* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 12, 2009

ၾသ၀ါဒ

သက်ရှိလောကကြီးတွင် အသက်ရှင်နေထိုင်ကြလျက် မိမိတို့၏ ဘ၀တလျှောက်လုံးတွင် ကံ-သုံးကြီးကို လ-သုံးနည်းနှင့် ဆီး၊ သတိဂိတ်က စည်း၊ ကိစ္စအားလုံး ပြီး-ဟူသော စကားဆောင်ပုဒ်ဖြင့် အစဉ်လက်ကိုင်ထား ကျင့်သုံးသွားကြပါ။

အကျယ်ကို ဖွင့်ဆိုပါအံ့၊
ကံ-သုံးကြီး
၁- ကာယကံ=ကိုယ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။
၂-၀စီကံ=နှုတ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။
၃-မနောကံ=စိတ်ဖြင့်ကျူးလွန်ခြင်း ကိစ္စဟူသမျှ။

မည်သည့်အကြောင်းခြင်းရာကိစ္စမဆို မိမိ၏ ကိုယ်နှုတ်နှလုံး သုံးပါးသောကံများကို လ-သုံးနည်းဖြင့် ထိန်းသိမ်းပါ။ ချိန်ဆပါ။ ဆုံးဖြတ် လုပ်ကိုင်သွားကြပါ။ လ-သုံးနည်းဟူသည်မှာ-
၁-လွဲနေသလား။ ၂-လွန်နေသလား။ ၃-လိုနေသလား။
အဆိုပါ လ-သုံးနည်းဖြင့် သတိတည်းဟူသော ထွက်ပေါက်ဂိတ်မှ စည်း-ကာပိတ်ပင်၍ သုံးသပ်ခြင်းဖြင့် မကောင်းမှုများကို တားဆီးပြီး ကောင်းမြတ်သော အကြံ၊ ကောင်းမြတ်သော အပြော၊ ကောင်းမြတ်သော အလုပ်ဟူသမျှကို ဆောင်ရွက်သွားကြပြီး မိမိ ရည်ရွယ်ချက်၊ မိမိကိစ္စပြီးစီးရာ အမတနိဗ္ဗာန်ဆိုတဲ့ အောင်စခန်း၊ အောင်ပန်းသို့ ကြွလှမ်းဆွတ်ယူတော်မူနိုင်ကြစေရာကုန်သတည်း။

( ကန်ကြီးထောင့်ဆရာတော် ဘဒ္ဒန္တ ပညာသုတ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP