မှတ်သားထားသောစကားများ၊ စာများ(၄)
မှတ်သားထားသောစကားများ၊ စာများ(၄)
(၁)- “မဆုံးမ မစောင့်ထိန်းပဲ လွှတ်ထားသော စိတ်ကဲ့သို့သော အကျိုးမဲ့ ဒုက္ခရောက်စေတတ်သော အခြားတရားတစ်ပါးကို ငါဘုရားမြင်တော်မမူ”
ဗုဒၶျမတ္စြာ (ဧကဂုၤတၱရ-အဒႏၱ၀ဂ)

(၂)- “နွားစာမှ ရရဟု ကျတ်တီးကုန်းမှာ တောင်ယာလုပ်ရသလို တစ်ပုဒ်တစ်ပါဒမျှ သိရင် မနည်းအကျိုးများမည်ဟု ယူဆ၍ ဒီလောက် ငါပြောပြလို့မှ မသိမမြင်တဲ့ ပုထုဇဉ် အမိုက်အကန်းတွေကို ငါဘာတတ်နိုင်အုံးမှာလဲ”
ဗုဒ္ဓမြတ်စွာ (ခန္ဓ၀ဂ္ဂ-ခေတ္တူပမသုတ်)
*
(၃)- “နည်းတာများတာ လိုရင်းမဟုတ်၊ တိုတိုနှင့် အကျိုးရှိသည်ကိုသာ ဟောပြပါ၊ များများဟောဖို့မလိုပါ၊ များများဟောသော်လည်း အကျိုးမပြီးက အချည်းနှီးပါပဲ ငါ့ရှင်”
(သာရိပုတ္တ ပရိဗိုဇ် > အရှင်အဿဇိထေရ်)
*
(၄)- “ဖြစ်ပျက်ရှုသော အယူ၊ ဖြစ်ပျက်မြင်သော အယူသည် ငါဘုရား၏ အယူဖြစ်သည်၊ ရရှိသော အကျိုးကျေးဇူးမှာ ဖြစ်ပျက်ရှုသဖြင့် တဏှာ၊မာန၊ဒိဋ္ဌိချုပ်ပြီး ကိလေသာချုပ်၊ ခန္ဓာချုပ်သည်။ သမုဒယသစ္စာကိလေသာသည် မီးဖြစ်ပြီး ခန္ဓာသည်လောင်စာဖြစ်ရာ၊ လောင်စာသိမ်း၍ မီးငြိမ်းသွားခြင်းသည် နိဗ္ဗာန်ဖြစ်သည်”
(အဂ္ဂိဝစ္စပုဏ္ဏားမေး၍ ဗုဒ္ဓမြတ်စွာ ဖြေတော်မူခြင်း)
*
(၅)- “တစ်ယောက်တည်းသော သားမို့ အမေမခွဲချင်ပေမယ့်၊ အမေ့ကိုလုပ်ကျွေးပြုစုမယ့်အစား ဘုရားရှင်ကိုလုပ်ကျွေးပါ။ အမေ မွေးကျိုးနပ်ပါပြီ”
(လှေသင်းမင်းကျောင်းဆရာတော်ဘုရားကြီးဦးသောမ၏ မိခင်)
*
(၆)- “လူမှုကိစ္စတို့သည် မည်သည့်အခါမျှ ပြီးဆုံးသည်ဟူ၍ မရှိ။ နောက်တစ်နှစ်လာလည်း ဒီအလုပ်၊ ထိုအလုပ်များ မပြီးမဆုံး၊ လုပ်တုန်းလုပ်ဆဲနှင့်ပင် မိဘဘိုးဘွားတွေလည်း သေခဲ့ကြရလှပြီ”
(နောင်တော်မဟာနာမ်)
*
(၇)- “အကျိုးဖြစ်တဲ့ တဏှာကို သတ်မနေနဲ့။ အကြောင်းဝေဒနာကိုသာ သတ်။ ဝေဒနာကို အမြဲဖြစ်-ပျက်ရှု။ နေ့တိုင်းရှု၊ အမြဲရှု။ ခင်များတို့ ခန္ဓာကိုယ်ကြီးဟာ တရွေ့ရွေ့ အမြဲသုဿန်ကို သွားနေတယ်။ သုဿန်သွားရင်းရှု။ ဒီတစ်ခါပဲ သွားရတော့မယ်။ မရှုဘူးဆိုရင် ဒီသုဿန် ပြန်ရောက်အုံးမှာပဲ။ သူများအသုဘသွားပို့ပြီး စကားတပြောပြောနဲ့ ပြန်လာတာတွေက များတယ်။ တရားနှလုံး မသွင်းဘူး။ ခင်များတို့လည်း နီးနေပြီ။ အိုခြင်းဆိုး၊ နာခြင်းဆိုး၊ သေခြင်းဆိုးဘေးက လွတ်ချင်ရင် ဝေဒနာကို အမြဲဖြစ်ပျက်ရှု”
(မိုးကုတ်ဆရာတော်ဘုရားကြီး)

0 comments:
Post a Comment