* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 10, 2009

တန်ခိုးပြာဋိဟာ

တန်ခိုးပြာဋိဟာ

ကေဝဋ္ဋ တန်ခိုး ပြာဋိဟာ ဟူသည်ကား အဘယ်နည်း၊
ကေဝဋ္ဋ ဤ(သာသနာတော်) ၌ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက် လည်း တစ်ယောက်တည်းဖြစ်လာ၏၊ (ကိုယ်) ထင်ရှားဖြစ်စေ၏၊ (ကိုယ်) ပျောက် စေ၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင် ၌ကဲ့သို့သွား၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြု၏၊ ရေ၌လည်း မကျွံကျဘဲ မြေ၌ကဲ့သို့သွား၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အ တောင်ရှိသော ငှက်ကဲ့သို့ သွား၏၊ ဤသို့ တန်ခိုးအာနုဘော် ကြီးကုန်သော ဤ လနေတို့ကိုလည်း လက်ဖြင့် သုံးသပ်၏၊ ဆုပ်ကိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ၏။

(ဤသို့) များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ထိုရဟန်းကို သဒ္ဓါ တရားရှိ သော ကြည်ညိုသော လူတစ်ယောက်သည် တွေ့မြင်ရာ၏၊ တစ်ယောက် တည်းဖြစ် လျက်လည်း အများဖြစ်သွားသည်ကို လည်းကောင်း၊ ပ ။ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရာ၏။

(ဤသို့ တွေ့မြင်ရသော်) သဒ္ဓါတရားရှိသော ကြည်ညိုသော ထိုသူသည် သဒ္ဓါ တရား မရှိသော မကြည်ညိုသော လူတစ်ယောက်အား ထိုရဟန်းအကြောင်းကို (ဤသို့) ပြောကြားရာ၏ -

''အချင်း ရဟန်း၏ တန်ခိုးအာနုဘော် ကြီးသည်အဖြစ်သည် စင်စစ် အံ့ဖွယ်ရှိ ပါပေ၏၊ စင်စစ် မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အချင်းများပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေသော ဤမည်သော ရဟန်းကို ငါသည် တွေ့မြင်ရ၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားသည်ကို လည်းကောင်း အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာသည်ကို လည်းကောင်း။ပ။ ဗြဟ္မာ့ပြည် တိုင်အောင် လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေသည်ကိုလည်းကောင်း တွေ့မြင်ရ၏'' ဟု ပြောကြားရာ၏။

(ဤသို့ ပြောကြားသော်) သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် သဒ္ဓါ တရား ရှိသော ကြည်ညိုသော ထိုသူအား ဤသို့ ဆိုရာ၏ -

''အချင်း ဂန္ဓာရီမည်သော အတတ်သည် ရှိ၏၊ ထို (ဂန္ဓာရီအတတ်)ဖြင့် ထိုရဟန်း သည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေ၏၊ တစ်ယောက်တည်း ဖြစ် လျက်လည်း အများဖြစ်သွား၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လာ၏။ပ။ ဗြဟ္မာ့ ပြည်တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်း ဖြစ်စေ ၏'' ဟု ဆိုရာ၏။

ကေဝဋ္ဋ ထိုအရာကို အဘယ်သို့ ထင်သနည်း...
သဒ္ဓါတရားမရှိသော မကြည်ညိုသော ထိုသူသည် ...
သဒ္ဓါတရားရှိသော ကြည်ညိုသောထိုသူအား ဤသို့ဆိုရာသည် မဟုတ်လော။

''ဆိုရာပါ၏ အသျှင်ဘုရား''

ကေဝဋ္ဋ ...
ငါသည် တန်ခိုးပြာဋိဟာ၌ ဤအပြစ်ကို မြင်သောကြောင့်...
တန်ခိုးပြာဋိဟာကို ပြရန် ဝန်လေး၏၊ ရှက်၏၊ စက်ဆုပ်၏။
484

ကေဝဋ္ဋသူကြွယ်သားဝတ္ထု၊ ကေဝဋ္ဋသုတ်၊ သီလက္ခန္ဓ၀ဂ္ဂပါဠိတော်။ ဒီဃနိကာယ်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP