* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 10, 2009

ရှင်တော်မြတ်ဘုရား၏ ဆုံးမတရား အနှစ်သာရတစ်ချို့

ရှင်တော်မြတ်ဘုရား၏ ဆုံးမစကားမှတ်စု

  • ဤတစ်လံမျှသော ခန္ဓာကိုယ်၌ပင် လောက၊ လောကဋ္ဌအကြောင်းရင်း၊ လောက၏အဆုံး၊ လောက၏ အဆုံးသို့ သွားသောလမ်းစဉ်တို့ကို ငါဘုရားဟောကြားတော်မူ၏။ ဤနေရာ၌ လောကဟူသော ဝေါဟာရသည် ဒုက္ခဟု အဓိပ္ပာယ်သက်ရောက်သည်။
  • သာမန်အားဖြင့် အာရုံငါးပါး ကာမဂုဏ်တရားများကို ခံစားမှုမှာ အမြင့်ဆုံးဖြစ်ပြီး (ယင်းသည်) သာမန်လူသားအဖို့ တစ်ခုတည်းသော ပျော်ရွှင်မှုဖြစ်သည်။ ယင်းသို့သော မတည်မြဲသည့် ရုပ်ပိုင်းပျော်ရွှင်မှုများအပေါ် မျှော်လင့်ခြင်း၊ ကျေနပ်နှစ်သက်ခြင်းနှင့် ပြန်တွေးကြည့်ခြင်းတို့၌ ခဏပန်းအားဖြင့် ပျော်ရွှင်မှုတစ်မျိုးရှိသည်မှာ သံသယဖြစ်ဖွယ် မလိုသော်လည်း ယင်းတို့မှာ မာဟာ(လှည့်စားမှု)ဖြစ်ပြီး အခိုက်အတံ့သာဖြစ်သည်။ဗုဒ္ဓရှင်တော်မြတ်အလိုအရ တပ်မက်စွဲလမ်းမှု မရှိခြင်းသည် ပိုမိုကြီးမြတ်သည့် ပျှော်ရွှင်မှုဖြစ်သည်။
  • ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခဆင်းရဲမှုကို အဆက်မပြတ် စဉ်းစားတွေးတောနေရန်နှင့် မပျော်ရွှင်စရာ ဝမ်းနည်းကြေကွဲဖွယ် ဘဝတစ်ခုဖြင့် နေထိုင်သွားရန် မိမိ၏ တပည့်သာဝကများအား မမျှော်လင့်ချေ။ ပီတိ(ရွှင်လန်းနှစ်သက်ခြင်း)သည် ဗောဓိဉာဏ် (ကိုရရှိရန်) အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် ထာဝစဉ် ပျော်ရွှင်တက်ကြွနေရန် တပည့်များအား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။
  • ပျော်ရွှင်မှုအစစ်အမှန်ကို အဇ္ဈတ္တသဏ္ဌာန်၌ တွေ့ရပြီး ကြွယ်ဝခြင်း၊ သာသမီးများ၊ ချီးကျူးထောမနာပြုခြင်းများနှင့် ကျူးကျော်သိမ်းပိုက်ခြင်းများဟူသော ဝေါဟာရများဖြင့် အဓိပ္ပာယ်မဖွင့်ဆိုနိုင်ချေ။ အကယ်၍ ယင်းသို့သော ပိုင်ဆိုင်မှုများကို မှားယွင်းစွာ သုံးစွဲဘိမူ သို့မဟုတ် အတင်းအဓမ္မ မမှန်မကန် မလျော်မကန် ရရှိခဲ့မူ သို့မဟုတ် တပ်မက်စွဲလမ်မှုဖြင့် ရှုမြင်ခဲ့မူ ယင်းတို့သည် ပိုင်ဆိုင်သူများအဖို့ နာကျင်မှုနှင့် ဒုက္ခ၏အရင်းအမြစ်များ ဖြစ်လိမ့်မည်။

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံး

အသက်တွေလည်းပြုန်းပေါ့

လူ့အခွင့်အရေးကို ဖြုန်းလျက်

အဝိဇ္ဇာအပြုံးနှင့် မတော်ဘူး။

လေးစားစွာဖြင့်

ဝင်းမြင့်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP