပြုကြတဲ့ မိတ်ဆွေသားချင်းတွေ သေခါနီးမှာ၊ သွားမှာပါတယ်။ မင်းတို့  မကောင်းသူတွေ သေလျင် ငရဲကျတယ်- လို့  ရဟန်းတွေက ပြောတယ်။ တကယ်ကျလျင် ငါ့ကိုလာပြောစမ်း လို့ ပါပဲ။ အေးလို့ သူတို့ ဝန်ခံပြီး တစ်ယောက်ကမှ လာမပြောကြဘူး။ ဒါကြောင့်လည်း ထင်တာပဲ အရှင်”
“မြို့ စား စဉ်းစားပါ။ အသတ်ခံရလုဆဲဆဲ လူဆိုးက ငါ့ ဆွေမျိုးသားချင်းတွေဆီ သွားပါရစေ ဆိုလျင် ခွင့်ပြုကြမလား”
“အေး- ဘုရား။ မရှိသူ- လို့ တော့ ထင်တုန်းပဲ ဘုရား”
“ဘယ်လိုအကြောင်းနဲ့ လည်း မြို့ စား”
“ကောင်းမှုရှိကြတဲ့ သားချင်းတွေ သေခါနီးမှာလည်း မှာတယ်။ ကောင်းမှုပြုလျင် နတ်ဖြစ်တယ်- ပြောကြတယ်။ ဖြစ်လျင် လာပြောကြစမ်းပါ - လို့ ပဲ။ အေး- လို့  သူတို့  ဝန်ခံပြီး မပြောလာတာကြောင့်ပါ အရှင်”
“မြို့ စား စဉ်းစားပါ။ မစင်တွင်းထဲကတက်ပြီး ညစ်ပတ်ပေကျံနေတာကို အမျိုးမျိုးသုတ်သင်၊ ရေချိုး၊ နံ့ သာလိမ်း၊ အသန့် အရှင်း ဝတ်စရာ၊ စားစရာတွေနဲ့  နေသူဟာ မစင်တွင်း ပြန်မဆင်းလောက်တော့ဘူး- မဟုတ်လား။ နတ်နဲ့ လူဟာ ဗိမာန်နဲ့  မစင်တွင်းလို ကွာတယ် မဟုတ်လား။ ပြီးတော့လည်း နတ်သက်က ရှည်လှတယ်။ လူ့ ပြည်နှစ်တစ်ရာ တာဝတိံသာက တစ်ရက် တစ်ညဆိုတော့ နတ်ပြည်ရောက်ပြီး နှစ်ရက်သုံးရက်လောက် နတ်စည်းစိမ်ခံစားပြီးမှ မှာတာကို သွားပြောမယ် ကြံလို့  မရောက်တာလည်း ဖြစ်နိုင်တယ် မြို့ စား”
“တာဝတိံသာနတ်ရှိကြောင်းနဲ့  နတ်သက် သည်လောက်ရှိကြောင်း အရှင်ဘုရားကို ဘယ်သူ ပြောပါသလဲ၊ အဲဒါတွေ မယုံနိုင်စရာတွေ ဖြစ်ပါတယ်။”
“မြို့ စား၊ ဝမ်းတွင်းကန်းဟာ ဘယ်အရောင် အဆင်းကိုမှ မမြင်ဘူး။ သည်လို အဆင်းမမြင်ဘူးတဲ့ ဝမ်တွင်းကန်းက အဆင်း ဆိုတာသူမသိ။ ဒါကြောင့် အဆင်းဆိုတာ မရှိဘူးပြောလျင် မမှန်ဘူး။ အဆင်းကို မျက်စေ့ ရှိသူတွေ မြင်ကြတယ်။ သည်အတိုင်းပဲ နတ်ဟာ ရိုးရိုးမျက်စေ့နဲ့  မမြင်ရဘူး။ ဦးဏှောက်ရှိသူမှ မြင်ရတာ ဖြစ်တယ်”
“ဒါပေမယ့် ဘုရား၊ တခြားအကြောင်းတွေလည်း ရှိပါသေးတယ်”
“ရှိတာကို ဆိုပါမြို့ စား”
“အကျင့်ကောင်း သာမဏ၊ ဗြာဟ္မဏတွေဟာ သူတို့ သေပြီး သည်လောကထက် မွန်မြတ်ရာရောက်မယ်- လို့  ယုံကြည်ကြတယ်ဆိုပြီး၊ မြန်မြန် ရောက်အောင် ဘယ်သူမှ သတ်မသေကြဘူး။ ဒါလည်း အကြောင်းဘဲ မဟုတ်လား ဘုရား”
“မြို့ စား စဉ်းစားပါ။ သေသွားတဲ့ ပုဏ္ဏားရဲ့ မယားငယ်ဟာ မယားကြီးရဲ့ သားဖြစ်သူက သေသူ ပုဏ္ဏား စည်းစိမ်တွေ သူပိုင်တယ်၊ သူ့ အပ်ရမယ်ဆိုတော့ မယားငယ်က ပြန်ပြောတယ်၊ ငါ့ဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေတယ်၊ မွေးလာတဲ့ ကလေးဟာ သားဖြစ်လျင် ပုဏ္ဏားကြီး စည်းစိမ်ရဲ့ တဝက်ပဲ မင်းပိုင်တယ်။ တစ်ဝက်ကို ငါ့သားပိုင်တယ်။ မွေးလာလို့  သမီးလေး ဖြစ်လျင် သည်ကလေးဟာ မင့်မယားဖြစ်မယ်- ပြောပေမယ့် မယားကြီးသားက အထပ်ထပ် စည်းစိမ် အပ်ဖို့ ပြောတာ မခံနိုင်လို့ မယားငယ်ဟာ သူ့ ဗိုက်ထဲက ကလေးကို ယောက်ျားလား၊ မိန်းမလား သိရအောင် သူ့ ဗိုက်ကို ဓါးနဲ့ ခွဲကြည့်တယ်။ သည်တော့ မိခင်နဲ့  ကလေးအသက်ကော ပိုင်ဆိုင်ရမယ့် စည်းစိမ်ရော အကုန်လုံး ဆုံးမကုန်ဘူးလား။ သမဏ၊ ဗြာဟ္မဏတွေဟာ မယားငယ် ပုဏ္ဏေးမလို မိုက်သူတွေ မဟုတ်ကြဘူး မြို့ စား”
“အရှင်ကုမာရကဿဘုရား- တပည့်တော်မှာ တခြားလောကမရှိ၊ တခြားလောကက ပြန်လာသူမရှိ၊ ကံအကျိုးမရှိ ယူဖို့  အခြားအကြောင်းတွေ အများအပြား ရှိနေသေးတယ်။ ဒါကြောင့် သည်အယူမှန်တယ်လို့  ထင်ပါသေးတယ်”
“အဲသည်အကြောင်းတွေ ပြပါမြို့ စား”
“သတ်ရမယ့်လူကို အိုးမှာ အလုံပိတ်၊ မီးရှို့ ပြီး သေမှ ဖွင့်ကြည့်တော့ ဘာမှ မတွေ့ တာလည်း တစ်ခုပါ ဘုရား၊ သတ်ရမယ့်လူကို ချိန်ထားပြီး၊ လည်ပင်းကို လေးကြိုးနဲ့ ချည်ပြီး ဘာမှ မထွက်အောင်သတ်တာ သေမှ ချိန်ကြည့်တော့ ပိုလေးနေတာ တွေ့ ရတာလည်း တစ်ချက်။ သတ်ရမယ့်သူကို လေးဘက်လေးတန်က ရိုက်နှက်ပုတ်ခတ်ခိုင်းပြီး အသက်ထွက်တာ ကြည့်ရာ မမြင်ရတာလည်း တစ်ချက်။ သက်ရမယ့်လူကို အရေ၊ အသား၊ အကြော၊ အရိုးများ တဖြည်းဖြည်း လှီးသတ်ပြီး အသက်ထွက်သည်ကို ကြည့်ရာ မတွေ့ သည်လည်း တစ်ချက်။ သည်အကြောင်းအချက်တွေကြောင့် အယူကို မစွန့် နိုင်ပါ။”
“မြို့ စား၊ အလုပ်အကျွေးများ အပြုစုခံစဉ် အိပ်ပျော်ပြီး အိမ်မက်မက်ဖူးမှာပါပဲ။ အိမ်မက်ထဲ ဥယျာဉ်၊ ရေကန်တွေမှာ သင်ပျော်နေတာကို သင့်လုပ်ကျွေးနေကြသူတွေ မမြင်နိုင် ကြတာနဲ့  သင့်အကြောင်း နံပါတ်(၁)ကို ကြည့်ရမယ်”
“သင့်အကြောင်း နံပါတ်(၂) အတွက် သံခဲမီးဖုတ်ပြီး ချိန်ကြည့်။ ပူတော့ပေါ့ပြီး အေးတော့ လေးတာနဲ့  ကြည့်ရမယ်။ နံပါတ်(၃) အကြောင်းအတွက် ခရုသင်းမှာ ဆံရှာသူပမာ ဖြစ်နေတာကို ကြည့်ရမယ်။ နံပါတ်(၄) အကြောင်းအတွက် ငြိမ်းသွားတဲ့ မီးကို လိုက်ရှာနေသူ ရသေ့လို ဖြစ်နေမှာကြည့်ရမယ်။ ဒါတွေကြောင့် မြို့ စား သင့်အယူနှစ်ခု အနက်က သေပြီနောက် မဖြစ်ဘူးအယူဟာ အစွန်းရောက်တဲ့ အယူနှစ်ခု အနက်က သေပြီးနောက်ဖြစ်တယ် ဆိုတဲ့ အယူလိုပဲ အစွန်းရောက်တဲ့ အယူတစ်ခုပဲ ဖြစ်တယ်”
“တခြားလောက မရှိဘူး - ဆိုတာလည်း တခြားလောကရှိတယ် ဆိုတာလိုပဲ အစွန်းရောက်တဲ့ အယူတစ်ခုဖြစ်တယ်”
“သည်လို အစွန်းရောက်တဲ့ အယူတွေရှိလို့  အလယ်ဗဟိုကျတဲ့ တကယ့်အမှန်တွေကို မမြင်တာ ဖြစ်ပြီး “ကံအကျိုးမရှိ” ယူမိတာပဲ။ အစွန်းမရောက်ဘဲ သည်လို အပေါ်တည့်တည့်ကြည့်လျင် ကံရဲ့ အကျိုးတွေ ခံစားနေကြရတာ အသေအချာဖြစ်တာ တွေ့ ရမယ်။ ဒါကြောင့် သင့်အယူတွေကို စွန့် ပါ မြို့ စား”
“တပည့်တော်က မစွန့် နိုင်ဘူး ဆိုလျင်ကော အရှင်”
“သည်လို ဆိုလျင် ရန်သူတွေက ရေနဲ့ နွားစာတွေ ရှေ့ မှာပေါတယ်” လို့  ပြောတာယုံပြီး ပါတဲ့ရေနဲ့  နွားစာတွေ စွန့် ခဲ့လို့  သူနဲ့ လည်းသားငါးရာပါ သေကျေပျက်စီးရတဲ့ လှည်းကုန် သည်မှူးလို ဖြစ်မှာပဲ”
“ဒါမှ မဟုတ် သူများရွာက မစင်အမြောက်အမြား စွန့် ပစ်ထားတာကို မြင်ပြီး ဝက်ကျွေးဖို့  ထုပ်ရွက်လာရာ လမ်းမှာမိုးမိပြီး တစ်ကိုယ်လုံး မစင်တွေ ပေကျံနေတာကို လူအများက အရူးလား မေးတော့ မစင်ဆိုတာ ဝက်စာပဲ လို့  ပြန်ပြောသူလို ဖြစ်မှာပဲ”
“ဒါမှ မဟုတ်လျင် ရှုံးမယ့်အန် မျိုပစ်တဲ့ အတွက် အန်ကို အဆိပ်လိမ်းပြီး ကစားတော့ ရှုံးမယ့်အဆိပ်လိမ်းအန် မျိုမိသူလို ဖြစ်မှာပဲ မြို့ စား”
“ဒါမှ မဟုတ်ဘူးဆိုလျင်လည်း ကျေးလက်ပြောင်းသွားပြီး ကျန်တဲ့ ပစ္စည်းယူသွားကြရာ၊ ပိုက်ဆံလျှော်ထုပ် ယူလာပြီး တခြားရွာမှာ အဆင့်ဆင့် တန်ဖိုးမြင့်တဲ့ ပစ္စည်းတွေကို အခါခါ တွေ့ ပေမယ့် ပိုက်ဆံလျှော်ထုပ် မစွန့် သူလို ဖြစ်မှာပဲ မြို့ စား”
“အရှင်ကုမာရကဿပဘုရား- နေနဲ့ လကို အရှင်ဘုရား မေးကတည်းက မသိတာပဲ လို့  သဘောပေါက်ပါတယ်။ လူကို လွန်သွားတဲ့ အစွန်းတွေကို တပည့်တော် ယူမိတယ် ဆိုတာ သဘောပေါက်ပါပြီ။”
“နောင်ဘဝ မရှိ- ဆိုတဲ့ လူကို လွန်ပြီး ယူမိလို့ ၊ လူမှာဖြစ်တဲ့ ကံရဲ့အကျိုးဖြစ်မှု အမှန်တွေကို သိမြင်မှုနဲ့  အလွဲကြီးလွဲပြီး ကံအကျိုးမရှိဘူး ဆိုတာယူမိကာ၊ အကျင့်ဆိုတာကို မသိ။ အကျင့်ကို ညွှန်ပြနေတဲ့ ဘုရား၊ တရား၊ သံဃာကို မသိ ဖြစ်ခဲ့ရတာပါ”
“အခု တပည့်တော်သိပါပြီ။ သရဏဂုံကိုလည်း ဆည်းကပ်ပါမယ်။ သီလလည်း ဖြည့်ကျင့်ပါမယ်။ အလှူခံတွေကိုလည်း ပူဇော် လှူဒါန်းပါမယ်။ တပည့်တော် အလှူကို စီမံရတဲ့ ဥတ္တရလူငယ်ဟာ တပည့်တော်ထက် မြင့်မြတ်တဲ့စိတ် ရှိနေတာ သိပါတယ်။ ဥတ္တရ လူငယ်ကိုလည်း လေးစားပါတယ်။ တပည့်တော်လည်း ကြိုးစားပါမယ့် အရှင်ဘုရား”
*** *** ***

0 comments:
Post a Comment