* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 10, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၆)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ
စကားကြီး ၃ ခွန်း

မြစ်ကြီးလည်းမခမ်းပါစေနဲ့..။
သစ်ပင် ကြီးလည်း မလဲပါစေနဲ့..။
ထုံးအိုးကြီးလည်းမကွဲပါစေနဲ့..။
မြစ်ကြီးမခမ်းပါစေန
ဲ့ဆိုတာ….အေးမြတဲ့ စမ်းရေလို
ကြည်ကြည် လင် လင် တသွင် သွင် စီးဆင်းနေတဲ့..မေတ္တာမြစ်ကြီးကို ဆိုလိုတာလေ..။
လူလူချင်းမေတ္တာထားကြ ၊မေတ္တာ တရားတွေ ပွားများကြ
မေတ္တာတွေ မခမ်းကြစေနဲ့ ဆိုတဲ့အဓိပ္ပါယ် ပဲ..။
သစ်ပင်ကြီးလည်းမလဲပါစေနဲ့ …တဲ့..။သစ်ပင် ကြီးဟာ အခက်အလက် အရွက်တွေ
ဝေဝေဆာဆာ နဲ့ အရိပ် အာဝါသကိုပေးတယ်..။ထို့အတူပဲ..
ဘုရားတရားသံဃာ ရတနာ သုံးပါးရဲ့ အရိပ် အာဝါသကောင်းကို
ခိုလှုံရလို့လည်း ကြီးပွားချမ်းသာ ခြင်းကို ရတယ်..။ဒီအရိပ် အာဝါသတွေကို အမိအရခိုလှုံဘို့လိုသလို..
အရိပ် အာဝါသတွေကိုမဖျက် ဆီးမိဘို့ ၊ကျေးဇူးမကန်းမိဘို့ သတိထားရလိမ့်မယ်..။
သစ်ပင် ကြီးကို ခုတ်လှဲပစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ..။
ဒါကြောင့် သစ်ပင် ကြီးမလဲအောင် ကြိုးစားထိမ်းသိမ်းကြ..။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာ ဓလေ့ ထုံးစံတွေကိုပြောတာပါ..။
မိဘဘိုးဘွားလက် ထက် ကတည်းက လိုက်နာ ကျင့်သုံးလာ ကြတဲ့
ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ ကောင်းတွေ..။မပျောက် ပျက်ရအောင် ထိန်းသိမ်းပြီး
ဗုဒ္ဓဘာသာဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ..။

သုံးရပ် သာသနာ

သာသနာဆိုတာ မြတ်စွာဘုရားအဆုံးအမ..
ကိုယ် နဲ့နှုတ်ယဉ်ကျေးအောင်..စင် ကြယ်အောင် ဆုံးမတာ…သီလသာသနာ
စိတ်တွေယဉ်ကျေးအောင်၊ စင်ကြယ်အောင်..အပူသော ကတွေငြိမ်းသွားအောင်..သမာဓိသာသနာ..။
အခုတရားအားထုတ်နေရင် သီလလည်းရှိနေတယ်..။စိတ်လည်းစင် ကြယ် နေတယ်..။
ဉာဏ်အမြင် စင် ကြယ်အောင်၊ဝိပဿနာ ဉာဏ်၊မဂ်ဉာဏ် ၊ဖိုလ်ဉာဏ်..နိဗ္ဗာန်ထိအောင်ရဘို့
ဉာဏ်အမြင်စင် ကြယ်ဘို့ အားထုတ်တာ..ပညာ သာသနာ..။
အဲဒီသာသနာ ကိုယ် မှာ ရောက်ရင် ဘေးတွေကွယ်ပျောက် ချမ်းသာ ရောက် ပြီးနေတော့မှာ..။
တရားကဘဝထဲကိုရောက် အောင်သွင်းထားမှ ဘဝထဲမှာ
ကိုယ် လုပ်သမျှ ကိုင် သမျှတွေက တရားတွေချည်းဖြစ်နေမှာ..။ မတရားတာ မဖြစ်ရတော့ဘူး..။
စိတ်ကူးတိုင်း စဉ်းစားတိုင်း၊ ကြံစည်တိုင်း တရားသဖြင့်ပဲ..။
အဲဒါကို…သာသနာ ကိုယ် မှာရောက်မှ..
ဘေးတွေကွယ်ပျောက် ချမ်းသာရောက်တယ် လို့ အဲဒီလို မှတ်သားထားရမယ်..။

သာသနာခေတ် လူဖြစ်သူတွေ

သာသနာ့ဈေးရုံ..ကုန်မျိုစုံ….လိုကုန်ရနိုင်သည်..။
အဖိုးမဆစ် ဝယ်ထားရစ်….နောင်ခေတ်ရှားလိမ့်မည်..။
အသက်ရှည်ခြင်း အနာကင်း၊….အဆင်းလှနိုင်သည်..။
အမျိုးမြင့်မြတ်၊နတ်ပြည်ရပ်….ချဉ်းကပ်ရောက်နိုင်သည်..။
မဂ်ဉာဏ်၊ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်……ဧကန်ရောက်နိုင်သည်..။
အပ္ပမာဒခေါ်ငြား သတိပဋ္ဌာန်တရား၊…..ရှုပွားကြရမည်..။
လုံးစုံဘုရား ၊တပည့်သားတို့၊
ကြွသွားနိဗ္ဗာန် လမ်းကောင်းမှန်၊……သတိပဋ္ဌာန်ကျင့်စဉ်တည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP