* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 10, 2009

ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး ၏ သြဝါဒ များ (၅)

ရွှေကျင် နိကာယ၊ရတ္တညူ မဟာနာယက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော် ဘုရားကြီး
ဘဒ္ဒန္တကောသလ္လ မဟာထေရ်မြတ်၏သြဝါဒ

နှစ်သစ်

နှစ်သစ်ပြောင်းတယ်ဆိုပြီး လူသစ်ဖြစ်အောင် ခေါင်းလျှော်ကြ အဝတ်လျှော်ကြလုပ် ကြတယ်..။
စိတ်ကိုကောဖြူစင်အောင်လျှော်ဖွတ်ကြရဲ့လား။
စိတ်သန့်ရှင်းဘို့ က လူသန့်ရှင်းဘို့ထက် ပိုအရေးကြီးတယ်နော်။
ကိလေသာ အညစ်အကြေးတွေကို အမြဲလျှော် ဖွတ်နေမှ စိတ်သန့်ရှင်းဖြူစင်တယ်..။

နှစ်သစ်ကူးမှာ ငါးလွှတ်ဘူးတဲ့အခါ

နှစ်သစ်ကူးတဲ့အခါ ငါးလွှတ်ဘူးကြတယ် နော်..။
ဆုတောင်းလေးကလည်းကောင်းမှကောင်း။
နင့်တစ်ခါလွှတ်၊ငါ့ဆယ်ခါလွှတ်တဲ့..။
ဈေးသည်တွေတင် အမြတ်ကြီးစားလားမှတ်တယ်..။အလှူရှင်တွေလည်းအမြတ်ကြီးစားတာပဲ..။
ကိုယ်ပါ ငါးဖြစ်ပြီး(၁၀)ခါ အလွှတ်ခံရရင် မသက်သာ ဘူးနော်..။
သူ့သေဘေးကလွှတ်ရသလို ကိုယ်လည်း အိုနာသေ ဘေးက လွတ်ပါရစေ ဒီလိုဆုတောင်းရမှာ..။

သတိ သတိ သတိ

လောဘနဲ့ ဒေါသကို မောဟက ကြီးစိုးချယ် လှယ်တယ်..။
သူတို့ကို နိုင်တာ အပ္ပမာဒ ဆိုတဲ့ သတိပဋ္ဌာန်တရားပဲ..။
မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ခွဲလိုက်တော့ သီလ၊သမာဓိ၊ပညာ။
သီလ နဲ့ သမာဓိကို ကြားက သတိက ပဲ့ကိုင် အုပ်ချုပ်တယ်..။
သမာဓိ နဲ့ ပညာ မှာလည်း သတိကပဲဦးဆောင်တယ်..။
နိဗ္ဗာန် ပို့တဲ့ သီလ သမာဓိ ပညာ ပွားများကြောင်းမှာ (သတိ )သာ လျင် အခရာ ဖြစ်တယ်..။
သတိမပါရင် ဘာ မှ အရာမရောက်ဘူး။

ကြည်ညိုခြင်း

သူများကိုလိုက် ကြည်ညိုမဲ့ အစား..
ကိုယ့်ကိုကိုကြည်ညိုအောင်လုပ်ကြ..။

ဝိပဿနာ ဆိုတာ..ဘာလဲ

ဝိပဿနာ ဆိုတာ
ရုပ်ဓမ္မ၊နာမ်ဓမ္မ တွေကို
ကိုယ့်ဘဝထဲ ဆွဲသွင်းလိုက်တာပဲ..။

ဓမ္မ

တရားတာ မလုပ်ရင်
မတရားတာလုပ်နေမိလိမ့်မယ်..။

တရားတိုးတက် ရန် အင်္ဂါ (၆)ပါး

ကိစ္စမများ၊ စကားနည်းစေ၊
အိပ်နေမှုနည်း၊ကိုယ်တည်းပျော်လေ။
ရောနှောမှုကင်း၊ ချဲ့ခြင်းရှောင်သွေ၊
အနေကောင်းဘို့ အကြောင်း ဂုဏ်ခြောက်ထွေ..။
ယောဂီက အလုပ် ကိစ္စနည်းရတယ်..။စကားလည်းနည်းရတယ်..။
အိပ်နေမှုနည်းပြီး တစ်ကိုယ်တည်းလည်းအားထုတ်ရတယ်..။
ကိုယ် အဖေါ်တင် မကဘူး၊စိတ်အဖေါ်လည်းမရှိရဘူး။
တဏှာဒုတိယော၊ပုရိသော။
ဟိုဟာ လိုချင် ဒီဟာလိုချင်တဲ့ စိတ်ထဲက အဖေါ်တွေရှိနေရင် စိတ္တဝိဝေက မရှိဘူး။
ရော နှော မှုလည်းကင်းရမယ်..။မရောရဘူးနော်။
ချဲ့တယ် ဆိုတာ မှာလည်း…လိုချင်တပ် မက် မှုတဏှာ နဲ့လည်းချဲ့တယ်..။
မာနနဲ့လည်း…ချဲ့တယ်..။ ဒိဋ္ဌိနဲ့လည်း….ချဲ့တယ်..။
အဲဒီ တဏှာ မာန ဒိဋ္ဌိ ကလည်း သူ့ကို လက်ခံလိုက်ရင်
ဘယ် သူ့ကို မှ မရှောင်ဘူး ဒုက္ခပေးတော့တာပါပဲ..။
သံသရာ ဝဋ်က ကျွတ်လွတ်တဲ့ တရားထူးတရားမြတ်တွေ အရနှေးလိမ့်မယ်..။
တရားရချင်ရင် အဲဒါတွေကို စွန့်ရမယ်..။
ဒါမှ - အနေလည်းကောင်းမယ်..အသေလည်းကောင်းမယ်..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP