* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 23, 2009

တရားအားထုတ္တယ္ဆိုတာ

“အရှင်တေဇနိယ (ရွှေဥမင်) ၏ သဘောထားမှန်မှ အားထုတ်ပါ”


စာအုပ်မှ ကူးယူဖေါ်ပြပါသည်။



တရားအားထုတ်တယ်ဆိုတာ ဘာလဲ?



စိတ်ထဲမှာ တင်းကျပ် မဲတင်းနေတာကို လျှော့ချလိုက်တာဟာ တရားအားထုတ်တဲ့သဘောဘဲလို့ သိတဲ့လူ နဲတယ်။ (page96) တရားအားထုတ်တယ်ဆိုတာ အခြေခံအားဖြင့် စိတ်တွေပြောင်းဖို့ ကြိုးစားတာ။ (page2) ကုသိုလ်စိတ် ဖြစ်အောင် ကြိုးစားတာ။ (page126) ညာဏ်၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ သဒ္ဓါ၊ အားမကောင်းတာတွေကို အားကောင်းအောင် မွေးတာ၊ ပွါးတာကို တရားအားထုတ်တယ် ခေါ်တာ။ (page12) တရားအားထုတ်တယ်ဆိုတာ ကိုယ်က “တရား” လို့ ထင်ထားတဲ့ အရာတွေကို မြင်ဖို့ အတင်းကြိုးစားရတာ မဟုတ်ပါဘူး။ (page99, 100)



ဘာကြောင့် တရားအားထုတ်ရတာလဲ?



မတရားတဲ့စိတ်တွေအမြဲဖြစ်လို့။ (page47) ကိလေသာတွေ အားကြီးလွန်းလို့ (page112)



ဘယ်နေရာမှာ အားထုတ်ရမလဲ?



ရိပ်သာမှာ အားထုတ်ကြတာဟာ အားထုတ်ဖြစ်ဖို့နဲ့ အိမ်မှာပါ အားထုတ်တတ်အောင်လို့။ (page47) နေ့စဉ်ဘ၀မှာ အားထုတ်ဖို့ ရိပ်သာမှာ “နည်း” လာလေ့လာကြတာ။ (page115) ဘယ်သူမှ ရိပ်သာမှာ တသက်လုံး အားထုတ်မှာ မဟုတ်ဘူး။ တကယ် အားထုတ်နေရမှာက အိမ်မှာ၊ အလုပ်မှာ၊ (page124, 125)



ဘယ်အချိန်မှာ တရားအားထုတ်ရမလဲ?



မနက်အိပ်ရာနိုးကတည်းက ညအိပ်ယာဝင်တဲ့အထိ တရားအားထုတ်ချိန်ဘဲ။ (page22)

ကြေးမောင်းခေါက်တဲ့အချိန်က တရားအားထုတ်ချိန်မဟုတ်ဘူး။ (page30)

ဘာဖြစ်လို့တရားကို အမြဲ အားထုတ်ခိုင်းတာလဲ? မတရားတဲ့စိတ်တွေအမြဲဖြစ်လို့။ (page47)



တရားအားထုတ်တတ်အောင် လုပ်ရမှာလား? တရားရအောင်လုပ်ရမှာလား?



တရားရဖို့ထက် တရားအားထုတ်တတ်ဖို့ ပိုအရေးကြီးပါတယ်။ (page99) တရားရချင်တာက လောဘပါတယ်။ တရားအားထုတ်ချင်ရင် သဒ္ဓါ၊ ညာဏ်ဖြစ်နိုင်တယ်။ (page97) လိုချင်သလို၊ လိုချင်သလောက်၊ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ လုပ်တတ်သလောက်၊ လုပ်နိုင်သလောက်ပဲ ရနိုင်တယ်။ (page106)



ဘယ်လိုအားထုတ်ရမလဲ?



တရားအားထုတ်တယ်ဆိုတာ ဖြစ်နေတဲ့အာရုံတွေကို သိဖို့ဘဲကြိုးစားတာ။ (page99) ကိုယ့်ကိုယ်ကို ကြည့်ဖို့ (page17) စိတ်ကဘာဖြစ်နေလဲ၊ ရုပ်ကဘာဖြစ်နေလဲ၊ (page18) ဖြစ်နေတာကို ဖြစ်နေတဲ့ အတိုင်းသိဖို့ (page16) အစမှာတော့ ရုပ်နဲ့စရတာဘဲ သတိထားရင်း ထားရင်းနဲ့ စိတ်ကိုပြန်ပြန်ကြည့်။ (page28) ဘာစိတ်ဘယ်လိုဖြစ်နေလဲ၊ (page29) ဘာစိတ်နဲ့သိနေလဲ၊ စိတ်ထဲမှာဘယ်လိုနေလဲ၊ ဘယ်လိုခံစားရလဲ (page30) တရားအားထုတ်တာဟာ စိတ်အလုပ် (page2) စိတ်ကိုမြင်ဖို့ ဘယ်နေရာမှာ သွားစူးစိုက်မလဲ? စောင့်ကြည့်နိုင်မှ စိတ်အလုပ်လုပ်တာတွေကို သိလို့ရတယ် စိတ်ဖြစ်နေမှန်းသိလို့ရတယ် (page129) သိလို့ရတာ အကုန်သိနေ။ (page70)



ထိုင်နေတာကမှ တရားအားထုတ်တာမဟုတ်ဘူး၊ (page70) ထိုင်ပြီးငိုက်နေတယ်၊ တွေးချင်ရာတွေးနေတယ် ဆိုရင် တရားအားထုတ်တယ် လို့ပြောမလား? (page31) ထိုင်ချိန်မှာ ငါတစ်နာရီထိုင်မယ်၊ နှစ်နာရီထိုင်မယ်လို့ အချိန်ကို သတ်မှတ်ပြီး မထိုင်ပါနဲ့။ (page65) ထိုင်တာကြာလာရင်ဘာဖြစ်မလဲ? နာလာမယ် (page58) နာတာ ကျင်တာကို ဝေဒနာလို့ မယူပါနဲ့။ အဲဒါ ရောဂါ လို့ခေါ်တယ်။ ခံစားတတ်တဲ့သဘောကို ဝေဒနာလို့ခေါ်တယ်။ စိတ်ရှိရင် ဝေဒနာ ရှိတယ်။ ရုပ်ရှိရင် ရောဂါရှိတယ်။ (page62, 63) ထိုင်တဲ့အခါ ညောင်းတယ်၊ နာတယ်၊ ကိုက်တယ်၊ ခဲတယ်၊ အဲဒါ ဘယ်လိုလုပ်မလဲ? (page42) မထိုင်နိုင်လို့ ထလမ်းလျှောက်ရင်လဲ ရပါတယ်။ သတိဆက်နေဖို့ဘဲ အရေးကြီးတာ။ (page65) ထိုင်ထိုင်၊ ရပ်ရပ်၊ စားစား၊ သွားသွား၊ စိတ်ကနိုးနိုးကြားကြားနဲ့ သတိ ဆက်စပ်နေရမယ်။ (page70)



လမ်းလျှောက်တဲ့အခါ ဖြည်းဖြည်း လုပ်မလျှောက်ပါနဲ့ (page66) မြန်မြန်လဲ မလျှောက်ပါနဲ့ သဘာဝကျကျ မှန်မှန် ပဲလျှောက်ပါ။ အမူအရာကို ထိမ်းချုပ်ပြီး အားမထုတ်ရဘူး (page114)



တရားအားထုတ်ခိုက်မှာ စဉ်းစားသင့်သလား မစဉ်းစားသင့်ဘူးလား?



လောဘ၊ ဒေါသ၊ တိုးပွားစရာ အတွေးတွေကိုတော့ မစဉ်းစားသင့်ဘူး။ ဒါပေမဲ့ ကိုယ်ဘယ်လို အားထုတ်နေသလဲ ဆိုတာကိုတော့ စဉ်းစားသင့်တယ်။ (page9)



အသံက အနှောင့်အယှက်လား?



အသံက အနှောင့်အယှက်မဟုတ်ဘူး သိစရာအာရုံပဲ။ (page21) အသံကိုသဘာဝလို့ယူလိုက်။ (page56)



တရားအားထုတ်ပြီဆိုရင် မျက်စိကိုပိတ်ပြီးအားထုတ်ကြတယ်။ မျက်စိပိတ်တာ၊ ဖွင့်တာက အဓိကမဟုတ်ဘူး။ စိတ်မှာ အကုသိုလ် မဖြစ်ဖို့က အဓိကကျတယ်။ (page122) မျက်စိကလဲ တံခါးတပေါက်ပဲ၊ နားကလဲတံခါးတပေါက်ပဲ။ (page35)



အစယောဂီတွေ အားမထုတ်တတ်သေးခင်မှာတော့ စကားမပြောဖို့ တားမြစ်ကြတယ်။ ဒါပေမဲ့ အားထုတ်တာ ကြာလာပြီဆိုရင် နေရာတိုင်း အားထုတ်တတ်အောင် ကျွမ်းကျင်အောင် ပိုပြီးလေ့လာသင့်တယ်။ စကားပြောတုံး သတိညာဏ်နဲ့ပြောဖို့ သတိပဋ္ဌာနသုတ်မှာ ဘုရားက အတိအလင်း ညွှန်ကြားထားတယ်။ (page124)



တရားအားထုတ်ရင် ချမ်းသာမှာလား ဆင်းရဲမှာလား?



တရားသဖြင့်သာ အားထုတ်ရင် ဘယ်တော့မှ မဆင်းရဲဘူး။ မတရားကြီးအားထုတ်နေလို့ ဆင်းရဲတာ။ (page25)

ကိုယ်ပင်ပန်း စိတ်ပင်ပန်းအောင် အားမထုတ်ပါနဲ့။ ကိုယ်ပင်ပန်း စိတ်ပင်ပန်းနဲ့ တရားမရဘူး။ (page22)

အချိန်တိုင်း နေရာတိုင်း တရားအားထုတ်ချိန်ဆိုတာ မမေ့ပါနဲ့။ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကိုကြည့်ဖို့ မမေ့ပါနဲ့၊ (page53, 54) သိနေရင် မသိမှုကိုပယ်တယ်၊ မောဟကိုပယ်တယ်။ (page81) သတိပဋ္ဌာန်ဆိုတာ သတိကိုမွေးယူတာ။ ဆက်စပ်ဖို့အရေးကြီးတယ်။ (page76) ဖြစ်စဉ်ကိုမြင်မှ အကြောင်းအကျိုးကို မြင်နိုင်တယ်။ (page77)



Please use zawgyi font to read.



For more information please click http://www.sayadawutejaniya.org

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP