ဗော်လဂါမြစ်နားကတိမ်
ငါဖျားနေတုန်း
ငါ့စိတ်ဟာအိမ်ကိုလွင့်တယ်.
ဒီအချိန်ဆို
ဘွားဟာငါ့ကိုလွမ်းလို့
ငိုနေရောပေါ့
လယ်ကန်သင်းမှာ
ဆံပင်ကိုဆွဲလိမ်ရင်း
အငယ်မ
ပန်းချီဆွဲနေလိမ့်မယ်
မာလကာသီးကို
ပြတင်းဝကဆွတ်ပြီး
အဖေ
လေးစိတ်စိတ်နေလိမ့်မယ်.
ငါကအမေ့ဈေးခြင်းတောင်းကိုစူးစမ်း
ပဲသီးရယ်နံနံပင်ရယ်ကိုကြည့်ပြီး
ကဗျာဖွဲ့ရင်
အမေရယ်မှာအသေအချာပဲ
အမေက
ဘယ်တုန်းကမှ
ငိုခဲ့ဘူးတာမဟုတ်ဘူး
ဒါပေမဲ့ ခု
အမေငိုမှာကို ငါ
အကြောက်ကြီးကြောက်နေတော့တယ်.
ရေခဲမြစ်ရဲ့ညဥ့်လေက
ငါ့အခန်းထဲတွန်းတိုက်ဝင်လာတယ်
ငါ့အရိုးတွေကိုတဂျွတ်ဂျွတ်ချိုးချင်ဟန်တူရဲ့
စာရွက်ကြမ်းပေါ်
ငါလက်မှတ်ဖိထိုးချလိုက်တုန်း
ဘောပင်ပြုတ်ကျသွားတာ
ကြွက်အိုကြီးပေါ်တည့်တည့်.
ဒါနဲ့ပဲ
အိပ်မက်ဆိုးမက်တော့တယ်
ကြွက်အိုကြီးကိုအပြုတ်နှံကြစို့ရဲ့
ကြွေးကြော်သံအဆုံးမှာ
ကြွက်တစ်သိုက်ဟာ
နံရံကိုပြိုင်တူကိုက်လိုက်ကြတယ်
ခလွပ်ခလွပ်...
သြဘာပေးတဲ့အသံပေါ့
အဲဒီနောက်သူတို့
ဒစ်စကိုအက,ကကြတယ်.
ဦးခေါင်းဟာ
နိုးတစ်ဝက်အိပ်တစ်ဝက်တိမ်
ငါ့ဦးနှောက်တွေနားထဲကလွင့်ထွက်သွားလို့
လိုက်ဖမ်းနေရတယ်
လက်ထဲကဘောပင်ကိုတော့ငါမလွှတ်ဘူး
သူကငါပိုင်ဆိုင်တဲ့နောက်ဆုံးသောအရာ.
ငါကျောကိုဒီဘက်လှည့်တော့
အမေရောက်နေတာတွေ့တယ်
မိုးပေါ်ကကျလာသလိုကိုပေါ်လာတာ
သားကြီးအတွက်ပင်လောင်းလက်ဖက်ခြောက်
စွပ်ပြုတ်ပူပူနဲ့ကော်ဖီခါးခါး.
အမေက
ငါ့အရိုးတွေကိုလက်ဖျားနဲ့မတို့မထိဘဲ
ပြန်ဆက်ပေးလိုက်တယ်
ငါ့မှာဖြင့်အံ့သြလိုက်ရတာ
နဂိုကကွဲနေတဲ့
ရင်ဘတ်ဟာ
အခုတော့အကောင်းပကတိ.
အငယ်မကလေ
ငါ့နှာခေါင်းကို
နံနံပင်နဲ့ကလိတယ်
ငါ နှာချေလိုက်တော့
လှိုင်းပုတ်သံတ၀ုန်းဝုန်းကြားရတယ်.
ဘွားကပြောတယ်..
ငါ့မြေးကိုမလုပ်နဲ့
ငါ့မြေးကနုနုနယ်နယ်လေး
သူ့အသားလေးကရွှေလိုဝင်းနေတာတဲ့.
အငယ်မက
ကြိတ်ရယ်တယ်
အဖေက
ရေပုံးယူလာတယ်.
ဟိုကောင်တွေပေါ်လာ
ငါ့ပုခုံးကိုလှုပ်ပြီး
တစ်ခုခုပြောတယ်
ဘာ
ဘယ့်နှယ်
ယောင်အော်ရအောင်
ငါကအိပ်ခဲ့လို့လား
ငါရှင်းပြပါတယ် သူတို့ကို
အမေလာသွားတဲ့အကြောင်း
ဒင်းတို့ကမှမယုံတာ
ဒါနဲ့ငါ
မီးမှိတ်ပစ်လိုက်ရတယ်
အဲသည်ညက
ငါငိုတယ်...။ ။
ဒီအချိန်ဆို
ဘွားဟာငါ့ကိုလွမ်းလို့
ငိုနေရောပေါ့
လယ်ကန်သင်းမှာ
ဆံပင်ကိုဆွဲလိမ်ရင်း
အငယ်မ
ပန်းချီဆွဲနေလိမ့်မယ်
မာလကာသီးကို
ပြတင်းဝကဆွတ်ပြီး
အဖေ
လေးစိတ်စိတ်နေလိမ့်မယ်.
ငါကအမေ့ဈေးခြင်းတောင်းကိုစူးစမ်း
ပဲသီးရယ်နံနံပင်ရယ်ကိုကြည့်ပြီး
ကဗျာဖွဲ့ရင်
အမေရယ်မှာအသေအချာပဲ
အမေက
ဘယ်တုန်းကမှ
ငိုခဲ့ဘူးတာမဟုတ်ဘူး
ဒါပေမဲ့ ခု
အမေငိုမှာကို ငါ
အကြောက်ကြီးကြောက်နေတော့တယ်.
ရေခဲမြစ်ရဲ့ညဥ့်လေက
ငါ့အခန်းထဲတွန်းတိုက်ဝင်လာတယ်
ငါ့အရိုးတွေကိုတဂျွတ်ဂျွတ်ချိုးချင်ဟန်တူရဲ့
စာရွက်ကြမ်းပေါ်
ငါလက်မှတ်ဖိထိုးချလိုက်တုန်း
ဘောပင်ပြုတ်ကျသွားတာ
ကြွက်အိုကြီးပေါ်တည့်တည့်.
ဒါနဲ့ပဲ
အိပ်မက်ဆိုးမက်တော့တယ်
ကြွက်အိုကြီးကိုအပြုတ်နှံကြစို့ရဲ့
ကြွေးကြော်သံအဆုံးမှာ
ကြွက်တစ်သိုက်ဟာ
နံရံကိုပြိုင်တူကိုက်လိုက်ကြတယ်
ခလွပ်ခလွပ်...
သြဘာပေးတဲ့အသံပေါ့
အဲဒီနောက်သူတို့
ဒစ်စကိုအက,ကကြတယ်.
ဦးခေါင်းဟာ
နိုးတစ်ဝက်အိပ်တစ်ဝက်တိမ်
ငါ့ဦးနှောက်တွေနားထဲကလွင့်ထွက်သွားလို့
လိုက်ဖမ်းနေရတယ်
လက်ထဲကဘောပင်ကိုတော့ငါမလွှတ်ဘူး
သူကငါပိုင်ဆိုင်တဲ့နောက်ဆုံးသောအရာ.
ငါကျောကိုဒီဘက်လှည့်တော့
အမေရောက်နေတာတွေ့တယ်
မိုးပေါ်ကကျလာသလိုကိုပေါ်လာတာ
သားကြီးအတွက်ပင်လောင်းလက်ဖက်ခြောက်
စွပ်ပြုတ်ပူပူနဲ့ကော်ဖီခါးခါး.
အမေက
ငါ့အရိုးတွေကိုလက်ဖျားနဲ့မတို့မထိဘဲ
ပြန်ဆက်ပေးလိုက်တယ်
ငါ့မှာဖြင့်အံ့သြလိုက်ရတာ
နဂိုကကွဲနေတဲ့
ရင်ဘတ်ဟာ
အခုတော့အကောင်းပကတိ.
အငယ်မကလေ
ငါ့နှာခေါင်းကို
နံနံပင်နဲ့ကလိတယ်
ငါ နှာချေလိုက်တော့
လှိုင်းပုတ်သံတ၀ုန်းဝုန်းကြားရတယ်.
ဘွားကပြောတယ်..
ငါ့မြေးကိုမလုပ်နဲ့
ငါ့မြေးကနုနုနယ်နယ်လေး
သူ့အသားလေးကရွှေလိုဝင်းနေတာတဲ့.
အငယ်မက
ကြိတ်ရယ်တယ်
အဖေက
ရေပုံးယူလာတယ်.
ဟိုကောင်တွေပေါ်လာ
ငါ့ပုခုံးကိုလှုပ်ပြီး
တစ်ခုခုပြောတယ်
ဘာ
ဘယ့်နှယ်
ယောင်အော်ရအောင်
ငါကအိပ်ခဲ့လို့လား
ငါရှင်းပြပါတယ် သူတို့ကို
အမေလာသွားတဲ့အကြောင်း
ဒင်းတို့ကမှမယုံတာ
ဒါနဲ့ငါ
မီးမှိတ်ပစ်လိုက်ရတယ်
အဲသည်ညက
ငါငိုတယ်...။ ။

0 comments:
Post a Comment