* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, May 12, 2009

ကိုးကြယ္အားထားရာ

ဗုဒ္ဓရှင်တော်မြတ်သည် ၃၁-ဘုံတွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။မွေးဖွားစကပင် မြောက်အရပ်သို့ ခြေခုနှစ်ဖဝါး ကြွတော်မူ၍ "အဂ္ဂေါဟမသ္မိလောကဿ"တစ်လောကလုံး၊ လောကဓါတ်တစ်ခုလုံးတွင် ငါအမြင့်မြတ်ဆုံးဖြစ်သည်။"ဇေဋ္ဌောဟမသ္မိလောကဿ"လောကမြေတခွင်ငါလျှင်အကြီးဆုံးဖြစ်၏။
"
သေဋ္ဌောဟမသ္မိလောကဿ"လောကဓာတ် တိုက်တစ်သောင်းတွင် ငါလျှင် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်၏ဟု ကြုံးဝါးတော်မူခဲ့ပါတယ်။

သဗ္ဗညုတရွှေဉာဏ်တော်ကို ဗောဓိမဏ္ဍိုင်ခန်းဝါပိုင်ဝယ် အခိုင်အမာ ရရှိတော်မူသောအခါဝယ် မွေးဖွားခါစ ကြုံးဝါးတော်မူခဲ့သည့်အတိုင်း လောကဓာတ်တိုက်အပေါ်ဝယ် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ထူးကြီးဘဝသို့ ရရှိလာခဲ့တယ်။လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့ ဝပ်စင်းခယ ပူဇော်ကြရတယ်။အကနိဋ္ဌဗြဟ္မာပြည်မှ အနာဂါမ် ဗြဟ္မာမင်းကြီးများ မြတ်ဗုဒ္ဓထံပါးဝယ် အခစားရောက်ရှိလာရတယ်။ဗုဒ္ဓရှင်တော်မြတ် ရာဇဂြိုလ်မြို့သို့ ဆွမ်းခံဝင်တော်မူတဲ့အခါ သိကြားမင်းဟာ နောက်လိုက်ကျောင်းသားငယ်ပမာ ကြေးစည်တီး၍ ဗုဒ္ဓဂုဏ်ကို ချီးမွမ်းပူဇော်ခဲ့ပါတယ်။

သဟမ္မတိ မဟာဗြဟ္မာမင်းဆိုလျှင် တရားဟောတော်မူရန် အတန်တန်တောင်းပန်ခယ ရောက်လာရတယ်။ကိုယ့်ကိုယ်ကို အထင်ကြီး၍ လမ်းလွဲနေသော ဗကဗြဟ္မာကြီးကို ကိုယ်ရောင်ဖျောက်၍ ဘဝသံသရာ ရွံ့ဖွယ်ရာဖြစ်ကြောင်း တရားဟောချွတ်တော်မူခဲ့တယ်။ဗုဒ္ဓမြတ်စွာကား လူမင်း၊နတ်မင်း၊ဗြဟ္မာမင်းတို့ ဝပ်စင်း၊ခယ ပူဇော်ရတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ထူးကြီး တစ်ပါးဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်ကား ထိုသို့ဂုဏ်ပေါင်းစုံ ပြည့်ဝတဲ့ ရှင်တော်ဗုဒ္ဓရဲ့ တပည့်သာဝကများဖြစ်ပါတယ်။ဗုဒ္ဓဘာသာ- ဗုဒ္ဓ၏ဩဝါဒစကားကို ဦးထိပ်ထားပန်ဆင်လိုက်နာသူများဟု အဓိပ္ပါယ်ရပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ မြတ်ဗုဒ္ဓကိုသာ အားကိုးစရာအနေဖြင့် အားထားကိုးကွယ်ရမှာဖြစ်ပါတယ်။မြတ်ဗုဒ္ဓဟောဖော်ညွှန်ပြ ဆိုဆုံးမသည့် တရားတော်ဓမ္မရတနာများကိုသာ လေးစားစွာလိုက်နာကျင့်ကြံကြိုးကုတ် အားထုတ်ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်စား ဓမ္မရတနာများကို ဟောပြော၊ပြသ၊ညျွန်ကြား၊ဆုံးမတော်မူသော (တနည်းအားဖြင့်ဆိုသော်) ဘုရားသားတော် သံဃရတနာများကို အစဉ်မပြတ် လှူဒါန်းပေးကမ်း၊ပူဇော်ချီးပ အားကိုးရမှာ ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ ထာဝရအားကိုးရာ၊အားထားရာ၊ကိုးကွယ်စရာဟာ ရတနာမြတ်သုံးပါး ဖြစ်ပါတယ်။ထိုသို့ ရတနာသုံးပါးကို အဆက်မပြတ်ကိုးကွယ်ဆည်းကပ်၊ဘုရားဟောအတိုင်း လိုက်နာကျင့်သုံးနေထိုင်သူများဟာ သေလွန်လျှင် အပါယ်ငရဲသို့ မလားရောက်တော့ဘဲ လူ့ပြည်၊နတ်ပြည် သုဂတိဘုံများသို့ ရောက်ရှိမှာဖြစ်ပါတယ်။ဗုဒ္ဓနုဿတိဂုဏ် စဉ်ဆက်မပြတ် အာရုံပြုလျှင်ပင် ဈာန်ရ၍ ဗြဟ္မာ့ဘုံတိုင်အောင်ပင် ရောက်ရှိနိုင်ပါတယ်။

ယေ ကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယ ဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ။

အနက်အဓိပ္ပါယ်ကား ဗုဒ္ဓဘာသာဝင် အကြင်ပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ကိုးကွယ်ကြကုန်၏။ထိုဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရာကာယ် အပါယ်လေးဘုံ ဒုဂ္ဂတိဘုံသို့ မရောက်ကြရ၊ မလားကြရကုန်။ယခုဘဝ လူခန္ဓာကိုယ် စုတိစိတ်ကျ ပယ်စွန့်ရသည်ရှိသော် စတုမဟာ၊တာဝတိံသာနှင့် ယာမာတုသိတာ နိမ္မာနရတိစ၍ အထက်နတ်၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မြတ်သို့ နတ်ဗိမာန်အစုံအလင် နတ်တို့ဂုဏ်အင် အပြည့်အဝဖြင့် နတ်စည်းစိမ် ခံစားကြရပါတယ်။ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ကိုးကွယ်ရာ ရတနာသုံးပါးကာ ဤမျှကျေးဇူးကြီးမားလှပါပေတကား…



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP