* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 10, 2009

ပျော်ပျော်ရွှင်ရွှင် အော်စတင်

From Austin TX

မနက်ဖြန်ရဲ့ စာဖတ်ပရိသတ်များ ရေးနေဆဲ အမိမြေမှတ်တမ်းလေးကို ခဏနားကာ ဒီကနေ့ အော်စတင် သီတဂူဗုဒ္ဓ၀ိဟာကျောင်းမှာ ပြုလုပ်တဲ့ ပွဲတော်လေးများ၏ အကြောင်းကို ရေးခွင့် ပြုပါဦး။ အော်စတင်မှာ ရှိကြသည့် မြန်မာမိသားစုများက သီတဂူဗုဒ္ဓ၀ိဟာရကျောင်းမှာ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ သက်ကြီးပူဇော်ပွဲ၊ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတွေကို ကျင်းပသွားပါ သည်။

မြန်မာမိသားစုများ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ပါးပါး စည်စည်ကားကာ ကျောင်းတွင်သို့ မနက် ၉-နာရီအချိန်ကစလို့ ရောက်လာပြီး မြန်မာ အစားအစာများကို ကျောင်းရံပုံငွေအတွက် နိဗ္ဗာန် ဈေးအဖြစ် ရောင်းချရန် ပြင်ဆင်နေကြသည်။ ကျောင်းရှိ သံဃာတော်များကို ဆွမ်းကွမ်းကပ်ဖို့ အတွက်လည်း မိသားစုအသီးသီး ချက်ပြုတ်လာကြသည့် ဟင်းခွက် သစ်သီးခွက်များကလည်း စားပွဲကြီးကြီးပေါ်တွင် မဆန့်သလောက်ပါပဲ။


မနက်ဖြန်၏ စိတ်ထဲတွင့် ရွာဘုရားပွဲကို ရောက်သွားသလား အောက်မေ့မိပါတယ်။ တကယ် ပင်ပျော်စရာကောင်းသည်။ နေ့ဆွမ်းဆပ်ကပ်အပြီးမှာပင် နိဗ္ဗာန်ဈေးပွဲကို စတင်ဖွင့်လှစ်ရောင်း ချသဖြင့် ဈေးသည်များ လက်မလှယ်အောင်ပင်ဖြစ်သည်။ အစားအသောက်များကတော့ စုံလို့ ပင်။ တယောက်တမျိုး မရိုးရလေအောင် ချတ်ပြုတ် ကြော်ချက်လာကြသည်ထင်၏။

အများပေါင်းစု ကောင်းမှုပြုကြသည့် အော်စတင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းပွဲတော်ကို ဆွမ်း စားအပြီး နေ့လယ်တစ်နာရီမှာပဲ အားလုံး ရောက်လာသည့် ပရိသတ်များ သုံးဆောင်ပြီးသ လောက်ရှိသဖြင့် အခမ်းနား စတင်ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ အခမ်းအနား အစီစဉ်များကို မြန်မာလို ကျောင်းထိုင် ဆရာတော် ဒေါက်တာ အရိယဓမ္မနှင့် အင်္ဂလိပ်လို TDSA အသင်း၏ အတွင်းရေးမှူး ဒေါက်တာ ၀င်းဗိုလ်တို့က စတင်ကြေညာကာ အစီစဉ် (၇)ချက်အတိုင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

အခမ်းအနားတွင် ဝေဇယန္တာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမဟောသဓပဏ္ဍိတ မှ ကိုးပါးသီလချီးမြှင့်ကာ အနုမောဒနာတရားဟောကြားရေစက်ချပေးတော်မူသည်။ ထို့ နောက် TDSA အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာ သိန်းကျော်မှ Myanmar Happy New Year Welcome Message ကိုပြောကြားကာ Miss Windy မှ မြန်မာပြည်ခရီးသွားခွင့်ရသဖြင့် မြန်မာ ပြည်၏ ချစ်ခင်ဘွယ်ကောင်းကြောင်း မြန်မာပြည်သူတို့၏ စိတ်စေတနာကောင်းကြောင်းများ ကို ပြောပြ၍ ခရီးစဉ်အစအဆုံး စီစဉ်ပေးသူများကိုကျေးဇူးတင်ကြောင်း ပြောကြားသွားသည်။

From Austin TX


အသင်း၏ အတွင်းရေးမှူး ဒေါက်တာဝင်ဗိုလ်ကလည်း ကျောင်း၏ ဘဏ္ဍာရေးအခြေနေနှင့် လုပ်ဆောင်ချက်များကို မလှစ်ဟင်းရလေအောင် တင်ပြသွားသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် စပ်လျဉ်းလို့ မှတ်သားဘွယ် ဗဟုသုတအနေဖြင့် ဆရာတော် ဦးမဟော မိန့်ကြားသွားသည်မှာ ဗောဓိညောင်ပင်ကို ရေလောင်းခြင်း၊ ဆီမီးထွန်းခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်များ ပူဇော်ခြင်း အလေ့အကျင့်သည် ကောင်းမြတ်သော အလေ့အကျင့် တစ်ခုဖြစ်ကာ သစ်ပင်တစ်ပင်ကို ကိုးကွယ်ခြင်းမဟုတ်ကြောင်း၊ ဗောဓိညောင်ပင်ကို ယခုလိုမျိုး ရေလောင်ခြင်းးဖြင့် ပူဇော်ခြင်း သည် ထိုဗောဓိညောင်ပင်အောက်တွင် သစ္စာလေး မြတ်တရားကိုရရှိသွားသည် မြတ်ဗုဒ္ဓကို ရည်မှန်း ပူဇော်တာဖြစ်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံး နေရာအလိုက် သဘာဝဘေးဒဏ် ရောဂါ အသွယ်သွယ် ငတ်မွတ်ခေါင်းပါးခြင်းစသည့် စီးပွားရေးကြပ်တည်းမှုများ ဖြစ်ပွားနေသည်ကို လူတိုင်း သိနေ ကြားနေရသဖြင့် မြတ်ဗုဒ္ဓလက်ထက်တော်က ဝေသာလီပြည်ကြီး ကပ်ကြီး သုံးပါဆိုက် ရောက်ခြင်းများကို ရတနာသုံး၏ မွန်မြတ်ခြင်းကို သစ္စာပြုတိုင်တာကာ အေးချမ်းအောင်လုပ်သည်ကို နမူနာယူသင့်ကြောင်းမိန့်ဆိုဟောကြားသွားပါသည်။

From Austin TX


ဗုဒ္ဓပူဇနိယမင်္ဂလာပွဲအပြီးတွင် ဆက်လက်ကာပင် သက်ကြီးရွယ်အိုများကို နေရာအမြင့်ထိုင်ခုံ ပေါ်တွင် ထိုင်စေကာ လူငယ်လူရွယ် မိသားစုများက ကန်တော့ကြသည်မှာလည်း ကြည်နုး စရာ မြင်ကွင်းတစ်ခုပါ။ မြန်မာလူမျိုးများ၏ တန်ဖိုးမဖြတ်နိုင်သည့် ဂါရ၀မင်္ဂလာ နိဝါတမင်္ဂလာ များ ရယူကျင့်သုံးသည့် အစဉ်အလာတစ်ခုလည်းဖြစ်သည်။ ကတော့ခံသည့်ဒေါက်တာ သိန်ကျော် အမှူးပြုသည့် မိဘများကလည်း အသီးသီး စုတောင်း မေတ္တာပို့သကြသည်။

From Austin TX


မနက်ဖြန်၏ ရင်ထဲတွင် ခံစားမှုလေးတစ်ခု ရရှိသွားလောက်အောင် ပြောကြားသွားသည့် ဒကာမကြီး (ဒေါ်တင်သန်း) ၏စကားကိုတော့ဖြင့် ခုထိပင် နားထဲ ကြားယောင်နေဆဲပါ။ စကားလုံးများ တိုတောင်းသော်လည်း ဒကာမကြီး၏ ရင်တွင်းစကားဖြစ်၍ ကြားရသူတိုင် မမေ့ နိုင်စရာပင်၊ ပြောသွားသည်မှာ မိမိ မြန်မာပြည်က စထွက်လာစဉ် ယခုလိုမျိုး မြန်မာဘုန်းကြီး ကျောင်း၊ မြန်မာမိသားစုများနဲ့ တွေ့ဆုံခွင့်ရမှာ့ ရပါ့မလားဟု စိတ်ပူပန်မှုများစွာနဲ့ ထွက်လာခဲ့ ရခြင်း ဖြစ်သော်လည်း မိမိ ပထမဆုံး အခြေချနေထိုင်ခဲ့သည့် Los Angeles မြို့မှာ ဘုန်းတော် ကြီးကြောင်းနှင့် မြန်မာမိသားစုများကို တွေ့ခွင့်ရသဖြင့် အတိုင်းမသိပျော်ကြောင်း၊ အထူး သဖြင့် မြန်မာ လူငယ်လူရွယ်များ၏ ယခုကဲ့သို့ သက်ကြီးရွယ်အိုများကို အိုပယ်အနေနှင့် မထားပဲ လေးစား ချစ်ခင် ရိုသေ ပူဇော်ကြသဖြင့် မိမိရင်ထဲတွင် အရမ်းပင် ကျေနပ်မိကြောင်း၊

ပတ်ဝန်းကျင်အတော်များတွင် မိဘများကို သားသမီးများက မပြုစု မရှောက်စောင့်ပဲ ပြစ်ထား သည်ကများသဖြင့် မိမိအသက်ကြီးတဲ့အခါ ထိုကဲ့သို့သော အဖြစ်မျိုးများကို တွေ့ကြုံရမှာကို စိုးရိမ်မိသဖြင့် မိမိ၏ မိဘများကို အလေးထား ပြုစုစောင့်ရှောက်ခဲ့ကြောင်း၊ အသက်ကြီးလာ လျှင် လူငယ်များ၏ ဂရုစိုက်မှုကိုတောင်းတကြောင်းကို မင်းတုန်းမင်းကြီးကိုယ်တိုင်ရေးသား သည့် လင်္ကာလေးကိုသာဓကပြသွားသည်။ မင်းတုန်းမင်းကြီးသည် မိဖုရားများစွာကို မယားပြု၍ ပေါက်ဖွားသည့် သားသမီးများစွာ ရှိသော်လည်း အိုမင်းမစွမ်းနိုင်သောအချိန်တွင် သူ့ကိုပြုစုမည့် သားသမီးမြေးမြစ်များမရှိသဖြင့် စိတ်ဖြေစရာအနေဖြင့် လင်္ကာလေးတစ်ခု ရေးထားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် သားသမီးများ မိမိတို့၏ မိဘအဖိုးအဖွားများ ရှိပါက ပစ်မထားဘဲ ကောင်းမွန်စွာ ပြုစုလုပ်ကြွေးကြပါဟု ပြောသွားသည်။

မင်းတုန်းမင်း ရေးသားထားခဲ့သည့် လင်္ကာ….

သွားကျိုး ဆံဖြူ၊ မေ့လျှော့သူ၊ သွားချိန်နီးလာပြီ၊
သားမြေး အားလုံး အများမုန်း၊ အသုံးမကျပြီ။

From Austin TX


အခန်းအနားအားလုံးပြီးဆုံးကြောင်း အတွင်းရေးမှူးမှ ကြေညာအပြီးအတွင် သင်္ကြန်ရေစကား ဖို့ အသင့်စောင့်နေသူများက တစ်ဦးနှင့် တစ်ဦးရေပတ်ဖျန်းကစားကြသည်မှာလည်း မြန်မာ ပြည် အတားကူးသည် လတန်းခူးကို ရောက်သွားသည်အလား သင်္ကြန်သီးချင်းများဖြင့် သီဆို ကခုန်နေကြသည်။ မြင်သမျှမြင်ကွင်း၊ ကြားရသမျှ သတင်းတို့ကတော့ ဒီနေ့တော့ဖြင့် မနက်ဖြန် အတွက် ပျော်စရာနေ့လေးပင်ဖြစ်ပါကြောင်း

ပျော်ပါး လှုပ်ရှား ပုံရိပ်လေးများ

From Austin TX

From Austin TX

From Austin TX

From Austin TX

ပုံရိပ်များ ဆက်လက်ကြည့်ရန် နှိပ်လိုက်ပါ ပျော်ပျော်ရွှင်ရွှင်အော်စတင်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP