* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 9, 2009

ကုသိုလ်နှင့်အကုသိုလ်ကိုတည်ပြီးဝိဇ္ဇာဉာဏ်ဖြစ်ပုံ


မေး–အရှင်ဓမ္မဓရ— ကုသိုလ်နှင့်အကုသိုလ်ကိုတည်ပြီးဝိဇ္ဇာဉာဏ်ဖြစ်ပုံကို တွဲပြီးရှင်းပေးတော်မူပါဘုရား။

ဖြေ–ဦးဝိဇယ—- ဝိဇ္ဇာဉာဏ်၏အသိသည် ခိုင်မာပါတယ်။ အဝိဇ္ဇာ၏အသိသည် မခိုင်မာပါဘူး။ဘာကြောင့်လည်း ဆိုရင် စီးပွားဥစ္စာ၊ အလုပ်၊အာရုံ၊ခန္ဓာဟူသော ဤသုံးစရာ(၄)မျိုးတို့သည် အမြဲတမ်းစွန့်နေရပါတယ်။ စွန့်ရမဲ့သဘော တွေ ပါနေတယ်။

စွန့်ရမဲ့သဘောနဲ့ အမြဲတမ်း စွန့်နေရတဲ့သဘော တွေပါဝင်နေတဲ့လောက ကြီးကို(စွန့်လျင်+ချမ်းသာ)တယ်လို့ အမှန်အတိုင်း သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။စွန့်ရမဲ့သဘော ရှိသောလောကကြီးကို ပြောင်းပြန်ဆန့်ကျင်ပြီး (စွန့်လျှင်+ဆင်းရဲတယ်) ဟုအမှားကို အမှန်ထင်ခြင်းသည် အဝိဇ္ဇာဖြစ်ပါတယ်။လောကသဘောကို ဆန့်ကျင်ပြီး (စွဲလျှင်+ချမ်းသာ)ဟုငြင်းဆန်စွာဖြစ်ခြင်း သဘောကို အကုသိုလ်လို့ခေါ်ပါတယ်..။

(စွန့်လျှင်+ချမ်းသာ)ဟူသောကုသိုလ်ကို အမှန်အတိုင်း သိမြင်သောဝိဇ္ဇာဉာဏ်က ရှေ့ဆောင် လမ်းပြပြု လုပ်လျှင်၊(ငါချမ်းသာချင်တယ်၊စွန့်လွှတ်တဲ့စိတ်ကို ပွားများမယ်၊စွဲလန်းတဲ့စိတ်ကို ကုန်အောင် လုပ်မယ်၊ စွန့်လွှတ်သောစိတ်ကိုပွားများမယ်)ဟုလိုက်နာကုန်သော သတ္တဝါတိုင်း စွန့်လွှတ်စိတ်ဖြစ်ကာချမ်းသာ ကြပါ တယ်။

စွန့်လျှင်+ဆင်းရဲလိမ့်မယ်–စွဲလျှင်+ချမ်းသာလိမ့်မယ်—ဟုအထင်မှားသော အဝိဇ္ဇာက ရှေ့ဆောင်လမ်းပြပြုလုပ် ခံရသောသတ္တဝါတွေမှာ (ငါချမ်းသာချင်တယ်။ စွဲလန်းတဲ့စိတ်ကိုပွားများမယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး။) (ငါဆင်းရဲမှာကြောက်တယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး၊ စွဲလန်းတဲ့စိတ်ကိုပဲပွားများမယ်)ဟုလိုက်ကြ သောကြောင့်၊ စွဲလန်းစိတ်ဖြစ်ကာ၊ ဆင်းရဲမှုမျိုးစုံကိုခံစားကြရပါတယ်ဘုရား။

ဝိဇ္ဇာဉာဏ်သည် လောက အမှန်တရားအပေါ်ကို အမှန်အတိုင်း သိရသောကြောင့် အင်အားကြီးမားပါတယ်။ ရပ်တည်ရာရပါတယ်။

အဝိဇ္ဇာသည် အထင်ပေါ်မှာသိရသောကြောင့် အင်အားသေးပါတယ်။ရပ်တည်ရာမရနိုင်ပါဘူး။

ဝိဇ္ဇာဉာဏ်နှင့်ပေါင်းခွင့်ရသောစိတ်သည် အင်အားကြီးသောကြောင့် ရပ်တည်ရာရကြပါတယ်။မတုန်လှုပ်ပါဘူး။

အဝိဇ္ဇာနှင့်ပေါင်းနေရသောစိတ်သည် အင်အားသေးသောကြောင့် ရပ်တည်ရာလုံးဝမရနိုင်ပါဘူး။အမြဲတမ်းတုန်လှုပ်နေတယ်။

ဥပမာ-အမှောင်များသည်၊ အလင်းမရောက်ခင်မှာလွှမ်းမိုးသောလည်း၊ အလင်းရောက်သော အခါ အမှောင် များ ပျောက်ကွယ်သွားရပါတယ်။

ထို့အတူအဝိဇ္ဇာတည်းဟူသော အထင်မှားခြင်း၊ အမှောင်များလွှမ်းမိုးခံရသောသတ္တဝါတို့သည်၊ ဝိဇ္ဇာဉာဏ်တည်းဟူသော အမှန်မြင်ခြင်း၊အလင်းမရခင်မှာမိုက်မဲတွေဝေနေကြသော်လည်း၊အမှန်မြင်ခြင်း အလင်းဝိဇ္ဇာဉာဏ်ရသောအခါမှာ-ပညာရှိသူတော်ကောင်းဖြစ်လာနိုင်ပါတယ်။အထင်မှားခြင်း အဝိဇ္ဇာသမားဘဝမှ အမြင်မှန်ခြင်း၊ဝိဇ္ဇာဉာဏ်သမားဘဝကိုရောက်ခွင့်ကြုံတုံး ကြိုးစားသင့်ပါတယ်ဘုရား။

(ယခင်က သစ္စာအလင်းBlog တွင်ဆရာတော် ဟောကြားချက်ကို -ကိုးကားရေးသားခဲ့ပါတယ်။ဤ Post မှစတင်၍ ၊ဆရာတော်၏စာအုပ်မှ မူရင်းအတိုင်းကူးယူဖော်ပြသွားမှာဖြစ်ပါတယ်။)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP