* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 23, 2009

ကိုရီးယားနိုင်ငံ၏ ဗုဒ္ဓနေ့အကြို စုပေါင်းလှည့်လည်ပွဲသို့ အတူတကွ ပါဝင်နိုင်ရန် ဖိတ်ခေါ်ခြင်း..


နှစ်စဉ်ကျင်းပမြဲဖြစ်သော ကိုရီးယားနိုင်၏ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းလှည့်လည်ပွဲ ကျင်းပရာတွင် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးဆောင်လျက် ဗုဒ္ဓဘာသာ မြန်မာအများလည်း ပါဝင်လှည့်လည်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ဘုန်းတော်ကြီးကျောင်းအကြောင်း ဘုန်းတော်ကြီးကျောင်း၏ လှုပ်ရှားမှုများအကြောင်း ဒေဂုမြို့သူမြို့သားများ သိရှိနိုင်ရန် လှုပ်ရှားမည့် အစီအစဉ်ကို အောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် အားလပ်သည့် ရွှေမြန်မာများအနေဖြင့် ဘာသာသာသနာ အကျိုးအတွက် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီလှည့်လည်နိုင်ကြစေရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်။ ၂၅- ၄- ၂၀၀၉ (စနေနေ့)

အချိန်။ ညနေ ၅နာရီ (ဘုန်းတော်ကြီးကျောင်းမှ လှည့်လည်ပွဲစတင်ရာ စုရပ်သို့ ၅နာရီ အရောက်သွားမည် ဖြစ်ပါသဖြင့် ညနေ ၄နာရီ အရောက်လာပေးပါရန်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP