* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 9, 2009

နည်းပြ ဝိပဿနာ သင်ခဏ်းစာ အပိုင်း (၂)

ယခုလို ဝိပဿနာဥာဏ်နှင့် ခန္ဓာမှာ အမြင်မှန်ကို မရရှိကြသေးတဲ့ (အန္ဓပုထုဇဉ်) ပုဂ္ဂိုလ်တွေကတော့ ပူဒါနဲ့ လက်နဲ့၊ ပူဒါနဲ့ အသားနဲ့၊ ပူဒါ နဲ့ ငါနဲ့၊ ပူဒါနဲ့ ကိုယ်စသည် မကွဲကြပါဘူး။ အေးဒါလှုပ်ထာနဲ့ လက်ခြေနဲ့၊ အေးဒါလှုပ်ထာနဲ့ အသားနဲ့၊ အေးဒါလှုပ်ထာနဲ့ ငါနဲ့၊ အေးဒါလှုပ်ထာနဲ့ ကိုယ်စသည် မကွဲဘူးဖြစ်နေတတ်ပါတယ်။ ဥပမာ-ပူဒါကို လက်က ပူနေဒါ၊ အေးဒါ လှုပ်ထာကို လက်မှတ်နေတတ်ပါတယ်၊ ပူဒါ၊ အေးဒါ၊ လှုပ်ထာ ကို ခြေကလို့ မှတ်နေတတ်ပါတယ်။ အသား၊ အရေကလို့ မှတ်နေတတ်ပါတယ်။ ငါဖြစ်နေဒါလို့မှတ်နေတတ်တယ်။ ကိုယ့်ကိုယ်ကြီးမှာ ဖြစ်နေတယ်လို့မှတ်ထင်နေတတ်ပါတယ်။ ဒီလိုမှတ်နေတာ မြင်နေတာ က လမ်းမှား၊ အမြင်မှားနေတာပါ။ ဒါကြောင့်
လက်နဲ့ အပူနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ အအေးနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ လှုပ်ထာနဲ့မကွဲ အန္ဓပုထုဇဉ်ဘဲ။
လက်နဲ့ ပူဒါနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
လက်နဲ့ အေးဒါနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
လက်နဲ့ လှုပ်ထာနဲ့ကွဲ ကလျာဏပုထုဇဉ်ဘဲ။
တွဲနေတာက ပညတ်၊ ကွဲနေဒါမှ ပရမတ်။
မကွဲဒါက ပညတ်၊ ကွဲနေဒါမှ ပရမတ်။
ပညတ်ပရမတ်မကွဲ၊ အန္ဓပုထုဇဉ်ဘဲ။
ပညတ် ပရမတ်ကွဲ ကလျာဏပုထုဇဉ်ဘဲ။
ဒါကြောင့် အန္ဓပုထုဇဉ် အပါယ်ခွင်မလွတ်သေး၊ နိဗ္ဗာန် ချမ်းသာနဲ့ဝေး။ ကလျာဏပုထုဇဉ် အပါယ်ခွင်မရောက်ဝေး၊ နိဗ္ဗာန်ပေါက် လမ်းစပေး စသည်ဖြင့် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးက လင်္ကာစီကုံးထားခဲ့ပါသည်။ ယောဂီများ စဉ်းစားကြည့်ကြပါ။ ပူဒါ ကသာ ပူဒါ ကို လက်က ပူတယ်လို့ မှတ်လျှင် တစ်ချက် မှားပြီ၊ ပူဒါကို လက် လို့မှတ်နေလို့တဲ့။ ပူဒါ ကို လက်နဲ့ မကွဲလို့တဲ့။ ငါ့လက်က ပူတယ်လို့မှတ်ရင် (၂) ချက်မှားပြီ၊ ပူဒါကို ငါလို့ လဲ မှတ်တယ်။ လက်လို့လဲ မှတ်တယ်။ ငါ့သား လက်ကလေး ပူတယ်လို့ မှတ်ရင် (၃) ချက်မှားပြီ၊ ပူဒါကို ငါလို့လဲ မှတ်နေတတ်တယ်၊ အသားလို့လဲ မှတ်နေတတ်တယ်။ လက်လို့လဲမှတ်နေတတ်တယ်။ အဲဒီလိုမှတ်ထာမျိုးတွေ ယူဆတာမျိုးတွေက ဥာဏ်မျက်စိနဲ့ ကြည့်တော့အတော်မှားတဲ့ အယူမျိုးတွေ ဖြစ်နေတယ်။
ဒါကြောင့်-ဒီအယူမျိုးကို မိစ္ဆာ ဒိဋ္ဌိ အယူလို့ခေါ်တယ်။ အတ္တဒိဋ္ဌိအယူလို့ ခေါ်တယ်။ သက္ကယ ဒိဋ္ဌိအယူလို့လဲ ခေါ်တယ်။ ဒီ-ဒိဋ္ဌိအယူရှိနေသမျှ ကာလပတ်လုံး အပါယ် လေးပါး ကျခြင်းဘေးမှ ဘယ်တော့မှ မလွတ်မြောက်နိုင်သေးဘူးတဲ့။ ကုသိုလ် အရှိန်ကလေး မကုန်ခင် ကုသိုလ်အရှိန်လေး ရှိနေသမျှတော့လူ့ဘဝ နတ်ဘဝ၊ ဗြဟ္မာဘဝမှာ ခေတ္တခဏအခိုက်အတန့် နေကြရသေး၏။ ၄င်းကုသိုလ်ကံ အရှိန်ကုန်သွားဒါနဲ့ တပြိုင်နက်ထဲ အပါယ်လေးပါးပြန်ကျရအုံးမှာအမှန်ဘဲတဲ့၊ ဒါကြောင့် မာန်လည်ဆရာတော်ဘုရားကြီးက “ဒိဋ္ဌိမကွာ ပုဂ္ဂိုလ်မှာလျှင် လူတွင် မန္ဓတ် နတ်မှာသိကြား မိုးဖျား ဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲကုသိုလ်စဲက ဖေါက်လွဲပါယ်ရွာ ရောက်မြဲ ခါတည့်။” လို့ မိန့်ဆိုတော်မူခဲ့ပေသည်။ လက်ကို နမူနာထားပြီး သေချာစွာ ရှင်းပြလိုက်ပြီဖြစ်ပါသဖြင့် ကျန်ရှိသော ခြေ၊ အသားအရေ စသည်တို့ကို ဒီအတိုင်းသာ ယောဂီများ ချဲ့၍ သိကြစေချင်ပါသည်။
ဆက်ရန်.....


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP