* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 9, 2009

ဖြစ်တည်ခြင်းပဓာန၀ါဒနှင့်ပတ်သက်၍ဦးဆန်းလွင်၏အမြင်


မူရင်းစာအုပ်-ဖြစ်တည်ခြင်းပဓာန၀ါဒနှင့်လူသားပဓာန၀ါဒ(ယန်းပေါဆားတ်-)-ဆန်းလွင်ဘာသာပြန်

ကောက်နုတ်ချက် (စာ ၁ မှ ၁၃)

ကောက်နုတ်ချက်(၁)

(မော်တင်ဝှိုက် ရဲ့ စာအုပ်မှာ ဒေးကားရဲ့) Cotego သဘောတရား 'I think, therefore I am' အကြောင်းမပါလာဘူး။ ဒါပါမလာတော့ ယန်းပေါဆားတ်ရဲ့ ဒဿနအမြင်မှာ အခြေခံအုတ်မြစ်မပါသလို ဖြစ်နေတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ ယန်းပေါဆားတ်ရဲ့ ဖြစ်တည်ခြင်းပဓာန၀ါဒဟာ ဒီ Cogeto သဘောတရားကို ဘုရားဟောတရားလောက်မက မှန်ကန်တဲ့ သစ္စာတရား Truth လို့ယူပြီး နက်နက်နဲနဲ ခံယူထားလို့ပဲ ဖြစ်တယ်။

(၂)

ထပ်ပြီးဆင့်ကဲပြောသင့်တာက ဒီ Cogeto သဘောတရားကို ယန်းပေါဆားတ်လို ထူးထူးခြားခြားထွင်းဖောက်ပြီး ရှုမြင်နိုင်သူ ကမ္ဘာ့ဒဿနသမိုင်းမှာ ဘယ်သူမှ မရှိဘူး။ ဘာထရန်ရပ်ဆယ်လ်လည်း သူ့လိုမသိဘူး။ ယန်းပေါဆားတ်ကတော့ တကယ့်ကိုပဲ နှိုက်နှိုက်ချွတ်ချွတ် ထိုးထိုးထွင်းထွင်း သိမြင်သူဖြစ်တယ်။ ဒါကြောင့် ဒီ Cogeto သဘောတရားကို သူမြင်သလို မမြင်တတ်ရင် အဲဒီအမြင်ပေါ်မှာ အခြေခံထားတဲ့ သူ့ရဲ့ဖြစ်တည်ခြင်းပဓာန၀ါဒထဲက- မိမိကိုယ်မိမိဖြစ်တည်ခြင်းကို သိနားလည်ခြင်း(Self-awareness) သဘောကိုလည်း နားမလည်နိုင်ဘူး။

(၃)

လူမှာအာရုံသိစိတ် ၀ိညာဉ်ဖြစ်ပေါ်ပုံ စိတ္ထုပ္ပါဒကိုလည်း သူနားလည်သလို နားမလည်နိုင်ဘူး။ ပြီးတော့ လူသားရဲ့ ဖြစ်တည်မှုဟာ လွတ်လပ်စွာရွေးချယ်မှုအပေါ်မှာ လုံးလုံးလျားလျား တည်နေတယ်ဆိုတာကိုပြတဲ့ လွတ်လပ်ခွင့်ကို နားလည်ခြင်း (awareness 0f freedom) ကိုလည်းနားမလည်နိုင်ဘူး။ လူရဲ့ ဖြစ်တည်ခြင်းမှာ မလွှဲသာ မရှောင်သာ ပါဝင်နေတဲ့၊ ဆင်းရဲခြင်း ဒုက္ခရောက်ခြင်း( anguish) သဘောတရား၊ ဖြစ်တည်ခြင်းဆိုတာ ကံ-အားလုံးပဲ ဆိုတဲ့ သဘောတရားတွေကို နားလည်ဖို့ သိပ်ခက်တယ်။

(၄)

ဒီအယူဝါဒဟာ အချို့ကိစ္စတွေမှာ ဗုဒ္ဓဘာသာဝါဒနဲ့ အတော်နီးစပ်နေတယ်။ လူ့ဘ၀ကိုအခြေခံပြီး လူသားရဲ့ ဆင်းရဲ ဒုက္ခသဘော တွေကို ရှုမြင်တာတွေ၊ ဆင်းရဲကင်းအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ ပြဿနာတွေကို စဉ်းစားတာ(ဗုဒ္ဓ၀ါဒနဲ့ အဖြေမတူ သော်လည်း) မြတ်ဗုဒ္ဓစဉ်းစားခဲ့တဲ့ ပြဿနာတွေကို သူက သူ့နည်းနဲ့သူ စဉ်းစားတယ်။ တစ်ခုပဲရှိတယ်။ သူက မြတ်ဗုဒ္ဓရဲ့ စိတ္ထုပ္ပါဒ သဘောတရား တွေ၊ပဋ္ဋိစ္စသမုပ္ပါဒ် တရားတွေ ကမ္မနိယာမ အမြင်တွေကို နားမလည်ခဲ့လို့သာ တလွဲတချော်ဖြစ်သွားတာ ဖြစ်တယ်။

(၅)

ဒါတွေကို မြန်မာပညာရှင်တွေ ပရိယတ္တိဖက်က အားသန်ကြတဲ့ သံဃာတော်တွေ သိမြင်စေချင်တယ်။ ဒါမှသာ ဒီဝါဒ ဘယ်နေရာမှာ မှန်ပြီး၊ ဘယ်နေရာမှာ မှားသွားသလဲဆိုတာ သိမြင်ကြမယ်။ ပိုပြီးအရေးတကြီးသိစေချင်တာက ဖြစ်တည်ခြင်း ပဓာန၀ါဒရဲ့ လူ့ဘ၀ကို ချဉ်းကပ်ပုံပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ဒီဝါဒဟာ တောမီးလောင်သလို ကမ္ဘာပေါ်မှာ သြဇာကြီးမားစွာ ပြန့်နှံ့သွားတာ ဖြစ်တယ်။ ဗုဒ္ဓဘာသာ မြန်မာများအနေနဲ့ ကိုယ့်ဘာသာ ကိုယ့်အယူဝါဒဟာ ဖြစ်တည်ခြင်း ပဓာန၀ါဒထက် လူ့ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုပြီးထိရောက်ပါလျက် ဘာကြောင့် ကမ္ဘာပေါ်မှာ အကြီးအကျယ်မပြန့်နှံ့ဘဲ ပွဲမတိုး ဖြစ်နေရတာလဲ ဆိုတာတွေကိုပါ သိစေချင်တယ်။

(၆)

ဒီစကားကို ဘာကြောင့် ပြောရသလဲဆိုတော့ ယန်းပေါဆားတ်ရဲ့ အဓိက ကျတဲ့ ဖြစ်တည်ခြင်းပဓာန၀ါဒ ကျမ်းဟာ ဖြစ်တည်ခြင်းနဲ့အနတ္တ (Bething and Nothingess) ကျမ်း ဖြစ်နေတာကြောင့်ပါ။ ဒီကနေ့ မျက်မှောက်ကာလ ကမ္ဘာပေါ်မှာ ထေရ၀ါဒ ကိုခေတ်စားအောင် လုပ်ချင်ရင် ဘာတွေကို ထည့်သွင်းစဉ်းစားရမလဲ၊ ဘယ်လိုချဉ်းကပ်ပုံနဲ့ ချဉ်းကပ်ရမလဲ ဆိုတာတွေကို မြန်မာလူမျိုးပညာရှင်တွေ စဉ်းစားမိကြအောင်လို့ ဒီဖြစ်တည်ခြင်းပဓာန၀ါဒရဲ့ မူရင်းသဘောတရားတွေကို မြန်မာစာပေထဲရောက်အောင် အကျွန်ုပ်အနေနဲ့ ဆက်လက်ကြိုးပမ်းသင့် သင့်သေးတယ်လို့ စိတ်ကူးရလာပါတယ်။

(၇)

ဖြစ်တည်ခြင်း ပဓာန၀ါဒနဲ့ ပတ်သက်ပြီး ၀တ္ထုရသ စာပေအဖွဲ့ကတော့ များပါတယ်။ ဒါပေမဲ့ ကျမ်းစာအနေနဲ့ကတော့ ယန်းပေါဆားတ် ကိုယ်တိုင်ရေးတွေပဲ ရှိတယ်။ သူ့အရင်ကတော့ ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့ ခရစ်ယာန်အရိုးစွဲဝါဒ အပေါ်အခြေခံတဲ့ ဖြစ်တည်ခြင်းပဓာန၀ါဒ ကျမ်းတွေတော့ ရှိတယ်။ ဒါတွေက မြန်မာပရိသတ်နဲ့ မအပ်စပ်ပါဘူး။ ယန်းပေါဆားတ်ကတော့ မြတ်ဗုဒ္ဓအတိုင်းပဲ ဖန်ဆင်းရှင်ဘုရားသခင်ရှိတယ် ဆိုတာကို လုံးဝလက်မခံဘူး။ မယုံကြည်ဘူး။ ဒါကြောင့် သူ့အတွေးအခေါ်တွေဟာ ဗုဒ္ဓရဲ့ အတွေးအခေါ်တွေနဲ့ အတော်နီးစပ်ပါတယ်။

(၈)

အဓိပ္ပါယ်ဖွင့်ဆိုပုံမတူလို့ ကွဲပြားခြားနားရတယ် ထင်ရပေမဲ့ အနှစ်အရသာ တူနေတာကို တွေ့ရတယ်။ အမှန်ကတော့ သူဟာ သဗ္ဗညုတဥာဏ်ရထားတဲ့ ဒဿနဆရာမဟုတ်လို့ သူ့အမြင်တွေဟာ အကန့်အသတ်ရှိနေတာ လုံးလုံးလျားလျား သစ္စာမဆိုက်သေးတာပဲ ဖြစ်တယ်။ ဘာပဲ ဖြစ်ဖြစ် ခုဘာသာပြန်လိုက်တဲ့ ကျမ်းစာကလေးကို ဖတ်ပြီးရင် သူဟာ ဘယ်ကိစ္စတွေမှာ အားနည်းနေတယ်ဆိုတာ ပညာရှင်စာဖတ်ပရိသတ် သိမြင်သဘောပေါက် လာပါလိမ့်မယ်။

ဆက်ရန်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP